အီရန်ကို ဗုံးကြဲတိုက်ခိုက်ရာမှာ ကူညီပေးဖို့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံကို အစ္စရေးအစိုးရ တောင်းဆို

 3523

ဂျန်ဇက် (NP News) - သြဂုတ် ၁၇

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်နိုင်ငံသာမက ဗြိတိန်နိုင်ငံနဲ့ ပြင်သစ်နိုင်တို့အနေနဲ့လည်း အစ္စရေးနိုင်ငံ ကို ပေးထားတဲ့ကတိတွေကို အမှတ်တရရှိစေလိုကြောင်း၊ အီရန်နိုင်ငံအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ကူညီ ထောက်ပံ့ပေးစေလိုကြောင်း ထုတ်ဖော်တောင်းဆိုလိုက်ပါတယ်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဟာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအပြင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံ ဆွေးနွေးချိန်အတွင်း တိုက်တွန်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက " အစ္စရေးနိုင်ငံ အပေါ် အီရန်နိုင်ငံတိုက်ခိုက်တာတွေကို လက်မခံနိုင်ဘူးလို့ ကတိပြုပြောဆိုခဲ့ဖူးတဲ့ကိစ္စတွေကို ပြင်သစ်နဲ့ ဗြိတိန် နိုင်ငံတို့ ပြန်အမှတ်တရရှိစေလိုတယ်။ အီရန်နိုင်ငံသာ တိုက်ခိုက်လာမယ်ဆိုရင် အမေရိကန်ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့တွေဟာ အစ္စရေးနိုင်ငံကို ပူးပေါင်းကာကွယ်ရုံသာမက အီရန်နိုင်ငံကိုလည်း ပစ်မှတ်ထားပြီး တိုက်ခိုက်သွား မယ်" လို့ ပြောခဲ့ဖူးတယ်။ ဗြိတိန်၊ ပြင်သစ်နိုင်ငံတို့အနေနဲ့ လက်ရှိအချိန်မှာ အီရန်နိုင်ငံကို တိုက်ခိုက်ပြီး အစ္စရေး နိုင်ငံနဲ့အတူ ရပ်တည်မယ်ဆိုတဲ့ကြေညာချက်မျိုး လူသိရှင်ကြားထပ်မံ ထုတ်ပြန်စေလိုကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အီရန်နိုင်ငံဟာ အစ္စရေးနိုင်ငံကို တိုက်ခိုက်လာဖွယ်ရှိတယ်လို့ သတင်းများထွက်ပေါ်နေချိန်မှာ အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးက အခုလိုမျိုးတောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဗြိတိန် နဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အစ္စရေး ရဲ့တောင်းဆိုချက်တွေကို ငြင်းဆန်ပယ်ချထားပြီး အစ္စရေးရဲ့လက်တုံ့ပြန်မှုတွေအတွက် ပြင်ဆင်ဖို့ ဒါမှမဟုတ် လာဘ်စားချေဖို့ ဆွေးနွေးတာတွေ သင့်တော်မှုမရှိသေးဘူးလို့ တုံ့ပြန်ထားပါတယ်။

Zawgyi Version;
အီရန္ကို ဗုံးႀကဲတိုက္ခိုက္ရာမွာ ကူညီေပးဖို႔ ၿဗိတိန္နဲ႔ ျပင္သစ္ႏိုင္ငံကို အစၥေရးအစိုးရ ေတာင္းဆို
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁၇

အစၥေရးႏိုင္ငံျခားေရးဝန္ႀကီးက အေမရိကန္ႏိုင္ငံသာမက ၿဗိတိန္ႏိုင္ငံနဲ႔ ျပင္သစ္ႏိုင္တို႔အေနနဲ႔လည္း အစၥေရးႏိုင္ငံ ကို ေပးထားတဲ့ကတိေတြကို အမွတ္တရရွိေစလိုေၾကာင္း၊ အီရန္ႏိုင္ငံအေပၚ ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကို ကူညီ ေထာက္ပံ့ေပးေစလိုေၾကာင္း ထုတ္ေဖာ္ေတာင္းဆိုလိုက္ပါတယ္။
အစၥေရးႏိုင္ငံျခားေရးဝန္ႀကီးဟာ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီးအျပင္ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီးတို႔နဲ႔ ေတြ႕ဆုံ ေဆြးေႏြးခ်ိန္အတြင္း တိုက္တြန္းေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ အစၥေရးႏိုင္ငံျခားေရးဝန္ႀကီးက " အစၥေရးႏိုင္ငံ အေပၚ အီရန္ႏိုင္ငံတိုက္ခိုက္တာေတြကို လက္မခံႏိုင္ဘူးလို႔ ကတိျပဳေျပာဆိုခဲ့ဖူးတဲ့ကိစၥေတြကို ျပင္သစ္နဲ႔ ၿဗိတိန္ ႏိုင္ငံတို႔ ျပန္အမွတ္တရရွိေစလိုတယ္။ အီရန္ႏိုင္ငံသာ တိုက္ခိုက္လာမယ္ဆိုရင္ အေမရိကန္ဦးေဆာင္တဲ့ မဟာမိတ္ အဖြဲ႕ေတြဟာ အစၥေရးႏိုင္ငံကို ပူးေပါင္းကာကြယ္႐ုံသာမက အီရန္ႏိုင္ငံကိုလည္း ပစ္မွတ္ထားၿပီး တိုက္ခိုက္သြား မယ္" လို႔ ေျပာခဲ့ဖူးတယ္။ ၿဗိတိန္၊ ျပင္သစ္ႏိုင္ငံတို႔အေနနဲ႔ လက္ရွိအခ်ိန္မွာ အီရန္ႏိုင္ငံကို တိုက္ခိုက္ၿပီး အစၥေရး ႏိုင္ငံနဲ႔အတူ ရပ္တည္မယ္ဆိုတဲ့ေၾကညာခ်က္မ်ိဳး လူသိရွင္ၾကားထပ္မံ ထုတ္ျပန္ေစလိုေၾကာင္း အစၥေရး ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

အီရန္ႏိုင္ငံဟာ အစၥေရးႏိုင္ငံကို တိုက္ခိုက္လာဖြယ္ရွိတယ္လို႔ သတင္းမ်ားထြက္ေပၚေနခ်ိန္မွာ အစၥေရးႏိုင္ငံျခားေရး ဝန္ႀကီးက အခုလိုမ်ိဳးေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ၿဗိတိန္ နဲ႔ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီးတို႔ဟာ အစၥေရး ရဲ႕ေတာင္းဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်ထားၿပီး အစၥေရးရဲ႕လက္တုံ႔ျပန္မႈေတြအတြက္ ျပင္ဆင္ဖို႔ ဒါမွမဟုတ္ လာဘ္စားေခ်ဖို႔ ေဆြးေႏြးတာေတြ သင့္ေတာ္မႈမရွိေသးဘူးလို႔ တုံ႔ျပန္ထားပါတယ္။

Related news

© 2021. All rights reserved.