ပါကစ္စတန်မှာလည်း မျောက်ကျောက်ရောဂါ Mpox ဗိုင်းရပ်စ် တွေ့ရှိလာ

 2202

ရောင်နီ (NP News) - သြဂုတ်လ ၁၈

ပါကစ္စတန်မှာ ပြည်ပမှ ပြန်လာတဲ့လူတစ်ဦးမှာ မျောက်ကျောက်ရောဂါ၊ mpox ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု အတည်ပြုခဲ့တယ်လို့ သြဂုတ်လ ၁၆ ရက်က နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဗိုင်းရပ်စ် အမျိုးအစားကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ပါကစ္စတန်မြောက်ပိုင်း၊ ကေဘာပက်ခ်တန်ကွာပြည်နယ်မှာ ဩဂုတ်လ ၁၆ ရက်က ယူအေအီးမှ ပြန်ရောက်လာတဲ့ ခရီးသည်တစ်ဦးမှာ mpox ရောဂါကူးစက်လူနာတွေ့ရှိ အတည်ပြုခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုလူနာကို အခြားလိုအပ်တဲ့အကာအကွယ်ပြင်ဆင်မှုတွေ စီစဥ်ဆောင်ရွက်လျက်ရှိ နေပြီး လက်ရှိတော့ လူနာရဲ့ရောဂါအမျိုးအစားဟာ mpox ရဲ့ ဘယ်အမျိုးအစားလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။ ဆွီဒင်မှာလည်း ဩဂုတ်လ ၁၅ ရက်က မျိုးကွဲအသစ် ကူးစက်မှု အတည်ပြုခဲ့တာကြောင့် အာဖရိကတိုက်ကြီး အပြင်ဘက် ကူးစက်ပျံ့နှံ့မှု စတင်နေပြီလို့ ယူဆရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆာဂျက်ရှဟ်ကတော့ ယခုအချိန်အထိ လူနာရဲ့နမူနာကို စိစစ်နေဆဲ ဖြစ်တာကြောင့် ဒါပြီးသွားရင်တော့ ဘယ် mpox မျိုးကွဲ ကူးစက်မှုလဲဆိုတာ သိနိုင်မယ်လို့ ဆိုပါတယ်။
မျောက်ကျောက်ရောဂါကူးစက်မှုဟာ ဒီအာကွန်ဂိုနိုင်ငံမှာ အပြင်းထန်ဆုံးဖြစ်ပွားနေပြီး သေဆုံးသူ ၁၁၀၀ ကျော်နေ ပြီဖြစ်ပါတယ်။ မျောက်ကျောက်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီဆိုရင် တုပ်ကွေးလက္ခဏာတွေနဲ့ ခန္ဓာကိုယ်မှာ အဖုအပိန့် တွေ ပေါ်လာတတ်ပြီး အထူးသဖြင့် ကလေးများ၊ ကိုယ်ဝန်ဆောင်များနဲ့ ခုခံအား အားနည်းသူတွေမှာ နောက်ဆက်တွဲပြဿနာဖြစ်နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။

Zawgyi Version;
ပါကစၥတန္မွာလည္း ေမ်ာက္ေက်ာက္ေရာဂါ Mpox ဗိုင္းရပ္စ္ ေတြ႕ရွိလာ
ေရာင္နီ (NP News) - ၾသဂုတ္လ ၁၈

ပါကစၥတန္မွာ ျပည္ပမွ ျပန္လာတဲ့လူတစ္ဦးမွာ ေမ်ာက္ေက်ာက္ေရာဂါ၊ mpox ဗိုင္းရပ္စ္ပိုး ကူးစက္ခံရမႈ အတည္ျပဳခဲ့တယ္လို႔ ၾသဂုတ္လ ၁၆ ရက္က ႏိုင္ငံ က်န္းမာေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ ဗိုင္းရပ္စ္ အမ်ိဳးအစားကိုေတာ့ မသိရေသးဘူးလို႔ ဆိုပါတယ္။

ပါကစၥတန္ေျမာက္ပိုင္း၊ ေကဘာပက္ခ္တန္ကြာျပည္နယ္မွာ ဩဂုတ္လ ၁၆ ရက္က ယူေအအီးမွ ျပန္ေရာက္လာတဲ့ ခရီးသည္တစ္ဦးမွာ mpox ေရာဂါကူးစက္လူနာေတြ႕ရွိ အတည္ျပဳခဲ့ပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနမွ ေျပာေရး ဆိုခြင့္ရွိသူတစ္ဦးက အတည္ျပဳလူနာကို အျခားလိုအပ္တဲ့အကာအကြယ္ျပင္ဆင္မႈေတြ စီစဥ္ေဆာင္႐ြက္လ်က္ရွိ ေနၿပီး လက္ရွိေတာ့ လူနာရဲ႕ေရာဂါအမ်ိဳးအစားဟာ mpox ရဲ႕ ဘယ္အမ်ိဳးအစားလဲဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ ဆြီဒင္မွာလည္း ဩဂုတ္လ ၁၅ ရက္က မ်ိဳးကြဲအသစ္ ကူးစက္မႈ အတည္ျပဳခဲ့တာေၾကာင့္ အာဖရိကတိုက္ႀကီး အျပင္ဘက္ ကူးစက္ပ်ံ႕ႏွံ႔မႈ စတင္ေနၿပီလို႔ ယူဆရပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ ဆာဂ်က္ရွဟ္ကေတာ့ ယခုအခ်ိန္အထိ လူနာရဲ႕နမူနာကို စိစစ္ေနဆဲ ျဖစ္တာေၾကာင့္ ဒါၿပီးသြားရင္ေတာ့ ဘယ္ mpox မ်ိဳးကြဲ ကူးစက္မႈလဲဆိုတာ သိႏိုင္မယ္လို႔ ဆိုပါတယ္။
ေမ်ာက္ေက်ာက္ေရာဂါကူးစက္မႈဟာ ဒီအာကြန္ဂိုႏိုင္ငံမွာ အျပင္းထန္ဆုံးျဖစ္ပြားေနၿပီး ေသဆုံးသူ ၁၁၀၀ ေက်ာ္ေန ၿပီျဖစ္ပါတယ္။ ေမ်ာက္ေက်ာက္ဗိုင္းရပ္စ္ပိုး ကူးစက္ခံရၿပီဆိုရင္ တုပ္ေကြးလကၡဏာေတြနဲ႔ ခႏၶာကိုယ္မွာ အဖုအပိန႔္ ေတြ ေပၚလာတတ္ၿပီး အထူးသျဖင့္ ကေလးမ်ား၊ ကိုယ္ဝန္ေဆာင္မ်ားနဲ႔ ခုခံအား အားနည္းသူေတြမွာ ေနာက္ဆက္တြဲျပႆနာျဖစ္ႏိုင္ေျခ ပိုမ်ားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.