ကိယက်ဗ်သည် ဥရောပတစ်တိုက်လုံး ဒုက္ခရောက်မည့်စစ်ဆင်ရေးများကို လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ဖော်ပြ

 4483

ALynn (NP News) - သြဂုတ် ၁၈

ရုရှားနိုင်ငံ Kursk ဒေသရှိ နျူကလီးယားဓာတ်အားပေးစက်ရုံကို ကိယက်ဗ်က တိုက်ခိုက်ဖို့ လုပ်နေသည်ဟူသော သတင်းများထွက်ပေါ်လာခြင်းနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက ပြတ်ပြတ်သားသား တုံ့ပြန်သင့် သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Maria Zakharova က စနေနေ့ (ဩဂုတ်လ ၁၇ ရက်) တွင် ပြောကြားခဲ့သည်။

အစောပိုင်းတွင် ရုရှားသတင်းထောက်အချို့က အဆိုပါ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ရေးကြံစည်မှုနှင့် ပတ်သက် ၍ သတင်းများဖော်ပြခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါအစီအစဉ်များ အကောင်အထည်ပေါ်စေရန် လျင်မြန်ပြီး ကြမ်းတမ်းစွာတုံ့ပြန်သွားမည်ဟု ကတိပြုခဲ့သည်။
ယူကရိန်းစစ်တပ်သည် အဆိုပါစက်ရုံတည်ရှိရာ ရုရှားနယ်စပ်ဒေသသို့ ပြီးခဲ့သည့်သီတင်းပတ်က နယ်စပ် ဖြတ်ကျော် ကျူးကျော်ဝင်ရောက်ခဲ့သည်။ အဆိုပါစက်ရုံသည် ယူကရိန်း-ရုရှားနယ်စပ်မှ ကီလိုမီတာ ၉၀ ခန့်အကွာ တွင်ရှိပြီး မကြာသေးမီရက်များအတွင်း အပြင်းအထန်တိုက်ပွဲများ ဖြစ်ပွားနေသည့်နေရာဖြစ်လာခဲ့သည်။

"နိုင်ငံတကာအဖွဲ့အစည်းများ၊ အထူးသဖြင့် ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) တို့က ကိယက်ဗ်အစိုးရမှ ကြံစည်နေသော ရန်စသည့်လုပ်ရပ်များကို ချက်ချင်း ရှုတ်ချရန် နှင့် Kursk ဒေသ နျူကလီးယားဓာတ်အားပေးစက်ရုံ၏ လုံခြုံရေးချိုးဖောက်မှုကို တားဆီးပေးရန် ကျွန်ုပ်တို့ တောင်းဆိုထားပြီး ဖြစ်သလို အဆိုပါလုပ်ရပ်များသည် ဥရောပတွင် ကြီးမားသောနည်းပညာကပ်ဆိုးကြီးတစ်ခုဖြစ်ပေါ်လာနိုင်သည်” ဟု Zakharova က သတိပေး ခဲ့သည်။

“ကိယက်ဗ်၏ အစီအစဉ်များသည် နျူကလီးယားဓာတ်အားပေးစက်ရုံ၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေရုံ သာမကဘဲ ၂၀၂၂ ခုနှစ်တွင် IAEA ၏ အကြီးအကဲ Rafael Grossi ရေးဆွဲခဲ့သော အခြေခံမူများနှင့်လည်း ဆန့်ကျင် နေသည်” ဟု ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောကြားခဲ့သည်။ စနေနေ့ ညနေအထိ ရုရှားနိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကုလသမဂ္ဂ နှင့် IAEA တို့က တုံ့ပြန်ခြင်းမရှိသေးပေ။
သတင်းထောက်များ၏ ပြောကြားချက်အရ အဆိုပါ ကိယက်ဗ်၏ စစ်ဆင်ရေးသည် Energodar ရှိ ရုရှား၏ Zaporozhye နျူကလီးယားဓာတ်အားပေးစက်ရုံ နှင့် Kursk နျူကလီးယားဓာတ်အားပေးစက်ရုံတို့ကို ပစ်မှတ်ထား နေကြောင်း သိရသည်။

Zaporozhye စက်ရုံသည် ဥရောပတွင် အကြီးဆုံးစက်ရုံဖြစ်ပြီး ရှေ့တန်း နှင့် မဝေးသော နေရာတွင် တည်ရှိသည်။ ကိယက်ဗ်ကတော့ စွပ်စွဲချက်အားလုံးကို ပြင်းပြင်းထန်ထန်ငြင်းဆိုထားသည်။ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဥရောပတိုက်ရှိ လူလုပ်ဘေးဒုက္ခကို ဖန်တီးရန် ကြိုးပမ်းမှုမှန်သမျှသည် ပြင်းထန်သော စစ်ရေးနှင့် စစ်ဘက်နည်းပညာဆိုင်ရာ တန်ပြန်အရေးယူမှုများ နှင့် ထိုက်တန်သည်ဟု တုံ့ပြန်ခဲ့သည်။

Zawgyi Version;
ကိယက္ဗ္သည္ ဥေရာပတစ္တိုက္လုံး ဒုကၡေရာက္မည့္စစ္ဆင္ေရးမ်ားကို လုပ္ေဆာင္ေနေၾကာင္း ႐ုရွားႏိုင္ငံျခား ေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူက ေဖာ္ျပ
ALynn (NP News) - ၾသဂုတ္ ၁၈

