ယူကရိန်းအတွက် ငွေကြေးတွေ မရှိတော့ဘူးလို့ ဂျာမနီအစိုးရပြော

 2484

Pika (NP News) - သြဂုတ် ၁၈

ယူကရိန်းအတွက် စစ်ရေးအကူအညီပေးနေတာတွေကို ကန့်သတ်ချက်ထားပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနကို တောင်းဆိုတဲ့တောင်းဆိုချက်တစ်ခုကို ဂျာမနီဘဏ္ဍာရေးဝန်ကြီးခရစ္စတီယန်လင်ဒါက ထုတ်ပြန်ခဲ့တယ်လို့ Frankfurter Allgemeine Zeitung (FAZ) သတင်းစာက ဩဂုတ်လ(၁၇)ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ခရစ္စတီယန်လင်ဒါရဲ့အဆိုအရ ဂျာမနီအစိုးရရဲ့လက်ရှိဘတ်ဂျက်အစီအစဉ်ဟာ ယူကရိန်းကို ရန်ပုံငွေခွဲဝေပေးဖို့ လောက်ငှတာမျိုး မရှိဘူးလို့လည်း သိရပါတယ်။ဂျာမနီကာကွယ်ရေးဝန်ကြီးဘိုးရစ်ပီစတိုးရီးယက်စ်နဲ့ နိုင်ငံခြားရေးဝန်ကြီးအန်နာလီနာဘဲဘော့ဂ်တို့ကို အကြောင်းကြားထားတဲ့စာတစ်စောင်ထဲမှာ အဲဒီတောင်းဆိုချက်ကို ထည့်သွင်းတာလို့လည်း သိရပါတယ်။

ဒါအပြင် ယခင်တည်းက အတည်ပြုထားတဲ့စစ်ရေးအကူအညီတွေကိုပဲ ယူကရိန်းကို ပေးပို့နိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီတောင်းဆိုချက်နဲ့ပတ်သက်ပြီး ပိတ်ဆို့ထားမှုတွေဟာ စတင်အသက်ဝင်နေပြီဖြစ်ပြီး လာမယ့်နှစ်မှာ ဂျာမနီအစိုးရဟာ ယူကရိန်းအတွက် ၎င်းတို့ရဲ့စစ်ရေးအကူအညီပေးပို့မှုတွေကို ထက်ဝက်ခန့် လျှော့ချပစ်နိုင်ဖွယ်ရှိနေတယ်လို့ (FAZ) သတင်းစာက မှတ်ချက်ပြုဖော်ပြထားပါတယ်။

လာမယ့် ၂ဝ၂၇ ခုနှစ်မှာ ယူကရိန်းအတွက် ဂျာမနီရဲ့အကူအညီတွေဟာ လက်ရှိပေးပို့နေတဲ့အကူအညီပမာဏရဲ့ ဆယ်ပုံတစ်ပုံအောက်ကို ကျဆင်းသွားနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ ဂျာမနီအစိုးရဟာ ၂၀၂၄ ခုနှစ် အတွက် ယူရို(၈)ဘီလျံ အကူအညီတွေကို ယူကရိန်းအတွက် စီစဉ်ထားပြီး ၂ဝ၂၅ ခုနှစ်အတွက် စီစဉ်ထားတဲ့ ယူရို (၄)ဘီလျံဟာ ရရှိနိုင်တဲ့ရန်ပုံငွေတွေထက် ကျော်လွန်နေပြီဖြစ်တယ်လို့လည်း (FAZ) သတင်းစာက မှတ်ချက်ပြု ထားပါတယ်။

ဒါ့ပြင် ဂျာမနီအစိုးရဟာ ယူကရိန်းအတွက်အကူအညီကို ၂ဝ၂၆ ခုနှစ်အတွက် ယူရို(၃)ဘီလျံ၊ ၂ဝ၂၇ ခုနှစ်တဲ့ ၂၀၂၈ ခုနှစ်တို့အတွက် ယူရိုသန်း(၅၀၀)စီ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ဂျာမနီအစိုးရရဲ့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တစ်ခုက “အကူအညီတွေပေးပို့တာက အဆုံးသတ်ကိုရောက်နေပါပြီ။ ဘာမှမကျန်တော့ပါဘူး။ ဂျာမနီဟာ ယူကရိန်းအတွက် ကတိတွေ ထပ်ပေးနိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့အခြေအနေကို ရောက်ရှိနေပါပြီ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ယူကရိန္းအတြက္ ေငြေၾကးေတြ မရွိေတာ့ဘူးလို႔ ဂ်ာမနီအစိုးရေျပာ
Pika (NP News) - ၾသဂုတ္ ၁၈

