အီရန်က အစ္စရေးကို တိုက်ခိုက်မယ်ဆိုရင် ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ရင်ဆိုင်ရမယ်လို့ အမေရိကန်အစိုးရ သတိပေး

 1864

Pika (NP News) - သြဂုတ် ၁၇

ဟားမက်လက်နက်ကိုင်အဖွဲ့ထိပ်တန်းခေါင်းဆောင်လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး အစ္စရေးကို လက်တုံ့ ပြန်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့မယ်ဆိုရင် အီရန်အနေနဲ့ ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်အရာရှိတစ်ဦးက ဩဂုတ်လ(၁၆)ရက်မှာ သတိပေးပြောခဲ့ပါတယ်။

ဒါ့ပြင် လက်တုံ့ပြန်တိုက်ခိုက်မှုတွေဟာ ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးကို လမ်းလွဲသွားစေလိမ့်မယ် လို့ ၎င်းက ထပ်မံပြောဆိုခဲ့ပါတယ်။ အမေရိကန်အကြီးတန်းအရာရှိတစ်ဦးက “လက်တုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့မယ် ဆိုရင် အီရန်အနေနဲ့ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

ကာတာမြို့တွင် ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို နှစ်ရက်ကြာလုပ်ဆောင်ခဲ့ပြီးနောက် အစ္စရေး-ဟားမက်စစ်ပွဲနဲ့ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေးရရှိဖို့က နီးကပ်လာပြီဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဩဂုတ်လ(၁၆)ရက် အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်အကြီးတန်းအရာရှိက ဒီစစ်ပွဲကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၇)ရက်မှာ စတင်ခဲ့တာက အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟားမက် လက်နက်ကိုင်အဖွဲ့ပဲဖြစ်ပါတယ်။ အီရန်က တစ်ခုခုလုပ်ဆောင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့က အကောင်းဆုံးလို့ ယူဆထားတဲ့ အပစ်အခတ်ရပ်စဲရေးက လမ်းလွဲသွားပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အီရန်နိုင်ငံတီဟီရန်မြို့ကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဟားမက်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် Ismail Haniyeh လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အစ္စရေးကို လက်တုံ့ပြန်သွားမယ်လို့ အီရန်ဘက်က ခြိမ်းခြောက် ပြောဆိုထားတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီတိုက်ခိုက်မှုအတွက် ၎င်းတို့မှာ တာဝန်ရှိ/မရှိ ဆိုတဲ့ အချက်ကိုတော့ အစ္စရေးဘက်က ငြင်းဆိုတာမျိုး ဒါမှမဟုတ် အတည်ပြုတာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

Zawgyi Version;
အီရန္က အစၥေရးကို တိုက္ခိုက္မယ္ဆိုရင္ ဆိုး႐ြားတဲ့အက်ိဳးဆက္ေတြနဲ႔ရင္ဆိုင္ရမယ္လို႔ အေမရိကန္အစိုးရ သတိေပး
Pika (NP News) - ၾသဂုတ္ ၁၇

ဟားမက္လက္နက္ကိုင္အဖြဲ႕ထိပ္တန္းေခါင္းေဆာင္လုပ္ႀကံသတ္ျဖတ္ခံရမႈနဲ႔ပတ္သက္ၿပီး အစၥေရးကို လက္တုံ႔ ျပန္တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့မယ္ဆိုရင္ အီရန္အေနနဲ႔ ဆိုး႐ြားတဲ့အက်ိဳးဆက္ေတြနဲ႔ရင္ဆိုင္ရလိမ့္မယ္လို႔ အေမရိကန္အရာရွိတစ္ဦးက ဩဂုတ္လ(၁၆)ရက္မွာ သတိေပးေျပာခဲ့ပါတယ္။

ဒါ့ျပင္ လက္တုံ႔ျပန္တိုက္ခိုက္မႈေတြဟာ ဂါဇာကမ္းေျမာင္ေဒသအပစ္အခတ္ရပ္စဲေရးကို လမ္းလြဲသြားေစလိမ့္မယ္ လို႔ ၎က ထပ္မံေျပာဆိုခဲ့ပါတယ္။ အေမရိကန္အႀကီးတန္းအရာရွိတစ္ဦးက “လက္တုံ႔ျပန္မႈေတြ လုပ္ေဆာင္ခဲ့မယ္ ဆိုရင္ အီရန္အေနနဲ႔ဆိုး႐ြားတဲ့အက်ိဳးဆက္ေတြနဲ႔ ရင္ဆိုင္ရပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။

ကာတာၿမိဳ႕တြင္ ဂါဇာကမ္းေျမာင္ေဒသအပစ္အခတ္ရပ္စဲေရးေဆြးေႏြးပြဲကို ႏွစ္ရက္ၾကာလုပ္ေဆာင္ခဲ့ၿပီးေနာက္ အစၥေရး-ဟားမက္စစ္ပြဲနဲ႔ပတ္သက္ၿပီး အပစ္အခတ္ရပ္စဲေရးရရွိဖို႔က နီးကပ္လာၿပီျဖစ္တယ္လို႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ဩဂုတ္လ(၁၆)ရက္ အေစာပိုင္းမွာ ေျပာၾကားခဲ့ပါတယ္။ အေမရိကန္အႀကီးတန္းအရာရွိက ဒီစစ္ပြဲကို ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ(၇)ရက္မွာ စတင္ခဲ့တာက အီရန္ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ ဟားမက္ လက္နက္ကိုင္အဖြဲ႕ပဲျဖစ္ပါတယ္။ အီရန္က တစ္ခုခုလုပ္ေဆာင္ခဲ့မယ္ဆိုရင္ ကြၽန္ေတာ္တို႔က အေကာင္းဆုံးလို႔ ယူဆထားတဲ့ အပစ္အခတ္ရပ္စဲေရးက လမ္းလြဲသြားပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက အီရန္ႏိုင္ငံတီဟီရန္ၿမိဳ႕ကို ဗုံးႀကဲတိုက္ခိုက္မႈအတြင္း ဟားမက္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ Ismail Haniyeh လုပ္ႀကံသတ္ျဖတ္ခံရၿပီးေနာက္ အစၥေရးကို လက္တုံ႔ျပန္သြားမယ္လို႔ အီရန္ဘက္က ၿခိမ္းေျခာက္ ေျပာဆိုထားတာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲဒီတိုက္ခိုက္မႈအတြက္ ၎တို႔မွာ တာဝန္ရွိ/မရွိ ဆိုတဲ့ အခ်က္ကိုေတာ့ အစၥေရးဘက္က ျငင္းဆိုတာမ်ိဳး ဒါမွမဟုတ္ အတည္ျပဳတာမ်ိဳးမရွိခဲ့ဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.