ဟားမတ်စ်ကို ဖျက်ဆီးရုံကလွဲလို့ အစ္စရေးမှာ အခြားလမ်းကြောင်း မရှိတော့ဟု အမေရိကန်အစိုးရ ပြော

 3490

ALynn (NP News) - ဩဂုတ် ၁၇

အစ္စရေးသည် ဟားမတ်စ်ကို ဆက်လက်တိုက်ခိုက်နေပါက ဂါဇာရှိ ၎င်း၏ အဓိကရည်ရွယ်ချက် ပန်းတိုင်များထဲမှ တစ်စုံတစ်ရာကိုတောင် အောင်မြင်ဖို့ ခဲယဉ်းနိုင်မည်ဟု အမေရိကန်အစိုးရက ထုတ်ဖော်ပြောကြားခဲ့ကြောင်း New York Times က ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၁၄ ရက်)တွင် ဖော်ပြခဲ့သည်။

ဂျိုးဘိုင်ဒန်အစိုးရက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအား အပစ်အခတ်ရပ်စဲရေးကို လက်ခံဖို့ ကြိုးပမ်းနေပြီး ပြီးခဲ့သည့်အောက်တိုဘာလ အတွင်းက ပါလက်စတိုင်းစစ်သွေးကြွများ နိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်လာစဉ် ဖမ်းဆီးထားသော ဓားစာခံများ ပြန်လည်လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေသည်။

အစ္စရေးခေါင်းဆောင်အား အမေရိကန်အဆိုပြုထားသည့် သဘောတူညီချက်ကို လက်သင့်မခံရန် ၎င်း၏အစိုးရအဖွဲ့မှ လက်ယာယိမ်းအဖွဲ့ဝင်များထံမှ ဖိအားပေးခြင်းခံနေရသည်။ ဟားမတ်စ်အဖွဲ့၏ အောက်တိုဘာလ စီးနင်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ချေမှုန်းပစ်ဖို့ ဂါဇာကမ်းမြောင် ဒေသရှိ ဟားမတ်စ်တို့အား ချေမှုန်းပစ်ရန် အစ္စရေးအစိုးရက ကျုံးဝါးခဲ့သည်။
CIA ဒါရိုက်တာ William Burns၊ ဘိုင်ဒန်၏ အရှေ့အလယ်ပိုင်း ညှိနှိုင်းရေးမှူး Brett McGurk နှင့် အိမ်ဖြူတော် အကြီးတန်း အကြံပေး Amos Hochstein တို့အပါအဝင် အကြီးတန်း အမေရိကန်အရာရှိများသည် ယခု သီတင်းပတ်အတွင်း အရှေ့အလယ်ပိုင်းသို့ လာရောက်ခဲ့ကြသည်။

၎င်းတို့၏တာဝန်များထဲမှ တစ်ခုသည် ဝါရှင်တန်၏သဘောထားကို ဒေသတွင်း သက်ဆိုင်သူများထံ မျှဝေရန်ဖြစ်ကြောင်း New York Times က ဖော် ပြခဲ့သည်။ ဟားမတ်စ်တပ်ဖွဲ့များသည် ဖိအားများကြားမှ ပြန်လည်စုဖွဲ့နိုင်သဖြင့် မကြာသေးမီက အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးကို အမေရိကန်မှ လေ့လာသုံးသပ်သူများက “Whac-a-Mole ဗျူဟာတစ်ခု”အဖြစ် မြင်ကြသည်။

နေတန်ယာဟု အစိုးရအဖွဲ့မှ သဘောထားတင်းမာသူများသည် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို လူသိရှင်ကြားပယ်ချခဲ့ပြီး အစ္စရေးသည် ပါလက်စတိုင်းနယ်မြေကို ပိတ်ဆို့ထားမည့်အစား တိုက်ပွဲများကို အရှိန်မြှင့်သင့်သည်ဟု ပြောဆိုခဲ့သည်။ “သူတို့ရဲ့လောင်စာတွေကို ဖြတ်လိုက်ရင် တစ်ပတ်အတွင်း သူတို့ ဒူးထောက်သွားလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့ အထောက်အပံ့ ထရပ်ကားတွေကို ရပ်လိုက်ရင် နှစ်ပတ်အတွင်း သူတို့ ဒူးထောက်သွားမှာပါ”ဟု အမျိုးသား လုံခြုံရေးဝန်ကြီး Itamar Ben-Gvir က ယခုသီတင်းပတ် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

zawgyi version
ဟားမတ္စ္ကို ဖ်က္ဆီး႐ုံကလြဲလို႔ အစၥေရးမွာ အျခားလမ္းေၾကာင္း မရွိေတာ့ဟု အေမရိကန္ အစိုးရ ေျပာ
ALynn (NP News) - ဩဂုတ္ ၁၇

အစၥေရးသည္ ဟားမတ္စ္ကို ဆက္လက္တိုက္ခိုက္ေနပါက ဂါဇာရွိ ၎၏ အဓိကရည္႐ြယ္ခ်က္ ပန္းတိုင္မ်ားထဲမွ တစ္စုံတစ္ရာကိုေတာင္ ေအာင္ျမင္ဖို႔ ခဲယဥ္းႏိုင္မည္ဟု အေမရိကန္အစိုးရက ထုတ္ေဖာ္ေျပာၾကားခဲ့ေၾကာင္း New York Times က ဗုဒၶဟူးေန႔ (ဩဂုတ္လ ၁၄ ရက္)တြင္ ေဖာ္ျပခဲ့သည္။

