သမိုင်းဝင်လုံခြုံရေး၊ စစ်ရေးသဘောတူညီချက်ကို တူရကီနဲ့အီရတ်တို့ လက်မှတ်ရေးထိုး

 339

Pika (NP News) - ဩဂုတ် ၁၇

တူရကီနှင့်အီရတ်နိုင်ငံတို့၏ ကာကွယ်ရေးဝန်ကြီးများသည် လုံခြုံရေး၊ စစ်ရေး နှင့် အကြမ်းဖက်မှုတုံ့ပြန်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU)ကို လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်နိုင်ငံကြားဆက်ဆံရေးတွင် သိသာထင်ရှားသော တိုးတက်မှုကို အသိအမှတ်ပြုခဲ့ကြကြောင်းသိရသည်။

တူရကီ နှင့် အီရတ်တို့၏ ကာကွယ်ရေးဝန်ကြီးများသည် အဆိုပါနားလည်မှုစာချွန်လွှာကို ဩဂုတ်လ(၁၆)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ် ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်က ပြောကြားခဲ့သည်။အဆိုပါနားလည်မှုစာချွန်လွှာကို Türkiye-Iraq High-Level Security Mechanism (၄)ကြိမ်မြောက်အစည်းအဝေးအပြီးတွင် တူရကီနိုင်ငံ အန်ကာရာမြို့၌ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။ တူရကီနှင့် အီရတ်တို့သည် ၎င်းတို့၏ခေါင်းဆောင်များ၏ ဆန္ဒကိုဖြည့်ဆည်းရန်အတွက် သိသာထင်ရှားသော တိုးတက်မှုများကို လုပ်ဆောင်နိုင်ခဲ့ကြောင်း ဟာကန်ဖီဒန်က ပြောကြားခဲ့သည်။

အဆိုပါလက်မှတ်ရေးထိုးမှုသည် အီရတ်ရှိ အကြမ်းဖက်အဖွဲ့ PKK ၏ အကြောင်းကို ပိုမိုသိရှိလာစေမည်ဖြစ်ကြောင်း ဟာကန်ဖီဒန်က ပြောကြားခဲ့သည်။ တူရကီနှင့်အီရတ်တို့သည် ယင်းနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးရန်အတွက် အချိန်အတော်ကြာဆွေးနွေးခဲ့ရကြောင်းလည်း သိရသည်။ တူရကီ နှင့် အီရတ်တို့ကြား လက်မှတ်ရေးထိုးခဲ့သော အဆိုပါနား လည်မှုစာချွန်လွှာသည် နှစ်နိုင်ငံသမိုင်းတွင် ပထမဆုံးဖြစ်ကြောင်း အီရတ်နိုင်ငံခြားရေးဝန်ကြီးဖူဟတ်ဟူစိန်က ပြောကြားခဲ့သည်။ အကြမ်းဖက်အဖွဲ့ PKK သည် အီရတ်တွင် တားမြစ်ပိတ်ပင်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အကြမ်းဖက်မှုများက အီရတ်လူ့အဖွဲ့အစည်းကိုလည်း ခြိမ်းခြောက်နေကြောင်း ဖူဟတ်ဟူစိန်က ပြောကြားခဲ့သည်။

ထို့ပြင် တူရကီ နှင့် အီရတ်တို့သည် ဘဂ္ဂဒတ်မြို့တွင် ပူးတွဲလုံခြုံရေးညှိနှိုင်းဆောင်ရွက်မှုစင်တာတစ်ခု နှင့် အကြမ်းဖက်မှုကို တိုက်ဖျက်ရန်အတွက် မြို့ပြဧရိယာဘာရှီကာတွင် ပူးတွဲလေ့ကျင့်ရေး နှင့် ပူးပေါင်းဆောင်ရွက်မှုစင်တာတစ်ခုကို တည်ထောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါစင်တာများအားလုံးသည် အကြမ်းဖက်မှုကို တိုက်ဖျက်ရာတွင် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်စေနိုင်မည်ဖြစ်ကြောင်း တူရကီသံတမန်သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ထို့ပြင် ဂါဇာအရေးနှင့်ပတ်သက်ပြီး တူရကီနှင့်အီရတ်တို့တွင် အပြည့်အဝသဘောတူညီချက်များရှိကြောင်းလည်း ဟာကန်ဖီဒန်ကပြောကြားခဲ့သည်။

zawgyi version
သမိုင္းဝင္လုံၿခဳံေရး၊ စစ္ေရးသေဘာတူညီခ်က္ကို တူရကီနဲ႔အီရတ္တို႔ လက္မွတ္ေရးထိုး
Pika (NP News) - ဩဂုတ္ ၁၇

