ထိုင်းဘုရင်က ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့သမီး ပီတွန်တန်ရှင်နာဝါထရာကို ဝန်ကြီးချုပ်အသစ်အဖြစ် တရားဝင်ခန့်အပ်

 1057

Pika (NP News) - သြဂုတ် ၁၈

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့သမီးဖြစ်သူ ပီတွန်တန်ရှင်နာဝါထရာကို လွှတ်တော်က ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်ခဲ့ပြီးနောက် နှစ်ရက်အကြာ ဩဂုတ်လ(၁၈)ရက်မှာ ထိုင်းဘုရင်ဟာ ၎င်းကိုဝန်ကြီးချုပ်အဖြစ် တရားဝင် ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဝန်ကြီးချုပ်ဆာရက်တာသာဗီဆင်ကို ရာထူးကနေ ဖယ်ရှားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အသက်(၃၇)နှစ်အရွယ် ပီတွန်တန်ရှင်နာဝါထရာဟာ ထိုင်းနိုင်ငံရဲ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၁၆)ရက်က ကျင်းပခဲ့တဲ့ လွှတ်တော် အစည်းအဝေးအတွင်းမှာ ဝန်ကြီးချုပ်နေရာအတွက် မဲပေးရွေးချယ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ပီတွန်တန် ရှင်နာဝါထရာဟာ ထောက်ခံမဲ(၃၁၉)၊ ကန့်ကွက်မဲ(၁၄၅)မဲ နဲ့ ကြားနေမဲ(၂၇)မဲ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

မဲပေးရွေးချယ်မှုတွေ လုပ်ဆောင်ပြီးနောက် ပီတွန်တန်ရှင်နာဝါထရာဟာ ထိုင်းနိုင်ငံသမိုင်းမှာ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ရှင်နာဝါထရာမိသားစုမှာတော့ တတိယမြောက်ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ရသူဖြစ်လာတယ်လို့လည်း သိရပါတယ်။ ထိုင်းဘုရင် Maha Vajiralongkorn ရဲ့ တရားဝင် ခွင့်ပြုချက်ကို အောက်လွှတ်တော်ကိုယ်စားလှယ် အတွင်းရေးမှူး Apat Sukhanand က ဩဂုတ်လ(၁၈)ရက်မှာ ဘန်ကောက်မြို့မှာကျင်းပတဲ့အခမ်းအနားအတွင်း ဖတ်ကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီအခမ်းအနားအတွင်း ယူနီဖောင်းကိုဝတ်ဆင်ထားတဲ့ ပီတွန်တန်ရှင်နာဝါထရာဟာ ထိုင်းဘုရင် Maha Vajiralongkorn ရဲ့ ပုံတူကို ဒူးထောက်ကာဂါရဝပြုခဲ့တယ်လို့လည်း သိရပါတယ်။

ဒါအပြင် ၎င်းကို ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပီတွန်တန်ရှင်နာဝါထရာက မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။ ၎င်းက “ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့အတူ ပွင့်လင်းမြင်သာစွာ လက်တွဲဆောင်ရွက်သွားမှာပါ။ အားလုံးရဲ့သဘောထားအမြင်တွေကို နားထောင် ပြီး တည်ငြိမ်အေးချမ်းမှုနဲ့အတူ နိုင်ငံကို ရှေ့ကိုခေါ်ဆောင်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ထိုင္းဘုရင္က ဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္ရဲ႕သမီး ပီတြန္တန္ရွင္နာဝါထရာကို ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ တရားဝင္ခန႔္အပ္
Pika (NP News) - ၾသဂုတ္ ၁၈

ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္ရဲ႕သမီးျဖစ္သူ ပီတြန္တန္ရွင္နာဝါထရာကို လႊတ္ေတာ္က ဝန္ႀကီးခ်ဳပ္အျဖစ္ မဲေပးေ႐ြးခ်ယ္ခဲ့ၿပီးေနာက္ ႏွစ္ရက္အၾကာ ဩဂုတ္လ(၁၈)ရက္မွာ ထိုင္းဘုရင္ဟာ ၎ကိုဝန္ႀကီးခ်ဳပ္အျဖစ္ တရားဝင္ ခန႔္အပ္လိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။

ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒတရား႐ုံးက ဝန္ႀကီးခ်ဳပ္ဆာရက္တာသာဗီဆင္ကို ရာထူးကေန ဖယ္ရွားခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ အသက္(၃၇)ႏွစ္အ႐ြယ္ ပီတြန္တန္ရွင္နာဝါထရာဟာ ထိုင္းႏိုင္ငံရဲ႕အသက္အငယ္ဆုံး ဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ ဩဂုတ္လ(၁၆)ရက္က က်င္းပခဲ့တဲ့ လႊတ္ေတာ္ အစည္းအေဝးအတြင္းမွာ ဝန္ႀကီးခ်ဳပ္ေနရာအတြက္ မဲေပးေ႐ြးခ်ယ္မႈေတြ လုပ္ေဆာင္ခဲ့ၿပီး ပီတြန္တန္ ရွင္နာဝါထရာဟာ ေထာက္ခံမဲ(၃၁၉)၊ ကန႔္ကြက္မဲ(၁၄၅)မဲ နဲ႔ ၾကားေနမဲ(၂၇)မဲ ရရွိခဲ့တယ္လို႔လည္း သိရပါတယ္။

မဲေပးေ႐ြးခ်ယ္မႈေတြ လုပ္ေဆာင္ၿပီးေနာက္ ပီတြန္တန္ရွင္နာဝါထရာဟာ ထိုင္းႏိုင္ငံသမိုင္းမွာ ဒုတိယေျမာက္ အမ်ိဳးသမီးဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့ၿပီး ရွင္နာဝါထရာမိသားစုမွာေတာ့ တတိယေျမာက္ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ ထမ္းေဆာင္ရသူျဖစ္လာတယ္လို႔လည္း သိရပါတယ္။ ထိုင္းဘုရင္ Maha Vajiralongkorn ရဲ႕ တရားဝင္ ခြင့္ျပဳခ်က္ကို ေအာက္လႊတ္ေတာ္ကိုယ္စားလွယ္ အတြင္းေရးမႉး Apat Sukhanand က ဩဂုတ္လ(၁၈)ရက္မွာ ဘန္ေကာက္ၿမိဳ႕မွာက်င္းပတဲ့အခမ္းအနားအတြင္း ဖတ္ၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီအခမ္းအနားအတြင္း ယူနီေဖာင္းကိုဝတ္ဆင္ထားတဲ့ ပီတြန္တန္ရွင္နာဝါထရာဟာ ထိုင္းဘုရင္ Maha Vajiralongkorn ရဲ႕ ပုံတူကို ဒူးေထာက္ကာဂါရဝျပဳခဲ့တယ္လို႔လည္း သိရပါတယ္။

ဒါအျပင္ ၎ကို ဝန္ႀကီးခ်ဳပ္အျဖစ္ မဲေပးေ႐ြးခ်ယ္ခဲ့တဲ့အတြက္ ေက်းဇူးတင္ေၾကာင္း ပီတြန္တန္ရွင္နာဝါထရာက မိန႔္ခြန္းအတြင္း ထည့္သြင္းေျပာၾကားခဲ့သည္။ ၎က “ဝန္ႀကီးခ်ဳပ္တစ္ေယာက္အေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေတြနဲ႔အတူ ပြင့္လင္းျမင္သာစြာ လက္တြဲေဆာင္႐ြက္သြားမွာပါ။ အားလုံးရဲ႕သေဘာထားအျမင္ေတြကို နားေထာင္ ၿပီး တည္ၿငိမ္ေအးခ်မ္းမႈနဲ႔အတူ ႏိုင္ငံကို ေရွ႕ကိုေခၚေဆာင္သြားမွာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.