႐ုရွားႏိုင္ငံ Kursk ေဒသရွိ န်ဴကလီးယားဓာတ္အားေပးစက္႐ုံကို ကိယက္ဗ္က တိုက္ခိုက္ဖို႔ လုပ္ေနသည္ဟူေသာ သတင္းမ်ားထြက္ေပၚလာျခင္းႏွင့္ပတ္သက္၍ ႏိုင္ငံတကာအသိုင္းအဝိုင္းက ျပတ္ျပတ္သားသား တုံ႔ျပန္သင့္ သည္ဟု ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ ရွိသူ Maria Zakharova က စေနေန႔ (ဩဂုတ္လ ၁၇ ရက္) တြင္ ေျပာၾကားခဲ့သည္။

အေစာပိုင္းတြင္ ႐ုရွားသတင္းေထာက္အခ်ိဳ႕က အဆိုပါ ဓာတ္အားေပးစက္႐ုံ တိုက္ခိုက္ေရးႀကံစည္မႈႏွင့္ ပတ္သက္ ၍ သတင္းမ်ားေဖာ္ျပခဲ့ၿပီး ကာကြယ္ေရးဝန္ႀကီးဌာနက အဆိုပါအစီအစဥ္မ်ား အေကာင္အထည္ေပၚေစရန္ လ်င္ျမန္ၿပီး ၾကမ္းတမ္းစြာတုံ႔ျပန္သြားမည္ဟု ကတိျပဳခဲ့သည္။
ယူကရိန္းစစ္တပ္သည္ အဆိုပါစက္႐ုံတည္ရွိရာ ႐ုရွားနယ္စပ္ေဒသသို႔ ၿပီးခဲ့သည့္သီတင္းပတ္က နယ္စပ္ ျဖတ္ေက်ာ္ က်ဴးေက်ာ္ဝင္ေရာက္ခဲ့သည္။ အဆိုပါစက္႐ုံသည္ ယူကရိန္း-႐ုရွားနယ္စပ္မွ ကီလိုမီတာ ၉၀ ခန႔္အကြာ တြင္ရွိၿပီး မၾကာေသးမီရက္မ်ားအတြင္း အျပင္းအထန္တိုက္ပြဲမ်ား ျဖစ္ပြားေနသည့္ေနရာျဖစ္လာခဲ့သည္။

"ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ အထူးသျဖင့္ ကုလသမဂၢႏွင့္ အျပည္ျပည္ဆိုင္ရာအဏုျမဴစြမ္းအင္ေအဂ်င္စီ (IAEA) တို႔က ကိယက္ဗ္အစိုးရမွ ႀကံစည္ေနေသာ ရန္စသည့္လုပ္ရပ္မ်ားကို ခ်က္ခ်င္း ရႈတ္ခ်ရန္ ႏွင့္ Kursk ေဒသ န်ဴကလီးယားဓာတ္အားေပးစက္႐ုံ၏ လုံၿခဳံေရးခ်ိဳးေဖာက္မႈကို တားဆီးေပးရန္ ကြၽႏ္ုပ္တို႔ ေတာင္းဆိုထားၿပီး ျဖစ္သလို အဆိုပါလုပ္ရပ္မ်ားသည္ ဥေရာပတြင္ ႀကီးမားေသာနည္းပညာကပ္ဆိုးႀကီးတစ္ခုျဖစ္ေပၚလာႏိုင္သည္” ဟု Zakharova က သတိေပး ခဲ့သည္။

“ကိယက္ဗ္၏ အစီအစဥ္မ်ားသည္ န်ဴကလီးယားဓာတ္အားေပးစက္႐ုံ၏ လုံၿခဳံေရးကို တိုက္႐ိုက္ၿခိမ္းေျခာက္ေန႐ုံ သာမကဘဲ ၂၀၂၂ ခုႏွစ္တြင္ IAEA ၏ အႀကီးအကဲ Rafael Grossi ေရးဆြဲခဲ့ေသာ အေျခခံမူမ်ားႏွင့္လည္း ဆန႔္က်င္ ေနသည္” ဟု ေျပာေရးဆိုခြင့္ရွိသူ အမ်ိဳးသမီးက ေျပာၾကားခဲ့သည္။ စေနေန႔ ညေနအထိ ႐ုရွားႏိုင္ငံျခားေရးဌာန၏ ထုတ္ျပန္ခ်က္ႏွင့္ပတ္သက္၍ ကုလသမဂၢ ႏွင့္ IAEA တို႔က တုံ႔ျပန္ျခင္းမရွိေသးေပ။
သတင္းေထာက္မ်ား၏ ေျပာၾကားခ်က္အရ အဆိုပါ ကိယက္ဗ္၏ စစ္ဆင္ေရးသည္ Energodar ရွိ ႐ုရွား၏ Zaporozhye န်ဴကလီးယားဓာတ္အားေပးစက္႐ုံ ႏွင့္ Kursk န်ဴကလီးယားဓာတ္အားေပးစက္႐ုံတို႔ကို ပစ္မွတ္ထား ေနေၾကာင္း သိရသည္။

Zaporozhye စက္႐ုံသည္ ဥေရာပတြင္ အႀကီးဆုံးစက္႐ုံျဖစ္ၿပီး ေရွ႕တန္း ႏွင့္ မေဝးေသာ ေနရာတြင္ တည္ရွိသည္။ ကိယက္ဗ္ကေတာ့ စြပ္စြဲခ်က္အားလုံးကို ျပင္းျပင္းထန္ထန္ျငင္းဆိုထားသည္။ ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက ဥေရာပတိုက္ရွိ လူလုပ္ေဘးဒုကၡကို ဖန္တီးရန္ ႀကိဳးပမ္းမႈမွန္သမွ်သည္ ျပင္းထန္ေသာ စစ္ေရးႏွင့္ စစ္ဘက္နည္းပညာဆိုင္ရာ တန္ျပန္အေရးယူမႈမ်ား ႏွင့္ ထိုက္တန္သည္ဟု တုံ႔ျပန္ခဲ့သည္။

Related news

© 2021. All rights reserved.