ဂ်ိဳးဘိုင္ဒန္အစိုးရက အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟုအား အပစ္အခတ္ရပ္စဲေရးကို လက္ခံဖို႔ ႀကိဳးပမ္းေနၿပီး ၿပီးခဲ့သည့္ေအာက္တိုဘာလ အတြင္းက ပါလက္စတိုင္းစစ္ေသြးႂကြမ်ား ႏိုင္ငံတြင္းသို႔ က်ဴးေက်ာ္ဝင္ေရာက္လာစဥ္ ဖမ္းဆီးထားေသာ ဓားစာခံမ်ား ျပန္လည္လြတ္ေျမာက္ေရးအတြက္ ႀကိဳးပမ္းေနသည္။

အစၥေရးေခါင္းေဆာင္အား အေမရိကန္အဆိုျပဳထားသည့္ သေဘာတူညီခ်က္ကို လက္သင့္မခံရန္ ၎၏အစိုးရအဖြဲ႕မွ လက္ယာယိမ္းအဖြဲ႕ဝင္မ်ားထံမွ ဖိအားေပးျခင္းခံေနရသည္။ ဟားမတ္စ္အဖြဲ႕၏ ေအာက္တိုဘာလ စီးနင္းတိုက္ခိုက္မႈကို တုံ႔ျပန္သည့္အေနျဖင့္ ေခ်မႈန္းပစ္ဖို႔ ဂါဇာကမ္းေျမာင္ ေဒသရွိ ဟားမတ္စ္တို႔အား ေခ်မႈန္းပစ္ရန္ အစၥေရးအစိုးရက က်ဳံးဝါးခဲ့သည္။
CIA ဒါ႐ိုက္တာ William Burns၊ ဘိုင္ဒန္၏ အေရွ႕အလယ္ပိုင္း ညႇိႏႈိင္းေရးမႉး Brett McGurk ႏွင့္ အိမ္ျဖဴေတာ္ အႀကီးတန္း အႀကံေပး Amos Hochstein တို႔အပါအဝင္ အႀကီးတန္း အေမရိကန္အရာရွိမ်ားသည္ ယခု သီတင္းပတ္အတြင္း အေရွ႕အလယ္ပိုင္းသို႔ လာေရာက္ခဲ့ၾကသည္။

၎တို႔၏တာဝန္မ်ားထဲမွ တစ္ခုသည္ ဝါရွင္တန္၏သေဘာထားကို ေဒသတြင္း သက္ဆိုင္သူမ်ားထံ မွ်ေဝရန္ျဖစ္ေၾကာင္း New York Times က ေဖာ္ ျပခဲ့သည္။ ဟားမတ္စ္တပ္ဖြဲ႕မ်ားသည္ ဖိအားမ်ားၾကားမွ ျပန္လည္စုဖြဲ႕ႏိုင္သျဖင့္ မၾကာေသးမီက အစၥေရးစစ္တပ္၏ စစ္ဆင္ေရးကို အေမရိကန္မွ ေလ့လာသုံးသပ္သူမ်ားက “Whac-a-Mole ဗ်ဴဟာတစ္ခု”အျဖစ္ ျမင္ၾကသည္။

ေနတန္ယာဟု အစိုးရအဖြဲ႕မွ သေဘာထားတင္းမာသူမ်ားသည္ အပစ္အခတ္ရပ္စဲေရး အဆိုျပဳခ်က္ကို လူသိရွင္ၾကားပယ္ခ်ခဲ့ၿပီး အစၥေရးသည္ ပါလက္စတိုင္းနယ္ေျမကို ပိတ္ဆို႔ထားမည့္အစား တိုက္ပြဲမ်ားကို အရွိန္ျမႇင့္သင့္သည္ဟု ေျပာဆိုခဲ့သည္။ “သူတို႔ရဲ႕ေလာင္စာေတြကို ျဖတ္လိုက္ရင္ တစ္ပတ္အတြင္း သူတို႔ ဒူးေထာက္သြားလိမ့္မယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ အေထာက္အပံ့ ထရပ္ကားေတြကို ရပ္လိုက္ရင္ ႏွစ္ပတ္အတြင္း သူတို႔ ဒူးေထာက္သြားမွာပါ”ဟု အမ်ိဳးသား လုံၿခဳံေရးဝန္ႀကီး Itamar Ben-Gvir က ယခုသီတင္းပတ္ အင္တာဗ်ဴးတစ္ခုတြင္ ေျပာၾကားခဲ့သည္။

Picture

09425296423

18/08/2024 02:41

ခေါင်းစဥ် နဲ့ အောက်ကအကြောင်းအရာက တလွဲတွေလေ နည်းနည်းပါးပါးလည်း ကိုယ့်စာကိုပြန်ဖတ်ပြန်စစ်ပြီးမှ တင်ပါဟ။ ပြီးစလွယ်၊ ပေါ့ပျက်ပျက် လုပ်တာတွေ တော်တော်များတာပဲ။ ဒါတွေဟာ ကိုယ်နဲ့ကိုယ့်သတင်းဌာနကို မနာလိုသူတွေ၊ ဝေဖန်တိုက်ခိုက်ချင်သူတွေအတွက် အကြိုက်ဖြစ်ပြီး ကိုကျော်မျိုးမင်း နဲ့ NP new ကိုလည်း ပြောချင်စရာ ဖြစ်စေတယ်ဆိုတာ သိကြပါဟ။ စေတနာနဲ့ပြောတာနော် ဆရာကြီးလုပ်တာ မဟုတ်ပါဘူး နားလည်လိမ့်မယ်လို့ ထင်ပါတယ်ဗျာ။

Related news

© 2021. All rights reserved.