ရုရှားရဲ့အသံထက်မြန်တဲ့ဗုံးကြဲလေယာဉ်တစ်စင်း ဆိုက်ဘေးရီးယားဒေသမှာ ပျက်ကျ

 2432

Pika (NP News) - ဩဂုတ် ၁၇

ရုရှားလေတပ်ပိုင် Tupolev Tu-22M3 အသံထက်မြန်သည့်တာဝေးပစ်ဗုံးကြဲလေယာဉ်တစ်စင်းသည် ဆိုက်ဘေးရီးယားဒေသ အရှေ့တောင်ပိုင်းရှိ Irkutsk ဖက်ဒရယ်ခရိုင်တွင် ပျက်ကျခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

အဆိုပါဖြစ်ရပ်သည် ဩဂုတ်လ(၁၅)ရက်နေ့ ည(၁၀)နာရီအချိန်တွင် ပုံမှန်လေ့ကျင့်ပျံသန်းမှုတစ်ခုအတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် လေယာဉ်၏အင်ဂျင်များထဲမှတစ်ခုမှာ မီးလောင်ကျွမ်းသွားခဲ့ပုံပေါ်ကြောင်းလည်း သိရသည်။ အဆိုပါလေယာဉ်အမှုထမ်းများသည် အင်ဂျင်တစ်လုံးမီးလောင်ကျွမ်းသွားသည့်လေယာဉ်ကို အရပ်ဘက်နေရာများနှင့်ဝေးသည့် နေရာတစ်ခုသို့ ထိုးချခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် ထိုင်ခုံနှင့်အတူ ပထမဆုံးကန်ထွက်ခဲ့သော လေယာဉ်မှူး(၃)ဦးကို အသက်ရှင်လျက်တွေ့ရှိခဲ့ပြီး နောက်ဆုံးမှ ထိုင်ခုံနှင့်အတူကန်ထွက်ခဲ့သော လေယာဉ်မှူးသည် ခြေထောက်ကျိုးသွားခဲ့ကြောင်းလည်း သိရသည်။ အမျိုးမျိုးသော ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် လေယာဉ်မှူး(၄)ဦးလုံးကို ဆေးရုံသို့ချက်ချင်းပို့ဆောင်ခဲ့ပြီး ၎င်းတို့အနက်မှတစ်ဦးမှာ ရရှိခဲ့သောဒဏ်ရာများဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းရင်းမြစ်များကို ကိုးကားပြီး Irkutsk ဒေသအုပ်ချုပ်ရေးမှူး အိုင်ဂေါကော့ဇက်ဗ်က ဩဂုတ်လ(၁၆)ရက်နေ့ အစောပိုင်းတွင်ပြောကြားခဲ့သည်။

အိုင်ဂေါကော့ဇက်ဗ်က 'လေယာဉ်မှူးတွေထဲက တစ်ဦးက အသက်မရှင်သန်နိုင်ခဲ့တဲ့အတွက် တကယ်ကိုဝမ်းနည်းမိပါတယ်။ သေဆုံးသွားတဲ့ လေယာဉ် မှူးရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေအတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ဒါကကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါ'ဟု ပြောဆိုခဲ့သည်။ အဆိုပါဖြစ်ရပ်သည် နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုများကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း အစောပိုင်းအစီရင်ခံစာများအရ သိရသည်။ လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းများကို တိတိကျကျသိရှိရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်းလည်းသိရသည်။

zawgyi version
႐ုရွားရဲ႕အသံထက္ျမန္တဲ့ဗုံးႀကဲေလယာဥ္တစ္စင္း ဆိုက္ေဘးရီးယားေဒသမွာ ပ်က္က်
Pika (NP News) - ဩဂုတ္ ၁၇

႐ုရွားေလတပ္ပိုင္ Tupolev Tu-22M3 အသံထက္ျမန္သည့္တာေဝးပစ္ဗုံးႀကဲေလယာဥ္တစ္စင္းသည္ ဆိုက္ေဘးရီးယားေဒသ အေရွ႕ေတာင္ပိုင္းရွိ Irkutsk ဖက္ဒရယ္ခ႐ိုင္တြင္ ပ်က္က်ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက အတည္ျပဳခဲ့သည္။

