လေကြောင်းပြသပွဲအတွင်း ပြင်သစ်တိုက်လေယာဉ်တစ်စီး ပင်လယ်ထဲကိုပျက်ကျ

 1469

Pika (NP News) - သြဂုတ် ၁၇

ဩဂုတ်လ(၁၆)ရက် အစောပိုင်းက ပြင်သစ်တိုက်လေယာဉ်တစ်စင်းဟာ လေကြောင်းပြသပွဲတစ်ခုအတွင်း ပြင်သစ်နိုင်ငံတောင်ပိုင်း Lavandou ကမ်းလွန် မြေထဲပင်လယ်ထဲကို ပျက်ကျခဲ့တယ်လို့ သိရပါတယ်။

ပျက်ကျမှုဖြစ်ပွားပြီးနောက် လေယာဉ်မှူးရဲ့ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း ပြင်သစ် အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။ အဲဒီလေကြောင်းပြသပွဲဟာ ပြင်သစ်နိုင်ငံ Provence ပြည်နယ်မှာ မဟာမိတ်တပ်ဖွဲ့တွေက D-Day ဆင်းသက်မှု နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။

တိုက်လေယာဉ်ပျက်ကျမှုဖြစ်ပွားပြီးနောက် Patrouille de France အဖွဲ့ဟာ ၎င်းတို့ရဲ့လေကြောင်းတင်ဆက်မှုကို ဖျက်သိမ်းလိုက်တယ်လို့ ပြင်သစ်လေတပ်က ပြောကြားခဲ့ပါတယ်။ ပြင်သစ်လေတပ်က “ဒီဖြစ်ရပ်ဆိုးနဲ့ပတ်သက်ပြီး လေယာဉ်မှူးတွေနဲ့ လေတပ်တစ်ခုလုံးက တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီတိုက်လေယာဉ်ပျက်ကျမှုဟာ ဘာကြောင့်ဖြစ်ပွားရသလဲဆိုတဲ့အချက်ကိုတော့ ယခုအချိန် အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့ သိရပါတယ်။

ဩဂုတ်လ(၁၄)ရက်က ပြင်သစ်တိုက်လေယာဉ်နှစ်စီးဟာ နိုင်ငံအရှေ့ပိုင်းမှာ လေ့ကျင့်ပျံသန်းမှုတစ်ခုအတွင်း လေထဲမှာတိုက်မိပြီး ပျက်ကျပြီးနောက် နှစ်ရက်အကြာမှာ ယခုလိုပျက်ကျမှုထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဩဂုတ်လ(၁၄)ရက်ကဖြစ်ပွားခဲ့တဲ့ ပျက်ကျမှုအတွင်း စစ်တပ်အဖွဲ့ဝင်(၂)ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ေလေၾကာင္းျပသပြဲအတြင္း ျပင္သစ္တိုက္ေလယာဥ္တစ္စီး ပင္လယ္ထဲကိုပ်က္က်
Pika (NP News) - ၾသဂုတ္ ၁၇

ဩဂုတ္လ(၁၆)ရက္ အေစာပိုင္းက ျပင္သစ္တိုက္ေလယာဥ္တစ္စင္းဟာ ေလေၾကာင္းျပသပြဲတစ္ခုအတြင္း ျပင္သစ္ႏိုင္ငံေတာင္ပိုင္း Lavandou ကမ္းလြန္ ေျမထဲပင္လယ္ထဲကို ပ်က္က်ခဲ့တယ္လို႔ သိရပါတယ္။

ပ်က္က်မႈျဖစ္ပြားၿပီးေနာက္ ေလယာဥ္မႉးရဲ႕႐ုပ္အေလာင္းကို ျပန္လည္ရွာေဖြေတြ႕ရွိခဲ့တယ္လို႔လည္း ျပင္သစ္ အာဏာပိုင္ေတြကေျပာၾကားခဲ့ပါတယ္။ အဲဒီေလေၾကာင္းျပသပြဲဟာ ျပင္သစ္ႏိုင္ငံ Provence ျပည္နယ္မွာ မဟာမိတ္တပ္ဖြဲ႕ေတြက D-Day ဆင္းသက္မႈ ႏွစ္(၈၀)ျပည့္အထိမ္းအမွတ္အခမ္းအနားရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။

တိုက္ေလယာဥ္ပ်က္က်မႈျဖစ္ပြားၿပီးေနာက္ Patrouille de France အဖြဲ႕ဟာ ၎တို႔ရဲ႕ေလေၾကာင္းတင္ဆက္မႈကို ဖ်က္သိမ္းလိုက္တယ္လို႔ ျပင္သစ္ေလတပ္က ေျပာၾကားခဲ့ပါတယ္။ ျပင္သစ္ေလတပ္က “ဒီျဖစ္ရပ္ဆိုးနဲ႔ပတ္သက္ၿပီး ေလယာဥ္မႉးေတြနဲ႔ ေလတပ္တစ္ခုလုံးက တကယ္ကို စိတ္မေကာင္းျဖစ္မိပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲဒီတိုက္ေလယာဥ္ပ်က္က်မႈဟာ ဘာေၾကာင့္ျဖစ္ပြားရသလဲဆိုတဲ့အခ်က္ကိုေတာ့ ယခုအခ်ိန္ အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔ သိရပါတယ္။

ဩဂုတ္လ(၁၄)ရက္က ျပင္သစ္တိုက္ေလယာဥ္ႏွစ္စီးဟာ ႏိုင္ငံအေရွ႕ပိုင္းမွာ ေလ့က်င့္ပ်ံသန္းမႈတစ္ခုအတြင္း ေလထဲမွာတိုက္မိၿပီး ပ်က္က်ၿပီးေနာက္ ႏွစ္ရက္အၾကာမွာ ယခုလိုပ်က္က်မႈထပ္မံျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ဩဂုတ္လ(၁၄)ရက္ကျဖစ္ပြားခဲ့တဲ့ ပ်က္က်မႈအတြင္း စစ္တပ္အဖြဲ႕ဝင္(၂)ဦး ေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.