တူရကီႏွင့္အီရတ္ႏိုင္ငံတို႔၏ ကာကြယ္ေရးဝန္ႀကီးမ်ားသည္ လုံၿခဳံေရး၊ စစ္ေရး ႏွင့္ အၾကမ္းဖက္မႈတုံ႔ျပန္ေရး ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ နားလည္မႈစာခြၽန္လႊာ(MoU)ကို လက္မွတ္ေရးထိုးခဲ့ၾကၿပီး ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးတြင္ သိသာထင္ရွားေသာ တိုးတက္မႈကို အသိအမွတ္ျပဳခဲ့ၾကေၾကာင္းသိရသည္။

တူရကီ ႏွင့္ အီရတ္တို႔၏ ကာကြယ္ေရးဝန္ႀကီးမ်ားသည္ အဆိုပါနားလည္မႈစာခြၽန္လႊာကို ဩဂုတ္လ(၁၆)ရက္ေန႔တြင္ လက္မွတ္ေရးထိုးခဲ့ၾကျခင္းျဖစ္ ေၾကာင္း တူရကီႏိုင္ငံျခားေရးဝန္ႀကီး ဟာကန္ဖီဒန္က ေျပာၾကားခဲ့သည္။အဆိုပါနားလည္မႈစာခြၽန္လႊာကို Türkiye-Iraq High-Level Security Mechanism (၄)ႀကိမ္ေျမာက္အစည္းအေဝးအၿပီးတြင္ တူရကီႏိုင္ငံ အန္ကာရာၿမိဳ႕၌ လက္မွတ္ေရးထိုးခဲ့ၾကျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ တူရကီႏွင့္ အီရတ္တို႔သည္ ၎တို႔၏ေခါင္းေဆာင္မ်ား၏ ဆႏၵကိုျဖည့္ဆည္းရန္အတြက္ သိသာထင္ရွားေသာ တိုးတက္မႈမ်ားကို လုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္း ဟာကန္ဖီဒန္က ေျပာၾကားခဲ့သည္။

အဆိုပါလက္မွတ္ေရးထိုးမႈသည္ အီရတ္ရွိ အၾကမ္းဖက္အဖြဲ႕ PKK ၏ အေၾကာင္းကို ပိုမိုသိရွိလာေစမည္ျဖစ္ေၾကာင္း ဟာကန္ဖီဒန္က ေျပာၾကားခဲ့သည္။ တူရကီႏွင့္အီရတ္တို႔သည္ ယင္းနားလည္မႈစာခြၽန္လႊာကို လက္မွတ္ေရးထိုးရန္အတြက္ အခ်ိန္အေတာ္ၾကာေဆြးေႏြးခဲ့ရေၾကာင္းလည္း သိရသည္။ တူရကီ ႏွင့္ အီရတ္တို႔ၾကား လက္မွတ္ေရးထိုးခဲ့ေသာ အဆိုပါနား လည္မႈစာခြၽန္လႊာသည္ ႏွစ္ႏိုင္ငံသမိုင္းတြင္ ပထမဆုံးျဖစ္ေၾကာင္း အီရတ္ႏိုင္ငံျခားေရးဝန္ႀကီးဖူဟတ္ဟူစိန္က ေျပာၾကားခဲ့သည္။ အၾကမ္းဖက္အဖြဲ႕ PKK သည္ အီရတ္တြင္ တားျမစ္ပိတ္ပင္ထားေသာ အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး အၾကမ္းဖက္မႈမ်ားက အီရတ္လူ႔အဖြဲ႕အစည္းကိုလည္း ၿခိမ္းေျခာက္ေနေၾကာင္း ဖူဟတ္ဟူစိန္က ေျပာၾကားခဲ့သည္။

ထို႔ျပင္ တူရကီ ႏွင့္ အီရတ္တို႔သည္ ဘဂၢဒတ္ၿမိဳ႕တြင္ ပူးတြဲလုံၿခဳံေရးညႇိႏႈိင္းေဆာင္႐ြက္မႈစင္တာတစ္ခု ႏွင့္ အၾကမ္းဖက္မႈကို တိုက္ဖ်က္ရန္အတြက္ ၿမိဳ႕ျပဧရိယာဘာရွီကာတြင္ ပူးတြဲေလ့က်င့္ေရး ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈစင္တာတစ္ခုကို တည္ေထာင္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။ အဆိုပါစင္တာမ်ားအားလုံးသည္ အၾကမ္းဖက္မႈကို တိုက္ဖ်က္ရာတြင္ ႏွစ္ႏိုင္ငံၾကားပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုလုပ္ေဆာင္ေစႏိုင္မည္ျဖစ္ေၾကာင္း တူရကီသံတမန္သတင္းရင္းျမစ္မ်ားက ေျပာၾကားခဲ့သည္။ ထို႔ျပင္ ဂါဇာအေရးႏွင့္ပတ္သက္ၿပီး တူရကီႏွင့္အီရတ္တို႔တြင္ အျပည့္အဝသေဘာတူညီခ်က္မ်ားရွိေၾကာင္းလည္း ဟာကန္ဖီဒန္ကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.