ဒဏ်ရာရ ပါလက်စတိုင်းပြည်သူ ၄၁ ဦး မလေးရှားသို့ သွားရောက် ကုသ

 564

ALynn (NP News) - သြဂုတ် ၁၇

ဂါဇာကမ်းမြောင်ဒေသစစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် ပါလက်စတိုင်းအရပ်သား ၃ဝ၁ ဦးအား ဆေးကုသမှုခံယူရန်အတွက် မလေးရှားနိုင်ငံသို့ သောကြာနေ့ (သြဂုတ် ၁၆ ရက်) တွင် ပို့ဆောင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အသက် ၈ လမှ ၆၂ နှစ်ကြားရှိ ပါလက်စတိုင်းလူမျိုးများသည် မလေးရှားလေတပ်သယ်ယူပို့ဆောင်ရေးလေယာဉ်နှစ်စင်းဖြင့် အီဂျစ်မြို့တော် ကိုင်ရိုမှ ပျံသန်းလာခဲ့ကြသည်။

“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စများကို ထည့်သွင်းစဉ်းစားခြင်းဖြစ်သလို လူမဆန်တဲ့ လူမျိုးသုဥ်း သတ်ဖြတ်မှုကို ဆန့်ကျင်တဲ့ ကျွန်တော်တို့နိုင်ငံရဲ့ရပ်တည်ချက်ကိုလည်း ပြသခြင်းဖြစ်တယ်” လို့ မလေးရှား ကာကွယ်ရေးဝန်ကြီး Mohamed Khaled Nordin က ပါလက်စတိုင်းလူနာများကို လက်ခံပြီးနောက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူများ နှင့်အတူ မိသားစုဝင် ၈၆ ဦးလည်း လိုက်ပါလာခဲ့သည်။

ဂါဇာစစ်ပွဲသည် ဟားမတ်စ်တို့၏ အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်ခြင်းကြောင့် အစပျိုးခဲ့ပြီး လူပေါင်း ၁,၁၉၈ ဦး သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း အစ္စရေးအရာရှိများ၏ AFP စာရင်းအရ သိရသည်။ စစ်သွေးကြွများက ဓားစာခံ ၂၅၁ ဦးကိုလည်း ဂါဇာတွင် ထိန်းသိမ်းထားဆဲဖြစ်ပြီး ၁၁၁ ဦး သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားထားသည်။
နိုဝင်ဘာလက တစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကာလအတွင်း အချို့က လွတ်မြောက်ခဲ့ကြသည်။ စစ်ပွဲကြောင့် ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးနီးပါး အိုးအိမ်စွန့်ခွာခဲ့ရပြီး ၎င်း၏ အိုးအိမ်နှင့် အခြားအခြေခံအဆောက်အဦ အများအပြား ဖျက်ဆီးခံခဲ့ရပြီး စားနပ်ရိက္ခာပြတ်လပ်မှုများလည်း ဖြစ်ပွားခဲ့သည်။
ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက စစ်ပွဲကြောင့် အရပ်သားများနှင့်စစ်သွေးကြွ အသေအပျောက် နည်းပါးသွားခြင်း မရှိဘဲ လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ကြာသပတေးနေ့ (ဩဂုတ်လ ၁၅ ရက်) တွင် ပြောကြားခဲ့သည်။

Zawgyi Version;
ဒဏ္ရာရ ပါလက္စတိုင္းျပည္သူ ၄၁ ဦး မေလးရွားသို႔ သြားေရာက္ ကုသ
ALynn (NP News) - ၾသဂုတ္ ၁၇

