ဘရာဇီးမှာ X (တွစ်တာ)ရဲ့လည်ပတ်မှုတွေ ရပ်ဆိုင်းတော့မယ်လို့ အီလွန်မတ် ကြေညာ

 1068

Pika (NP News) - သြဂုတ် ၁၈

ဆိုရှယ်မီဒီယာပလက်ဖောင်း X(တွစ်တာ)ဟာ ဘရာဇီးနိုင်ငံတွင်းမှာ ၎င်းရဲ့ပြည်တွင်းလည်ပတ်မှုတွေကို ပိတ်ပစ် တော့မှာဖြစ်တယ်လို့ ပိုင်ရှင်ဖြစ်သူ ကမ္ဘာကျော်ဘီလျံနာအီလွန်မတ်က ဩဂုတ်လ(၁၇)ရက်မှာ ထုတ်ပြန်ပြော ကြားခဲ့ပါတယ်။ ဘရာဇီးနိုင်ငံတွင်းမှာ X ရဲ့ အခွင့်အရေးတွေ၊ တာဝန်တွေနဲ့ပတ်သက်ပြီး တရားဝင် အငြင်းပွားမှု တွေဖြစ်ပွားပြီးနောက် အီလွန်မတ်ရဲ့ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါပေမယ့် X ရဲ့ဝန်ဆောင်မှုတွေကို ဘရာဇီးအသုံးပြုသူတွေက ဆက်လက်ရရှိနေဦးမှာဖြစ်တယ်လို့လည်း သိရပါ တယ်။ အီလွန်မတ်နဲ့ဘရာဇီးတရားရုံးချုပ် တရားသူကြီး Alexandre de Moraes တို့ကြားမှာ တရားရေးဆိုင်ရာ ငြင်းဆုံမှုတွေဖြစ်ပွားပြီးနောက် ယခုလိုပိတ်ပစ်ဖို့ ထုတ်ပြန်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး Alexandre de Moraes က ၎င်းဟာ အွန်လိုင်းပေါ်မှာ အန္တရာယ်ရှိတဲ့ သတင်းအမှား တွေ ပျံ့နှံ့မှုကို တိုက်ဖျက်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

X ရဲ့ ကမ္ဘာလုံးဆိုင်ရာအစိုးရရေးရာဌာနရဲ့ထုတ်ပြန်ချက်မှာ “ကျွန်တော်တို့ပလက်ဖောင်းက ၎င်းရဲ့ဆင်ဆာ ဖြတ်တောက်မှုအမိန့်ကို မလိုက်နာဘူးဆိုရင် ဘရာဇီးမှာရှိတဲ့ ကျွန်တော်တို့ရဲ့တရားဝင်ကိုယ်စားလှယ်ကို ဖမ်းဆီး မယ်လို့ တရားသူကြီး Alexandre de Moraes က ခြိမ်းခြောက်ခဲ့ပါတယ်။ ကျွန်တော်တို့ဝန်ထမ်းရဲ့ ဘေးကင်း လုံခြုံရေးကို ကာကွယ်ဖို့အတွက် ရုံးခန်းကို ပိတ်ပစ်ဖို့ လိုအပ်ပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုဟာ Alexandre de Moraes နဲ့ပဲ လုံးဝသက်ဆိုင်ပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။

Alexandre de Moraes ဟာ သတင်းအမှားတွေဖြန့်နေတယ်လို့ သံသယရှိတဲ့ တွစ်တာအကောင့်အများအပြားကို ပိတ်ပစ်ဖို့ ယခင်က အမိန့်ပေးခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ Alexandre de Moraes က “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ဟာ လွတ်လပ်စွာ ရန်လိုတာမျိုးကို မဆိုလိုပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ဘရာဇီးမွာ X (တြစ္တာ)ရဲ႕လည္ပတ္မႈေတြ ရပ္ဆိုင္းေတာ့မယ္လို႔ အီလြန္မတ္ ေၾကညာ
Pika (NP News) - ၾသဂုတ္ ၁၈

