ရန်ကုန်မြို့အိမ်ငှားဈေးကွက်တွင် ပေါက်ဈေးထက်ပိုပေးကာ နှစ်ချုပ်ဖြင့် ငှားရမ်းခြင်းများရှိလာနေ
4775
သန့်ဇင် (NP News) - ဩဂုတ် ၁၇
ရန်ကုန်မြို့အိမ်ငှားဈေးကွက်တွင် ပေါက်ဈေးထက်ပိုပေးကာ နှစ်ချုပ်ဖြင့် ငှားရမ်းခြင်းများရှိလာနေကြောင်း NP News က စုံစမ်းမေးမြန်းထားချက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသောတိုက်ပွားများကြောင့် တိုက်ပွဲမဖြစ်ပွားသေးသည့် မြို့နယ်အချို့မှနေထိုင်သူများသည် စိုးရိမ်စိတ်ဖြင့် ရန်ကုန်မြို့သို့ ယာယီပြောင်းရွှေ့နေထိုင်ခြင်းများရှိလာနေပြီး ဝါတွင်းကာလဖြစ်သော်လည်း အိမ်အငှားဈေးကွက် တွင်ကျယ်နေကြောင်း သိရသည်။
“ပြောရရင်တော့ လက်ရှိအခြေအနေမှာ လားရှိုးက ရှမ်းတရုတ်သူဋ္ဌေးတွေက မန္တလေးကို ပြောင်းကြတယ်။ မန္တလေးက လူတွေကလည်း စိုးရိမ်စိတ်နဲ့ ရန်ကုန်ကိုပြောင်းလာတော့ အိမ်ငှားတွေ တိုးလာကြတာပေါ့။ တချို့က ဆက်တီခုံတွေနဲ့ အသုံးအဆောင်တွေပါအကုန်တင်ပြီး ငှားကြတာ။ ငှားရင်လည်း တစ်လ၊ နှစ်လငှားတာမဟုတ်ဘူးဗျ။ နှစ်ချုပ်ငှားလာကြတာမျိုးတွေလည်းရှိလာတယ်”ဟု ရန်ကုန်မြို့အိမ်အငှားဈေးကွက်ကို ထဲထဲဝင်ဝင်သိရှိသူတစ်ဦးက NP News ကိုပြောသည်။
ထို့ပြင် နေအိမ်၊ တိုက်ခန်းငှားရမ်းသူများအနေဖြင့် ရန်ကုန်မြို့တွင် လက်ရှိဖြစ်ပေါ်နေသော အိမ်ငှားခဈေးထက် အဆမတန်ပိုပေးကာ ငှားရမ်းခြင်းမျိုးလည်းရှိနေကြောင်း သိရသည်။ “လာငှားကြရင်လည်း တစ်ခါတည်း ကျပ် ၃ သိန်းပေးရမယ့် တိုက်ခန်းဆို ကျပ် ၅ သိန်း၊ ကျပ် ၅ သိန်းပေးရတဲ့ တိုက်ခန်းကို ကျပ် ၁၀ သိန်း ပစ်ပေးပြီး ငှားလာတာမျိုးတွေလည်းမြင်နေရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်မြို့၏ အိမ်ငှားရမ်းခနှုန်းထားများမြင့်တက်နေပြီး (၆)လချုပ်အထိပင် အိမ်ငှားစာချုပ် ချုပ်ဆိုရန် အိမ်ရှင်များဘက်မှ တောင်းဆိုမှုများရှိလာကြောင်းလည်း သိရသည်။ “ပုဇွန်တောင်ကတိုက်ခန်းတွေဆို ၆ လွှာကို ကျပ်၂သိန်း ၈သောင်း၊ ၃လချုပ်မရတော့ဘူး။ ၆လချုပ်ဖြစ်သွားပြီ။ ရွှေပြည်သာ၊ လှိုင်သာယာဘက်က အဆောင်တွေက အရင်က ကျပ် ၄ သောင်းလောက်ရှိတာကို အခုက ကျပ် ၅သောင်း၊ ၆သောင်းကနေ ၈သောင်းလောက်ထိရှိသွားပြီ”ဟု အဆောင်ငှားရမ်းနေထိုင်သူ တစ်ဦးထံမှ ဆိုသည်။
ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့်အတူ အိမ်ခန်းငှားခဈေးနှုန်းများလည်း တက်လာသည့်အတွက် ဈေးသက်သာသောနေရာများရှာဖွေကာ ပြောင်းရွှေ့နေထိုင်မှုများရှိလာကြောင်းလည်း သိရသည်။