ဂါဇာကမ္းေျမာင္ေဒသစစ္ပြဲအတြင္း ထိခိုက္ဒဏ္ရာရရွိခဲ့ၾကသည့္ ပါလက္စတိုင္းအရပ္သား ၃ဝ၁ ဦးအား ေဆးကုသမႈခံယူရန္အတြက္ မေလးရွားႏိုင္ငံသို႔ ေသာၾကာေန႔ (ၾသဂုတ္ ၁၆ ရက္) တြင္ ပို႔ေဆာင္ခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။ အသက္ ၈ လမွ ၆၂ ႏွစ္ၾကားရွိ ပါလက္စတိုင္းလူမ်ိဳးမ်ားသည္ မေလးရွားေလတပ္သယ္ယူပို႔ေဆာင္ေရးေလယာဥ္ႏွစ္စင္းျဖင့္ အီဂ်စ္ၿမိဳ႕ေတာ္ ကိုင္႐ိုမွ ပ်ံသန္းလာခဲ့ၾကသည္။

“လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာကိစၥမ်ားကို ထည့္သြင္းစဥ္းစားျခင္းျဖစ္သလို လူမဆန္တဲ့ လူမ်ိဳးသုဥ္း သတ္ျဖတ္မႈကို ဆန႔္က်င္တဲ့ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ရပ္တည္ခ်က္ကိုလည္း ျပသျခင္းျဖစ္တယ္” လို႔ မေလးရွား ကာကြယ္ေရးဝန္ႀကီး Mohamed Khaled Nordin က ပါလက္စတိုင္းလူနာမ်ားကို လက္ခံၿပီးေနာက္ သတင္းစာ ရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။ ဒဏ္ရာရရွိသူမ်ား ႏွင့္အတူ မိသားစုဝင္ ၈၆ ဦးလည္း လိုက္ပါလာခဲ့သည္။

ဂါဇာစစ္ပြဲသည္ ဟားမတ္စ္တို႔၏ ေအာက္တိုဘာ ၇ ရက္က အစၥေရးကို တိုက္ခိုက္ျခင္းေၾကာင့္ အစပ်ိဳးခဲ့ၿပီး လူေပါင္း ၁,၁၉၈ ဦး ေသဆုံးခဲ့ၿပီး အမ်ားစုမွာ အရပ္သားမ်ားျဖစ္ေၾကာင္း အစၥေရးအရာရွိမ်ား၏ AFP စာရင္းအရ သိရသည္။ စစ္ေသြးႂကြမ်ားက ဓားစာခံ ၂၅၁ ဦးကိုလည္း ဂါဇာတြင္ ထိန္းသိမ္းထားဆဲျဖစ္ၿပီး ၁၁၁ ဦး ေသဆုံးခဲ့ေၾကာင္း အစၥေရးစစ္တပ္က ေျပာၾကားထားသည္။
ႏိုဝင္ဘာလက တစ္ပတ္ၾကာ အပစ္အခတ္ရပ္စဲေရးကာလအတြင္း အခ်ိဳ႕က လြတ္ေျမာက္ခဲ့ၾကသည္။ စစ္ပြဲေၾကာင့္ ဂါဇာကမ္းေျမာင္ေဒသတစ္ခုလုံးနီးပါး အိုးအိမ္စြန႔္ခြာခဲ့ရၿပီး ၎၏ အိုးအိမ္ႏွင့္ အျခားအေျခခံအေဆာက္အဦ အမ်ားအျပား ဖ်က္ဆီးခံခဲ့ရၿပီး စားနပ္ရိကၡာျပတ္လပ္မႈမ်ားလည္း ျဖစ္ပြားခဲ့သည္။
ဂါဇာ က်န္းမာေရးဝန္ႀကီးဌာနက စစ္ပြဲေၾကာင့္ အရပ္သားမ်ားႏွင့္စစ္ေသြးႂကြ အေသအေပ်ာက္ နည္းပါးသြားျခင္း မရွိဘဲ လူေပါင္း ၄၀,၀၀၀ ေက်ာ္ ေသဆုံးခဲ့ေၾကာင္း ၾကာသပေတးေန႔ (ဩဂုတ္လ ၁၅ ရက္) တြင္ ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.