ဆိုရွယ္မီဒီယာပလက္ေဖာင္း X(တြစ္တာ)ဟာ ဘရာဇီးႏိုင္ငံတြင္းမွာ ၎ရဲ႕ျပည္တြင္းလည္ပတ္မႈေတြကို ပိတ္ပစ္ ေတာ့မွာျဖစ္တယ္လို႔ ပိုင္ရွင္ျဖစ္သူ ကမာၻေက်ာ္ဘီလ်ံနာအီလြန္မတ္က ဩဂုတ္လ(၁၇)ရက္မွာ ထုတ္ျပန္ေျပာ ၾကားခဲ့ပါတယ္။ ဘရာဇီးႏိုင္ငံတြင္းမွာ X ရဲ႕ အခြင့္အေရးေတြ၊ တာဝန္ေတြနဲ႔ပတ္သက္ၿပီး တရားဝင္ အျငင္းပြားမႈ ေတြျဖစ္ပြားၿပီးေနာက္ အီလြန္မတ္ရဲ႕ေၾကညာခ်က္ထြက္ေပၚလာတာျဖစ္ပါတယ္။

ဒါေပမယ့္ X ရဲ႕ဝန္ေဆာင္မႈေတြကို ဘရာဇီးအသုံးျပဳသူေတြက ဆက္လက္ရရွိေနဦးမွာျဖစ္တယ္လို႔လည္း သိရပါ တယ္။ အီလြန္မတ္နဲ႔ဘရာဇီးတရား႐ုံးခ်ဳပ္ တရားသူႀကီး Alexandre de Moraes တို႔ၾကားမွာ တရားေရးဆိုင္ရာ ျငင္းဆုံမႈေတြျဖစ္ပြားၿပီးေနာက္ ယခုလိုပိတ္ပစ္ဖို႔ ထုတ္ျပန္ခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ အျငင္းပြားမႈေတြနဲ႔ပတ္သက္ၿပီး Alexandre de Moraes က ၎ဟာ အြန္လိုင္းေပၚမွာ အႏၲရာယ္ရွိတဲ့ သတင္းအမွား ေတြ ပ်ံ႕ႏွံ႔မႈကို တိုက္ဖ်က္ဖို႔ ႀကိဳးပမ္းေနတာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

X ရဲ႕ ကမာၻလုံးဆိုင္ရာအစိုးရေရးရာဌာနရဲ႕ထုတ္ျပန္ခ်က္မွာ “ကြၽန္ေတာ္တို႔ပလက္ေဖာင္းက ၎ရဲ႕ဆင္ဆာ ျဖတ္ေတာက္မႈအမိန႔္ကို မလိုက္နာဘူးဆိုရင္ ဘရာဇီးမွာရွိတဲ့ ကြၽန္ေတာ္တို႔ရဲ႕တရားဝင္ကိုယ္စားလွယ္ကို ဖမ္းဆီး မယ္လို႔ တရားသူႀကီး Alexandre de Moraes က ၿခိမ္းေျခာက္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ဝန္ထမ္းရဲ႕ ေဘးကင္း လုံၿခဳံေရးကို ကာကြယ္ဖို႔အတြက္ ႐ုံးခန္းကို ပိတ္ပစ္ဖို႔ လိုအပ္ပါတယ္။ တာဝန္ယူမႈ၊ တာဝန္ခံမႈဟာ Alexandre de Moraes နဲ႔ပဲ လုံးဝသက္ဆိုင္ပါတယ္” လို႔ ေရးသားေဖာ္ျပထားပါတယ္။

Alexandre de Moraes ဟာ သတင္းအမွားေတြျဖန႔္ေနတယ္လို႔ သံသယရွိတဲ့ တြစ္တာအေကာင့္အမ်ားအျပားကို ပိတ္ပစ္ဖို႔ ယခင္က အမိန႔္ေပးခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။ Alexandre de Moraes က “လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုပိုင္ခြင့္ဟာ လြတ္လပ္စြာ ရန္လိုတာမ်ိဳးကို မဆိုလိုပါဘူး” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.