အဆိုပါျဖစ္ရပ္သည္ ဩဂုတ္လ(၁၅)ရက္ေန႔ ည(၁၀)နာရီအခ်ိန္တြင္ ပုံမွန္ေလ့က်င့္ပ်ံသန္းမႈတစ္ခုအတြင္းျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး နည္းပညာပိုင္းဆိုင္ရာခ်ိဳ႕ယြင္းမႈေၾကာင့္ ေလယာဥ္၏အင္ဂ်င္မ်ားထဲမွတစ္ခုမွာ မီးေလာင္ကြၽမ္းသြားခဲ့ပုံေပၚေၾကာင္းလည္း သိရသည္။ အဆိုပါေလယာဥ္အမႈထမ္းမ်ားသည္ အင္ဂ်င္တစ္လုံးမီးေလာင္ကြၽမ္းသြားသည့္ေလယာဥ္ကို အရပ္ဘက္ေနရာမ်ားႏွင့္ေဝးသည့္ ေနရာတစ္ခုသို႔ ထိုးခ်ခဲ့ေၾကာင္းလည္း သိရသည္။

ထို႔ျပင္ ထိုင္ခုံႏွင့္အတူ ပထမဆုံးကန္ထြက္ခဲ့ေသာ ေလယာဥ္မႉး(၃)ဦးကို အသက္ရွင္လ်က္ေတြ႕ရွိခဲ့ၿပီး ေနာက္ဆုံးမွ ထိုင္ခုံႏွင့္အတူကန္ထြက္ခဲ့ေသာ ေလယာဥ္မႉးသည္ ေျခေထာက္က်ိဳးသြားခဲ့ေၾကာင္းလည္း သိရသည္။ အမ်ိဳးမ်ိဳးေသာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သည့္ ေလယာဥ္မႉး(၄)ဦးလုံးကို ေဆး႐ုံသို႔ခ်က္ခ်င္းပို႔ေဆာင္ခဲ့ၿပီး ၎တို႔အနက္မွတစ္ဦးမွာ ရရွိခဲ့ေသာဒဏ္ရာမ်ားျဖင့္ ေဆး႐ုံတြင္ ေသဆုံးသြားခဲ့ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာန၏ သတင္းရင္းျမစ္မ်ားကို ကိုးကားၿပီး Irkutsk ေဒသအုပ္ခ်ဳပ္ေရးမႉး အိုင္ေဂါေကာ့ဇက္ဗ္က ဩဂုတ္လ(၁၆)ရက္ေန႔ အေစာပိုင္းတြင္ေျပာၾကားခဲ့သည္။

အိုင္ေဂါေကာ့ဇက္ဗ္က 'ေလယာဥ္မႉးေတြထဲက တစ္ဦးက အသက္မရွင္သန္ႏိုင္ခဲ့တဲ့အတြက္ တကယ္ကိုဝမ္းနည္းမိပါတယ္။ ေသဆုံးသြားတဲ့ ေလယာဥ္ မႉးရဲ႕ မိသားစုဝင္ေတြနဲ႔ သူငယ္ခ်င္းေတြအတြက္ တကယ္ကို စိတ္မေကာင္းျဖစ္မိပါတယ္။ ဒါကႀကီးမားတဲ့ဆုံးရႈံးမႈတစ္ခုပါ'ဟု ေျပာဆိုခဲ့သည္။ အဆိုပါျဖစ္ရပ္သည္ နည္းပညာပိုင္းဆိုင္ရာခ်ိဳ႕ယြင္းမႈမ်ားေၾကာင့္ ျဖစ္ပြားခဲ့ျခင္းျဖစ္ႏိုင္ဖြယ္ရွိေၾကာင္း အေစာပိုင္းအစီရင္ခံစာမ်ားအရ သိရသည္။ ေလယာဥ္ပ်က္က်ရသည့္ အေၾကာင္းအရင္းမ်ားကို တိတိက်က်သိရွိရန္အတြက္ ကာကြယ္ေရးဝန္ႀကီးဌာနက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.