ထရမ့်က ၎င်းအာဏာရလာပါက အီရန်နှင့် ကောင်းကောင်းမွန်မွန်ဆက်ဆံနိုင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြ

 626

ALynn (NP News) - သြဂုတ် ၁၇

ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ၎င်း အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိပါက ဝါရှင်တန်သည် တီဟီရန်နှင့် ချစ်ကြည်ရင်းနှီးလာနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေးအစီအစဉ်နှင့်ပတ်သက်ပြီး နယူးဂျာစီတွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ကြာသပတေးနေ့ (ဩဂုတ် ၁၅ ရက်) က ပြောကြားခဲ့ခြင်းဖြစ်သည်။

“အီရန်နဲ့ ဖော်ဖော်ရွေရွေဆက်ဆံနိုင် ကျွန်တော် မျှော်လင့်ပါတယ်။ ဒါက ဖြစ်နိုင်သလို မဖြစ်နိုင်တာလဲ ရှိနိုင်ပါ တယ်။ ဒါပေမယ့် အီရန်ကိုတော့ နျူကလီးယားလက်နက်မပိုင်စေရပါဘူး” ဟု ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်အား ရန်ပုံငွေ ထောက်ပံ့နေသည်ဟု အီရန်အား စွပ်စွဲပြီးနောက် ထရမ့်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် အမေရိကန်သည် အီရန်နျူကလီးယားသဘောတူညီချက် (JCPOA) မှ နုတ်ထွက်ခဲ့ပြီး ထိုအချိန်က သဘောတူညီ ချက်ကို “အဆိုးရွားဆုံးသဘောတူညီချက်” ဟု ထရမ့်က အမည်ပေးခဲ့သည်။

အမေရိကန်သမ္မတ Barack Obama နှင့်အတူ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ ဗြိတိန်နှင့် ၂၀၁၅ ခုနှစ်တွင် အီရန်နှင့် JCPOA သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းသဘောတူညီချက်အရ တီဟီရန်သည် ၎င်း၏ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ကန့်သတ်ခြင်းဖြင့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် လဲလှယ်ခဲ့ရသည်။
ထို့နောက် ၂၀၁၈ ခုနှစ်တွင် အမေရိကန်နုတ်ထွက်သွားပြီးနောက် အီရန်သည် ၎င်း၏ JCPOA ပါ ကတိကဝတ် အချို့ကို ပယ်ချခဲ့ပြီး ယူရေနီယံ သန့်စင်ရေးလုပ်ငန်းများကို ပြန်လည် စတင်ခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းတွင် ထရမ့်၏မဲဆွယ်ရေးအဖွဲ့က အီရန်ဆိုက်ဘာရာဇ၀တ်ကောင် များသည် အမေရိကန် ၏ လျှို့ဝှက်စာရွက်စာတမ်းများကို ခိုးယူခဲ့ကြောင်း၊ ၎င်းတို့၏ရည်မှန်း ချက်မှာ ၂၀၂၄ ရွေးကောက်ပွဲကို လွှမ်းမိုးလိုခြင်းဖြစ်ကြောင်း ဆိုခဲ့ကြသည်။ Microsoft ၏ ယခင်ဆိုက်ဘာထောက်လှမ်းရေး အစီရင်ခံစာတွင် ဟက်ကာများ နှင့် သတင်းတုဆိုဒ်များသည် အီရန်နှင့် ချိတ်ဆက်နေပြီး အမေရိကန်သမ္မတ မဲဆွယ်ပွဲတွင် အမည်မသိအရာရှိတစ်ဦးကို ပစ်မှတ်ထားနိုင်ကြောင်း သတိပေးထားသည်။
တိုက်ခိုက်မှုနောက်ကွယ်မှာ အီရန်ရှိနေတယ်လို့ ယုံကြည်ကြောင်းနှင့် ထရမ့်က သူ့ရဲ့ Truth Social platform မှာ “ကျွန်ုပ်တို့ရဲ့ဝက်ဘ်ဆိုဒ်များစွာထဲက တစ်ခုကို အီရန်အစိုးရမှ ဟက်ထားကြောင်း Microsoft ကော်ပိုရေးရှင်းက အကြောင်းကြားခဲ့ပါတယ်” ဟု ရေးသားထားသည်။
ကုလသမဂ္ဂဆိုင်ရာ အီရန်၏အမြဲတမ်းမစ်ရှင်သည် ထရမ့်မဲဆွယ်စည်းရုံးမှုနှင့်ပတ်သက်၍ စွပ်စွဲချက်များကို ငြင်းဆို ထားပြီး “အီရန်အစိုးရသည် စွပ်စွဲထားသည့်စာရွက်စာတမ်းများကို ပိုင်ဆိုင်ခြင်းမရှိသလို အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် (သို့မဟုတ်) လှုံ့ဆော်မှုများကိုလည်း လုပ်ဆောင်သွားမည် မဟုတ်ကြောင်း” Reuters က ရေးသားဖော်ပြခဲ့သည်။