ယူကရိန္းအတြက္ စစ္ေရးအကူအညီေပးေနတာေတြကို ကန႔္သတ္ခ်က္ထားေပးဖို႔ ကာကြယ္ေရးဝန္ႀကီးဌာနကို ေတာင္းဆိုတဲ့ေတာင္းဆိုခ်က္တစ္ခုကို ဂ်ာမနီဘ႑ာေရးဝန္ႀကီးခရစၥတီယန္လင္ဒါက ထုတ္ျပန္ခဲ့တယ္လို႔ Frankfurter Allgemeine Zeitung (FAZ) သတင္းစာက ဩဂုတ္လ(၁၇)ရက္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

ခရစၥတီယန္လင္ဒါရဲ႕အဆိုအရ ဂ်ာမနီအစိုးရရဲ႕လက္ရွိဘတ္ဂ်က္အစီအစဥ္ဟာ ယူကရိန္းကို ရန္ပုံေငြခြဲေဝေပးဖို႔ ေလာက္ငွတာမ်ိဳး မရွိဘူးလို႔လည္း သိရပါတယ္။ဂ်ာမနီကာကြယ္ေရးဝန္ႀကီးဘိုးရစ္ပီစတိုးရီးယက္စ္နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးအန္နာလီနာဘဲေဘာ့ဂ္တို႔ကို အေၾကာင္းၾကားထားတဲ့စာတစ္ေစာင္ထဲမွာ အဲဒီေတာင္းဆိုခ်က္ကို ထည့္သြင္းတာလို႔လည္း သိရပါတယ္။

ဒါအျပင္ ယခင္တည္းက အတည္ျပဳထားတဲ့စစ္ေရးအကူအညီေတြကိုပဲ ယူကရိန္းကို ေပးပို႔ႏိုင္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီေတာင္းဆိုခ်က္နဲ႔ပတ္သက္ၿပီး ပိတ္ဆို႔ထားမႈေတြဟာ စတင္အသက္ဝင္ေနၿပီျဖစ္ၿပီး လာမယ့္ႏွစ္မွာ ဂ်ာမနီအစိုးရဟာ ယူကရိန္းအတြက္ ၎တို႔ရဲ႕စစ္ေရးအကူအညီေပးပို႔မႈေတြကို ထက္ဝက္ခန႔္ ေလွ်ာ့ခ်ပစ္ႏိုင္ဖြယ္ရွိေနတယ္လို႔ (FAZ) သတင္းစာက မွတ္ခ်က္ျပဳေဖာ္ျပထားပါတယ္။

လာမယ့္ ၂ဝ၂၇ ခုႏွစ္မွာ ယူကရိန္းအတြက္ ဂ်ာမနီရဲ႕အကူအညီေတြဟာ လက္ရွိေပးပို႔ေနတဲ့အကူအညီပမာဏရဲ႕ ဆယ္ပုံတစ္ပုံေအာက္ကို က်ဆင္းသြားႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။ ဂ်ာမနီအစိုးရဟာ ၂၀၂၄ ခုႏွစ္ အတြက္ ယူ႐ို(၈)ဘီလ်ံ အကူအညီေတြကို ယူကရိန္းအတြက္ စီစဥ္ထားၿပီး ၂ဝ၂၅ ခုႏွစ္အတြက္ စီစဥ္ထားတဲ့ ယူ႐ို (၄)ဘီလ်ံဟာ ရရွိႏိုင္တဲ့ရန္ပုံေငြေတြထက္ ေက်ာ္လြန္ေနၿပီျဖစ္တယ္လို႔လည္း (FAZ) သတင္းစာက မွတ္ခ်က္ျပဳ ထားပါတယ္။

ဒါ့ျပင္ ဂ်ာမနီအစိုးရဟာ ယူကရိန္းအတြက္အကူအညီကို ၂ဝ၂၆ ခုႏွစ္အတြက္ ယူ႐ို(၃)ဘီလ်ံ၊ ၂ဝ၂၇ ခုႏွစ္တဲ့ ၂၀၂၈ ခုႏွစ္တို႔အတြက္ ယူ႐ိုသန္း(၅၀၀)စီ စီစဥ္ထားတယ္လို႔လည္း သိရပါတယ္။ ဂ်ာမနီအစိုးရရဲ႕ အမည္မေဖာ္လိုတဲ့သတင္းရင္းျမစ္တစ္ခုက “အကူအညီေတြေပးပို႔တာက အဆုံးသတ္ကိုေရာက္ေနပါၿပီ။ ဘာမွမက်န္ေတာ့ပါဘူး။ ဂ်ာမနီဟာ ယူကရိန္းအတြက္ ကတိေတြ ထပ္ေပးႏိုင္ေတာ့မွာ မဟုတ္ဘူးဆိုတဲ့အေျခအေနကို ေရာက္ရွိေနပါၿပီ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.