အာဖရိကမှာ ကူးစက်ပျံ့နှံ့နေတဲ့မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားမယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနပြော

 809

ရောင်နီ (NP News) သြဂုတ် ၁၇

အာဖရိကတိုက်ရဲ့အစိတ်အပိုင်းအချို့မှာ ကူးစက်ပျံ့နှံ့ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ကြိုတင်ကာကွယ်မှုအစီအမံတွေ ပြုလုပ်ထားမယ်လို့ ပြောကြားခဲ့ပါတယ်။

"အာဖရိကအလယ်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ပိုမိုပြင်းထန်တဲ့ mpox Clade I ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ ရှိနေပြီး လက်ရှိ အာဖရိကတိုက်ထဲမှာပဲ ကူးစက်မှုတွေ ရှိနေပေမယ့် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားဖို့ လိုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန (MOH) က သြဂုတ်လ (၁၅)ရက်မှာ ပြောကြားခဲ့ပါတယ်။ ဒီနေ့အထိ၊ စင်ကာပူမှာ တွေ့ရှိဖူးတဲ့ မျောက်ကျောက်ရောဂါကူးစက်မှုအားလုံးဟာ အပျော့စား Clade II ကူးစက်မှုတွေသာဖြစ်ပါတယ်။ အခု ပိုမိုပြင်းထန်တဲ့ Clade I ကူးစက်ပျံ့နှံ့မှုကြောင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ယခုနှစ် အစပိုင်းမှစ ကူးစက်သူ ၁၅,၆၀၀ ကျော်၊ သေဆုံးသူ ၅၄၈ ဦးထိ ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီကူးစက်မှုဟာ စင်ကာပူကိုရောက်လာဖို့ ကြာဦးမှာဖြစ်ပေမယ့် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ပြည်ပခရီးသွားတွေအားလုံး ဖျားနာခြင်း (သို့မဟုတ်) အဖုထွက်ခြင်းလို မျောက်ကျောက်နဲ့ပတ်သက်တဲ့ရောဂါလက္ခဏာတွေ ရှိလာခဲ့ရင် SG Arrival Card မှတဆင့် အစီရင်ခံတင်ပြဖို့ လိုအပ်ပြီး သံသယရှိ Clade I လူနာတွေကို ဆေးရုံတွေမှာ သီးခြားခွဲထားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အတည်ပြု လူနာတွေနဲ့ အနီးကပ် အဆက်အသွယ်တွေကိုလည်း နောက်ဆုံးထိတွေ့တဲ့နေ့မှ ၂၁ ရက်ကြာတဲ့အထိ သီးသန့်ခွဲထားပြီး စောင့်ကြည့်သွားမယ်လို့ MOH မှ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Zawgyi Version;
အာဖရိကမွာ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ေမ်ာက္ေက်ာက္ေရာဂါကို ကာကြယ္ႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ထားမယ္လို႔ စင္ကာပူက်န္းမာေရးဝန္ႀကီးဌာနေျပာ
ေရာင္နီ (NP News) ၾသဂုတ္ ၁၇

အာဖရိကတိုက္ရဲ႕အစိတ္အပိုင္းအခ်ိဳ႕မွာ ကူးစက္ပ်ံ႕ႏွံ႔ျဖစ္ပြားေနတဲ့ ေမ်ာက္ေက်ာက္ေရာဂါနဲ႔ပတ္သက္ၿပီး စင္ကာပူ က်န္းမာေရးဝန္ႀကီးဌာနက ႀကိဳတင္ကာကြယ္မႈအစီအမံေတြ ျပဳလုပ္ထားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

"အာဖရိကအလယ္ပိုင္းနဲ႔ အေရွ႕အလယ္ပိုင္းေဒသေတြမွာ ပိုမိုျပင္းထန္တဲ့ mpox Clade I ဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈေတြ ရွိေနၿပီး လက္ရွိ အာဖရိကတိုက္ထဲမွာပဲ ကူးစက္မႈေတြ ရွိေနေပမယ့္ ႀကိဳတင္ျပင္ဆင္မႈေတြျပဳလုပ္ထားဖို႔ လိုတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန (MOH) က ၾသဂုတ္လ (၁၅)ရက္မွာ ေျပာၾကားခဲ့ပါတယ္။ ဒီေန႔အထိ၊ စင္ကာပူမွာ ေတြ႕ရွိဖူးတဲ့ ေမ်ာက္ေက်ာက္ေရာဂါကူးစက္မႈအားလုံးဟာ အေပ်ာ့စား Clade II ကူးစက္မႈေတြသာျဖစ္ပါတယ္။ အခု ပိုမိုျပင္းထန္တဲ့ Clade I ကူးစက္ပ်ံ႕ႏွံ႔မႈေၾကာင့္ ကြန္ဂိုဒီမိုကရက္တစ္သမၼတႏိုင္ငံမွာ ယခုႏွစ္ အစပိုင္းမွစ ကူးစက္သူ ၁၅,၆၀၀ ေက်ာ္၊ ေသဆုံးသူ ၅၄၈ ဦးထိ ရွိခဲ့ၿပီျဖစ္ပါတယ္။ ဒီကူးစက္မႈဟာ စင္ကာပူကိုေရာက္လာဖို႔ ၾကာဦးမွာျဖစ္ေပမယ့္ ႀကိဳတင္ျပင္ဆင္မႈအေနနဲ႔ ျပည္ပခရီးသြားေတြအားလုံး ဖ်ားနာျခင္း (သို႔မဟုတ္) အဖုထြက္ျခင္းလို ေမ်ာက္ေက်ာက္နဲ႔ပတ္သက္တဲ့ေရာဂါလကၡဏာေတြ ရွိလာခဲ့ရင္ SG Arrival Card မွတဆင့္ အစီရင္ခံတင္ျပဖို႔ လိုအပ္ၿပီး သံသယရွိ Clade I လူနာေတြကို ေဆး႐ုံေတြမွာ သီးျခားခြဲထားမွာျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ အတည္ျပဳ လူနာေတြနဲ႔ အနီးကပ္ အဆက္အသြယ္ေတြကိုလည္း ေနာက္ဆုံးထိေတြ႕တဲ့ေန႔မွ ၂၁ ရက္ၾကာတဲ့အထိ သီးသန႔္ခြဲထားၿပီး ေစာင့္ၾကည့္သြားမယ္လို႔ MOH မွ ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.