Zawgyi Version;
ထရမ့္က ၎အာဏာရလာပါက အီရန္ႏွင့္ ေကာင္းေကာင္းမြန္မြန္ဆက္ဆံႏိုင္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ေဖာ္ျပ
ALynn (NP News) - ၾသဂုတ္ ၁၇

ရီပတ္ဘလီကန္သမၼတေလာင္း ေဒၚနယ္ထရမ့္က ၎ အိမ္ျဖဴေတာ္သို႔ ျပန္လည္ေရာက္ရွိပါက ဝါရွင္တန္သည္ တီဟီရန္ႏွင့္ ခ်စ္ၾကည္ရင္းႏွီးလာႏိုင္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားခဲ့သည္။ ကမာၻ႔ၿငိမ္းခ်မ္းေရး ျပန္လည္ထူ ေထာင္ေရးအစီအစဥ္ႏွင့္ပတ္သက္ၿပီး နယူးဂ်ာစီတြင္ ျပဳလုပ္သည့္သတင္းစာရွင္းလင္းပြဲ၌ ၾကာသပေတးေန႔ (ဩဂုတ္ ၁၅ ရက္) က ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“အီရန္နဲ႔ ေဖာ္ေဖာ္ေ႐ြေ႐ြဆက္ဆံႏိုင္ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ ဒါက ျဖစ္ႏိုင္သလို မျဖစ္ႏိုင္တာလဲ ရွိႏိုင္ပါ တယ္။ ဒါေပမယ့္ အီရန္ကိုေတာ့ န်ဴကလီးယားလက္နက္မပိုင္ေစရပါဘူး” ဟု ပါလက္စတိုင္း စစ္ေသြးႂကြအဖြဲ႕ ဟားမတ္စ္အား ရန္ပုံေငြ ေထာက္ပံ့ေနသည္ဟု အီရန္အား စြပ္စြဲၿပီးေနာက္ ထရမ့္က ထိုသို႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။ ၂၀၁၈ ခုႏွစ္တြင္ အေမရိကန္သည္ အီရန္န်ဴကလီးယားသေဘာတူညီခ်က္ (JCPOA) မွ ႏုတ္ထြက္ခဲ့ၿပီး ထိုအခ်ိန္က သေဘာတူညီ ခ်က္ကို “အဆိုး႐ြားဆုံးသေဘာတူညီခ်က္” ဟု ထရမ့္က အမည္ေပးခဲ့သည္။

