ဗင်နီဇွဲလားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲအသစ်ထပ်မံကျင်းပဖို့ အမေရိကန်သမ္မတ တိုက်တွန်းတောင်းဆို

 408

ဂျန်ဇက် (NP News) - သြဂုတ် ၁၇

အမေရိကန်သမ္မတဂျိုးဘိုငဒန်ဟာ ဗင်နီဇွဲလားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲအသစ် ထပ်မံကျင်းပဖို့ တိုက်တွန်း တောင်းဆိုလိုက်ကြောင်း သိရပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲရလဒ်တွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံအများစုဟာ လက်ရှိသမ္မတ နီကိုလပ်မာဒူရို အနိုင်ရတယ်ဆိုတဲ့ရွေးကောက်ပွဲရလဒ်တွေကို လက်ခံလိုခြင်းမရှိဘဲ ငြင်းဆန်ပယ်ချထားကြောင်း သိရပါတယ်။

နီကိုလပ်မာဒူရိုကတော့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး သမ္မတအဖြစ် သုံးကြိမ်မြောက် ဆက်လက်တာဝန်ယူခွင့်ရခဲ့ ကြောင်း ကြေညာခဲ့ပါတယ်။ အတိုက်ခံအုပ်စုခေါင်းဆောင် ဂွန်ဇာလက်က ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဖြစ်ပွားခဲ့ပြီး ရလဒ်တွေက ပွင့်လင်းမြင်သာမှုမရှိကြောင်း ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ရွေးကောက်ပွဲ မှတ်တမ်းတွေအရ အတိုက်ခံခေါင်းဆောင် ဂွန်ဇာလက်ကို ရွေးကောက်ခံသမ္မတအဖြစ် အသိအမှတ်ပြုကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တောင်အမေရိကရှိနိုင်ငံအချို့ကလည်း မာဒူရိုအနိုင်ရတယ်ဆိုတဲ့ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ပယ်ချထားပြီး နိုင်ငံတကာလေ့လာစောင့်ကြည့်သူများ လေ့လာခွင့်ပေးမယ့် သမ္မတရွေးကောက်ပွဲအသစ် ထပ်မံကျင်းပဖို့ တောင်းဆိုထားပါတယ်။ ဒါပေမယ့် ဗင်နီဇွဲလားအာဏာရပါတီနဲ့ အတိုက်ခံပါတီတို့ဟာ ရွေးကောက်ပွဲအသစ် ကျင်းပဖို့ တိုက်တွန်းချက်တွေကို ငြင်းဆန်ထားပြီး ဇူလိုင်လအတွင်း ကျင်းပတဲ့ရွေးကောက်ပွဲမှာ ၎င်းတို့သာ အနိုင်ရခဲ့တယ်လို့ အပြိုင်အဆိုင်ပြောဆိုနေဆဲဖြစ်ပါတယ်။

Zawgyi Version;
ဗင္နီဇြဲလားႏိုင္ငံမွာ သမၼတေ႐ြးေကာက္ပြဲအသစ္ထပ္မံက်င္းပဖို႔ အေမရိကန္သမၼတ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁၇

အေမရိကန္သမၼတဂ်ိဳးဘိုငဒန္ဟာ ဗင္နီဇြဲလားႏိုင္ငံမွာ သမၼတေ႐ြးေကာက္ပြဲအသစ္ ထပ္မံက်င္းပဖို႔ တိုက္တြန္း ေတာင္းဆိုလိုက္ေၾကာင္း သိရပါတယ္။ ဗင္နီဇြဲလားႏိုင္ငံမွာ သမၼတေ႐ြးေကာက္ပြဲရလဒ္ေတြနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ႏိုင္ငံအမ်ားစုဟာ လက္ရွိသမၼတ နီကိုလပ္မာဒူ႐ို အႏိုင္ရတယ္ဆိုတဲ့ေ႐ြးေကာက္ပြဲရလဒ္ေတြကို လက္ခံလိုျခင္းမရွိဘဲ ျငင္းဆန္ပယ္ခ်ထားေၾကာင္း သိရပါတယ္။

နီကိုလပ္မာဒူ႐ိုကေတာ့ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့ၿပီး သမၼတအျဖစ္ သုံးႀကိမ္ေျမာက္ ဆက္လက္တာဝန္ယူခြင့္ရခဲ့ ေၾကာင္း ေၾကညာခဲ့ပါတယ္။ အတိုက္ခံအုပ္စုေခါင္းေဆာင္ ဂြန္ဇာလက္က ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈေတြ ျဖစ္ပြားခဲ့ၿပီး ရလဒ္ေတြက ပြင့္လင္းျမင္သာမႈမရွိေၾကာင္း ေျပာပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ေ႐ြးေကာက္ပြဲ မွတ္တမ္းေတြအရ အတိုက္ခံေခါင္းေဆာင္ ဂြန္ဇာလက္ကို ေ႐ြးေကာက္ခံသမၼတအျဖစ္ အသိအမွတ္ျပဳေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

ေတာင္အေမရိကရွိႏိုင္ငံအခ်ိဳ႕ကလည္း မာဒူ႐ိုအႏိုင္ရတယ္ဆိုတဲ့ေ႐ြးေကာက္ပြဲရလဒ္ကို ျငင္းဆန္ပယ္ခ်ထားၿပီး ႏိုင္ငံတကာေလ့လာေစာင့္ၾကည့္သူမ်ား ေလ့လာခြင့္ေပးမယ့္ သမၼတေ႐ြးေကာက္ပြဲအသစ္ ထပ္မံက်င္းပဖို႔ ေတာင္းဆိုထားပါတယ္။ ဒါေပမယ့္ ဗင္နီဇြဲလားအာဏာရပါတီနဲ႔ အတိုက္ခံပါတီတို႔ဟာ ေ႐ြးေကာက္ပြဲအသစ္ က်င္းပဖို႔ တိုက္တြန္းခ်က္ေတြကို ျငင္းဆန္ထားၿပီး ဇူလိုင္လအတြင္း က်င္းပတဲ့ေ႐ြးေကာက္ပြဲမွာ ၎တို႔သာ အႏိုင္ရခဲ့တယ္လို႔ အၿပိဳင္အဆိုင္ေျပာဆိုေနဆဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.