တရားမဝင် တင်သွင်းလာတဲ့ မြန်မာအစားအစာတွေကို အမေရိကန် (FSIS) က သတိပေးချက် ထုတ်ပြန်

 6440

Pika (NP News) - သြဂုတ် ၁၇

အမေရိကန်အစားအစာဘေးကင်းရေးနဲ့စစ်ဆေးရေးဝန်ဆောင်မှုဌာန(FSIS) ဟာ မြန်မာနိုင်ငံကနေ တရားမဝင် တင်သွင်းလာတဲ့ အသား နဲ့ ကြက်၊ ဘဲထွက်ကုန်အမျိုးမျိုးတွေအတွက် အများပြည်သူကျန်းမာရေးသတိပေးချက်ကို ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ အမေရိကန်ကို အသားနဲ့ ကြက်၊ ဘဲထွက်ကုန်တွေ တင်ပို့ဖို့ အရည်အချင်းမပြည့်မှီဘူးလို့လည်း သိရပါတယ်။

ဒါ့ပြင် ဒီထုတ်ကုန်တွေ အမေရိကန်နိုင်ငံအတွင်းကို ဘယ်လိုဝင်ရောက်လာလဲဆိုတာကို FSIS က စုံစမ်းစစ်ဆေးမှု တွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ FSIS ရဲ့ ထုတ်ပြန်ချက်မှာပါရှိတဲ့ ထုတ်ကုန်တွေနဲ့ တံဆိပ် တွေဟာ ထုတ်ကုန်ရက်စွဲနဲ့ သက်ဆိုင်တာမျိုးမရှိဘဲ အများပြည်သူကျန်းမာရေးသတိပေးချက်မှာ အကျုံးဝင်တယ် လို့လည်း သိရပါတယ်။

အများပြည်သူကျန်းမာရေးသတိပေးချက်နဲ့ ကိုက်ညီတဲ့ထုတ်ကုန်တွေရဲ့တံဆိပ်တွေမှာ သွင်းကုန်အမှတ်အသား တွေ မပါရှိဘူးလို့လည်း သိရပါတယ်။ FSIS ဟာ လက်လီရောင်းချသူတစ်ဦးကို ပုံမှန်စောင့်ကြည့်မှုတွေ လုပ်ဆောင် စဉ်အချိန်အတွင်း အမေရိကန်ကို တင်ပို့ဖို့ အရည်အချင်းမပြည့်မှီတဲ့ မြန်မာနိုင်ငံက အသားနဲ့ ကြက်၊ ဘဲ ထွက်ကုန် တွေကို တွေ့ရှိခဲ့တာဖြစ်ပြီး ယခုလိုထုတ်ပြန်ကြေညာချက်တွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း အဲဒီထုတ်ကုန်တွေကို စားသုံးမိလို့ ဆိုးရွားတဲ့အကျိုးသက်ရောက်မှုတွေ ရှိ/မရှိ ဆိုတာကို အတည်ပြုထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေ မရှိသေးဘူးလို့လည်း သိရပါတယ်။ မြန်မာနိုင်ငံက တရားမဝင် တင်သွင်းလာတဲ့ထုတ်ကုန်အချို့ဟာ စားသုံးသူတွေနဲ့ လက်လီရောင်းချတဲ့ဆိုင်တွေမှာ ရှိနေသေးမှာကို စိုးရိမ်မိတယ်လို့လည်း FSIS က ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံက လာတဲ့ထွက်ကုန်တွေကို ဝယ်ယူထားမိတဲ့ လက်လီရောင်းချတဲ့ဆိုင်တွေကိုလည်း အဲဒီထုတ်ကုန်တွေကို မရောင်းချကြဖို့ တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။ ပြီးတော့ အဲဒီထွက်ကုန်ပစ္စည်း တွေကို ဝယ်ယူထားမိတဲ့ စားသုံးသူတွေကိုလည်း စားသုံးတာမျိုးမလုပ်ဆောင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံက တရားမဝင် တင်သွင်းထားတဲ့ထုတ်ကုန်တွေကို လွှင့်ပစ်တာမျိုး ဒါမှမဟုတ် ဝယ်ယူလာတဲ့နေရာကိုပြန်သွင်းကြသင့်တယ်လို့လည်း FSIS က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
တရားမဝင္ တင္သြင္းလာတဲ့ ျမန္မာအစားအစာေတြကို အေမရိကန္ (FSIS) က သတိေပးခ်က္ ထုတ္ျပန္
Pika (NP News) - ၾသဂုတ္ ၁၇