အေမရိကန္သမၼတ Barack Obama ႏွင့္အတူ တ႐ုတ္၊ ျပင္သစ္၊ ဂ်ာမနီ၊ ႐ုရွား၊ ၿဗိတိန္ႏွင့္ ၂၀၁၅ ခုႏွစ္တြင္ အီရန္ႏွင့္ JCPOA သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့ၾကသည္။ ယင္းသေဘာတူညီခ်က္အရ တီဟီရန္သည္ ၎၏ န်ဴကလီးယားအစီအစဥ္ကို ထိန္းခ်ဳပ္ကန႔္သတ္ျခင္းျဖင့္ ႏိုင္ငံတကာ၏ အေရးယူပိတ္ဆို႔မႈမ်ားကို ဖယ္ရွားေပးရန္ လဲလွယ္ခဲ့ရသည္။
ထို႔ေနာက္ ၂၀၁၈ ခုႏွစ္တြင္ အေမရိကန္ႏုတ္ထြက္သြားၿပီးေနာက္ အီရန္သည္ ၎၏ JCPOA ပါ ကတိကဝတ္ အခ်ိဳ႕ကို ပယ္ခ်ခဲ့ၿပီး ယူေရနီယံ သန႔္စင္ေရးလုပ္ငန္းမ်ားကို ျပန္လည္ စတင္ခဲ့သည္။
ယခုသီတင္းပတ္အေစာပိုင္းတြင္ ထရမ့္၏မဲဆြယ္ေရးအဖြဲ႕က အီရန္ဆိုက္ဘာရာဇ၀တ္ေကာင္ မ်ားသည္ အေမရိကန္ ၏ လွ်ိဳ႕ဝွက္စာ႐ြက္စာတမ္းမ်ားကို ခိုးယူခဲ့ေၾကာင္း၊ ၎တို႔၏ရည္မွန္း ခ်က္မွာ ၂၀၂၄ ေ႐ြးေကာက္ပြဲကို လႊမ္းမိုးလိုျခင္းျဖစ္ေၾကာင္း ဆိုခဲ့ၾကသည္။ Microsoft ၏ ယခင္ဆိုက္ဘာေထာက္လွမ္းေရး အစီရင္ခံစာတြင္ ဟက္ကာမ်ား ႏွင့္ သတင္းတုဆိုဒ္မ်ားသည္ အီရန္ႏွင့္ ခ်ိတ္ဆက္ေနၿပီး အေမရိကန္သမၼတ မဲဆြယ္ပြဲတြင္ အမည္မသိအရာရွိတစ္ဦးကို ပစ္မွတ္ထားႏိုင္ေၾကာင္း သတိေပးထားသည္။
တိုက္ခိုက္မႈေနာက္ကြယ္မွာ အီရန္ရွိေနတယ္လို႔ ယုံၾကည္ေၾကာင္းႏွင့္ ထရမ့္က သူ႔ရဲ႕ Truth Social platform မွာ “ကြၽႏ္ုပ္တို႔ရဲ႕ဝက္ဘ္ဆိုဒ္မ်ားစြာထဲက တစ္ခုကို အီရန္အစိုးရမွ ဟက္ထားေၾကာင္း Microsoft ေကာ္ပိုေရးရွင္းက အေၾကာင္းၾကားခဲ့ပါတယ္” ဟု ေရးသားထားသည္။
ကုလသမဂၢဆိုင္ရာ အီရန္၏အၿမဲတမ္းမစ္ရွင္သည္ ထရမ့္မဲဆြယ္စည္း႐ုံးမႈႏွင့္ပတ္သက္၍ စြပ္စြဲခ်က္မ်ားကို ျငင္းဆို ထားၿပီး “အီရန္အစိုးရသည္ စြပ္စြဲထားသည့္စာ႐ြက္စာတမ္းမ်ားကို ပိုင္ဆိုင္ျခင္းမရွိသလို အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္စြက္ဖက္ရန္ ရည္႐ြယ္ခ်က္ (သို႔မဟုတ္) လႈံ႕ေဆာ္မႈမ်ားကိုလည္း လုပ္ေဆာင္သြားမည္ မဟုတ္ေၾကာင္း” Reuters က ေရးသားေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.