zawgyi version
ရန္ကုန္ၿမိဳ႕အိမ္ငွားေဈးကြက္တြင္ ေပါက္ေဈးထက္ပိုေပးကာ ႏွစ္ခ်ဳပ္ျဖင့္ ငွားရမ္းျခင္းမ်ားရွိလာေန
သန႔္ဇင္ (NP News) - ဩဂုတ္ ၁၇
ရန္ကုန္ၿမိဳ႕အိမ္ငွားေဈးကြက္တြင္ ေပါက္ေဈးထက္ပိုေပးကာ ႏွစ္ခ်ဳပ္ျဖင့္ ငွားရမ္းျခင္းမ်ားရွိလာေနေၾကာင္း NP News က စုံစမ္းေမးျမန္းထားခ်က္မ်ားအရ သိရသည္။
ျမန္မာႏိုင္ငံတြင္ လတ္တေလာျဖစ္ပြားေနေသာတိုက္ပြားမ်ားေၾကာင့္ တိုက္ပြဲမျဖစ္ပြားေသးသည့္ ၿမိဳ႕နယ္အခ်ိဳ႕မွေနထိုင္သူမ်ားသည္ စိုးရိမ္စိတ္ျဖင့္ ရန္ကုန္ၿမိဳ႕သို႔ ယာယီေျပာင္းေ႐ႊ႕ေနထိုင္ျခင္းမ်ားရွိလာေနၿပီး ဝါတြင္းကာလျဖစ္ေသာ္လည္း အိမ္အငွားေဈးကြက္ တြင္က်ယ္ေနေၾကာင္း သိရသည္။
“ေျပာရရင္ေတာ့ လက္ရွိအေျခအေနမွာ လားရႈိးက ရွမ္းတ႐ုတ္သူေ႒းေတြက မႏၲေလးကို ေျပာင္းၾကတယ္။ မႏၲေလးက လူေတြကလည္း စိုးရိမ္စိတ္နဲ႔ ရန္ကုန္ကိုေျပာင္းလာေတာ့ အိမ္ငွားေတြ တိုးလာၾကတာေပါ့။ တခ်ိဳ႕က ဆက္တီခုံေတြနဲ႔ အသုံးအေဆာင္ေတြပါအကုန္တင္ၿပီး ငွားၾကတာ။ ငွားရင္လည္း တစ္လ၊ ႏွစ္လငွားတာမဟုတ္ဘူးဗ်။ ႏွစ္ခ်ဳပ္ငွားလာၾကတာမ်ိဳးေတြလည္းရွိလာတယ္”ဟု ရန္ကုန္ၿမိဳ႕အိမ္အငွားေဈးကြက္ကို ထဲထဲဝင္ဝင္သိရွိသူတစ္ဦးက NP News ကိုေျပာသည္။
ထို႔ျပင္ ေနအိမ္၊ တိုက္ခန္းငွားရမ္းသူမ်ားအေနျဖင့္ ရန္ကုန္ၿမိဳ႕တြင္ လက္ရွိျဖစ္ေပၚေနေသာ အိမ္ငွားခေဈးထက္ အဆမတန္ပိုေပးကာ ငွားရမ္းျခင္းမ်ိဳးလည္းရွိေနေၾကာင္း သိရသည္။ “လာငွားၾကရင္လည္း တစ္ခါတည္း က်ပ္ ၃ သိန္းေပးရမယ့္ တိုက္ခန္းဆို က်ပ္ ၅ သိန္း၊ က်ပ္ ၅ သိန္းေပးရတဲ့ တိုက္ခန္းကို က်ပ္ ၁၀ သိန္း ပစ္ေပးၿပီး ငွားလာတာမ်ိဳးေတြလည္းျမင္ေနရတယ္”ဟု ၎က ဆက္လက္ေျပာသည္။
ရန္ကုန္ၿမိဳ႕၏ အိမ္ငွားရမ္းခႏႈန္းထားမ်ားျမင့္တက္ေနၿပီး (၆)လခ်ဳပ္အထိပင္ အိမ္ငွားစာခ်ဳပ္ ခ်ဳပ္ဆိုရန္ အိမ္ရွင္မ်ားဘက္မွ ေတာင္းဆိုမႈမ်ားရွိလာေၾကာင္းလည္း သိရသည္။ “ပုဇြန္ေတာင္ကတိုက္ခန္းေတြဆို ၆ လႊာကို က်ပ္၂သိန္း ၈ေသာင္း၊ ၃လခ်ဳပ္မရေတာ့ဘူး။ ၆လခ်ဳပ္ျဖစ္သြားၿပီ။ ေ႐ႊျပည္သာ၊ လႈိင္သာယာဘက္က အေဆာင္ေတြက အရင္က က်ပ္ ၄ ေသာင္းေလာက္ရွိတာကို အခုက က်ပ္ ၅ေသာင္း၊ ၆ေသာင္းကေန ၈ေသာင္းေလာက္ထိရွိသြားၿပီ”ဟု အေဆာင္ငွားရမ္းေနထိုင္သူ တစ္ဦးထံမွ ဆိုသည္။
ကုန္ေဈးႏႈန္းႀကီးျမင့္ျခင္းႏွင့္အတူ အိမ္ခန္းငွားခေဈးႏႈန္းမ်ားလည္း တက္လာသည့္အတြက္ ေဈးသက္သာေသာေနရာမ်ားရွာေဖြကာ ေျပာင္းေ႐ႊ႕ေနထိုင္မႈမ်ားရွိလာေၾကာင္းလည္း သိရသည္။