အေမရိကန္အစားအစာေဘးကင္းေရးနဲ႔စစ္ေဆးေရးဝန္ေဆာင္မႈဌာန(FSIS) ဟာ ျမန္မာႏိုင္ငံကေန တရားမဝင္ တင္သြင္းလာတဲ့ အသား နဲ႔ ၾကက္၊ ဘဲထြက္ကုန္အမ်ိဳးမ်ိဳးေတြအတြက္ အမ်ားျပည္သူက်န္းမာေရးသတိေပးခ်က္ကို ထုတ္ျပန္ထားတယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံဟာ အေမရိကန္ကို အသားနဲ႔ ၾကက္၊ ဘဲထြက္ကုန္ေတြ တင္ပို႔ဖို႔ အရည္အခ်င္းမျပည့္မွီဘူးလို႔လည္း သိရပါတယ္။

ဒါ့ျပင္ ဒီထုတ္ကုန္ေတြ အေမရိကန္ႏိုင္ငံအတြင္းကို ဘယ္လိုဝင္ေရာက္လာလဲဆိုတာကို FSIS က စုံစမ္းစစ္ေဆးမႈ ေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ FSIS ရဲ႕ ထုတ္ျပန္ခ်က္မွာပါရွိတဲ့ ထုတ္ကုန္ေတြနဲ႔ တံဆိပ္ ေတြဟာ ထုတ္ကုန္ရက္စြဲနဲ႔ သက္ဆိုင္တာမ်ိဳးမရွိဘဲ အမ်ားျပည္သူက်န္းမာေရးသတိေပးခ်က္မွာ အက်ဳံးဝင္တယ္ လို႔လည္း သိရပါတယ္။

အမ်ားျပည္သူက်န္းမာေရးသတိေပးခ်က္နဲ႔ ကိုက္ညီတဲ့ထုတ္ကုန္ေတြရဲ႕တံဆိပ္ေတြမွာ သြင္းကုန္အမွတ္အသား ေတြ မပါရွိဘူးလို႔လည္း သိရပါတယ္။ FSIS ဟာ လက္လီေရာင္းခ်သူတစ္ဦးကို ပုံမွန္ေစာင့္ၾကည့္မႈေတြ လုပ္ေဆာင္ စဥ္အခ်ိန္အတြင္း အေမရိကန္ကို တင္ပို႔ဖို႔ အရည္အခ်င္းမျပည့္မွီတဲ့ ျမန္မာႏိုင္ငံက အသားနဲ႔ ၾကက္၊ ဘဲ ထြက္ကုန္ ေတြကို ေတြ႕ရွိခဲ့တာျဖစ္ၿပီး ယခုလိုထုတ္ျပန္ေၾကညာခ်က္ေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဒါေပမယ့္လည္း အဲဒီထုတ္ကုန္ေတြကို စားသုံးမိလို႔ ဆိုး႐ြားတဲ့အက်ိဳးသက္ေရာက္မႈေတြ ရွိ/မရွိ ဆိုတာကို အတည္ျပဳထုတ္ျပန္ထားတဲ့ အစီရင္ခံစာေတြ မရွိေသးဘူးလို႔လည္း သိရပါတယ္။ ျမန္မာႏိုင္ငံက တရားမဝင္ တင္သြင္းလာတဲ့ထုတ္ကုန္အခ်ိဳ႕ဟာ စားသုံးသူေတြနဲ႔ လက္လီေရာင္းခ်တဲ့ဆိုင္ေတြမွာ ရွိေနေသးမွာကို စိုးရိမ္မိတယ္လို႔လည္း FSIS က ေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ ျမန္မာႏိုင္ငံက လာတဲ့ထြက္ကုန္ေတြကို ဝယ္ယူထားမိတဲ့ လက္လီေရာင္းခ်တဲ့ဆိုင္ေတြကိုလည္း အဲဒီထုတ္ကုန္ေတြကို မေရာင္းခ်ၾကဖို႔ တိုက္တြန္းထားတယ္လို႔လည္း သိရပါတယ္။ ၿပီးေတာ့ အဲဒီထြက္ကုန္ပစၥည္း ေတြကို ဝယ္ယူထားမိတဲ့ စားသုံးသူေတြကိုလည္း စားသုံးတာမ်ိဳးမလုပ္ေဆာင္ၾကဖို႔ တိုက္တြန္းထားတယ္လို႔လည္း သိရပါတယ္။ ျမန္မာႏိုင္ငံက တရားမဝင္ တင္သြင္းထားတဲ့ထုတ္ကုန္ေတြကို လႊင့္ပစ္တာမ်ိဳး ဒါမွမဟုတ္ ဝယ္ယူလာတဲ့ေနရာကိုျပန္သြင္းၾကသင့္တယ္လို႔လည္း FSIS က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.