အမေရိကန်ကမ်းခြေတွေမှာ E.coli နဲ့ အခြား ဘတ်တီးရီးယားပိုးမွှား ပေါက်ဖွားမှုတွေ ကြီးထွားနေ

 616

ရောင်နီ (NP News) - သြဂုတ်လ ၁၉

အမေရိကန်မှာ ရာသီဥတုပြောင်းလဲမှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှု၊ အပူချိန်မြင့်တက်လာမှုတွေကြောင့် ရေကန်၊ မြစ် နဲ့ ပင်လယ်ကမ်းခြေတွေမှာ E. coli နဲ့ cyanobacteria ပေါက်ဖွားမှုတွေ ပိုမိုမြင့်တက်လာနေတယ်လို့ သိရပါတယ်။

၁၉၈၅ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အတွင်း၊ ရေကန်တွေမှာ ဆယ်စုနှစ်တစ်ခုကို အကြမ်းဖျင်း သုည ဒသမ သုံး ဒီဂရီ စင်တီ ဂရိတ်နှုန်းနဲ့ ပူနွေးလာနေပြီး ဒီပြောင်းလဲမှုဟာ အရည်ကြည်ဖုများပေါက်ခြင်း၊ ဝမ်းလျှောခြင်း၊ ကြွက်သားအားနည်း ခြင်း၊ အသည်းပျက်စီးခြင်း စတဲ့ လက္ခဏာတွေဖြစ်စေတတ်တဲ့ ဘတ်တီးရီးယားပိုးမွှားပေါက်ဖွားမှုတွေကို ပိုမြင့်တက်စေနိုင်ပါတယ်။ မိုးသည်းထန်စွာရွာသွန်းခြင်းဟာ ဘတ်တီးရီးယားပိုးမွှားပေါက်ခြင်းအတွက် လောင်စာ ဖြစ်စေတယ်လို့ အမျိုးသားသမုဒ္ဒရာနဲ့ လေထုစီမံခန့်ခွဲရေးမှ ဒေါက်တာ ကိုလင်ရိုင်နယ်က ပြောကြားခဲ့ပါတယ်။

မုန်တိုင်းမိုးရေမှာ ဖော့စဖရပ်နဲ့ နိုက်ထရိုဂျင်တို့ ပါဝင်တာကြောင့် ၎င်းဟာ ရေအိုင်နဲ့ မြစ်တွေမှာ ဘတ်တီးရီးယား ကြီးထွားမှုကို တွန်းအားဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အပူချိန်မြင့်တဲ့အချိန်မှပွင့်တဲ့ စိမ်းပြာရေညှိတစ်မျိုး "Cyanobacteria" ဟာလည်း အသက်ရှုလမ်းကြောင်းနဲ့ အစာအိမ်၊ အူလမ်းကြောင်းဆိုင်ရာပြဿနာတွေအပြင် အရေပြားနဲ့ မျက်လုံးယားယံစေတဲ့ အန္တရာယ်ရှိအဆိပ်တွေ ထုတ်ပေးနိုင်တာကြောင့် အသည်းပျက်စီးခြင်း၊ အိမ်မွေး တိရစ္ဆာန်နဲ့ တောရိုင်းတိရစ္ဆာန်တွေကို သေစေနိုင်တယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟို ဌာနက ပြောကြားချက်အရ သိရပါတယ်။

ဒါကြောင့် ရေသန့်တယ်လို့ နာမည်ကြီးတဲ့ တာဟိုးရေကန်တောင် ၂ဝ၂၄ ခုနှစ် နွေရာသီအစောပိုင်းက အဆိပ်သင့် ရေညှိပွင့် Cyanobacteria ပေါက်ဖွားမှု တွေ့ရှိခဲ့ရပြီး ဒါဟာ လူဦးရေ ၅ ဘီလျံရဲ့ကျန်းမာရေးနဲ့ ဒေသစီးပွားရေးရဲ့ ၆ဝ ရာခိုင်နှုန်းကို ခြိမ်းခြောက်နေတယ်လို့ မစ္စတာကိုဝမ်က ဆိုပါတယ်။

Zawgyi Version;
အေမရိကန္ကမ္းေျခေတြမွာ E.coli နဲ႔ အျခား ဘတ္တီးရီးယားပိုးမႊား ေပါက္ဖြားမႈေတြ ႀကီးထြားေန
ေရာင္နီ (NP News) - ၾသဂုတ္လ ၁၉

အေမရိကန္မွာ ရာသီဥတုေျပာင္းလဲမႈနဲ႔ မိုးသည္းထန္စြာ႐ြာသြန္းမႈ၊ အပူခ်ိန္ျမင့္တက္လာမႈေတြေၾကာင့္ ေရကန္၊ ျမစ္ နဲ႔ ပင္လယ္ကမ္းေျခေတြမွာ E. coli နဲ႔ cyanobacteria ေပါက္ဖြားမႈေတြ ပိုမိုျမင့္တက္လာေနတယ္လို႔ သိရပါတယ္။

၁၉၈၅ ခုႏွစ္မွ ၂ဝဝ၉ ခုႏွစ္အတြင္း၊ ေရကန္ေတြမွာ ဆယ္စုႏွစ္တစ္ခုကို အၾကမ္းဖ်င္း သုည ဒသမ သုံး ဒီဂရီ စင္တီ ဂရိတ္ႏႈန္းနဲ႔ ပူေႏြးလာေနၿပီး ဒီေျပာင္းလဲမႈဟာ အရည္ၾကည္ဖုမ်ားေပါက္ျခင္း၊ ဝမ္းေလွ်ာျခင္း၊ ႂကြက္သားအားနည္း ျခင္း၊ အသည္းပ်က္စီးျခင္း စတဲ့ လကၡဏာေတြျဖစ္ေစတတ္တဲ့ ဘတ္တီးရီးယားပိုးမႊားေပါက္ဖြားမႈေတြကို ပိုျမင့္တက္ေစႏိုင္ပါတယ္။ မိုးသည္းထန္စြာ႐ြာသြန္းျခင္းဟာ ဘတ္တီးရီးယားပိုးမႊားေပါက္ျခင္းအတြက္ ေလာင္စာ ျဖစ္ေစတယ္လို႔ အမ်ိဳးသားသမုဒၵရာနဲ႔ ေလထုစီမံခန႔္ခြဲေရးမွ ေဒါက္တာ ကိုလင္႐ိုင္နယ္က ေျပာၾကားခဲ့ပါတယ္။

မုန္တိုင္းမိုးေရမွာ ေဖာ့စဖရပ္နဲ႔ ႏိုက္ထ႐ိုဂ်င္တို႔ ပါဝင္တာေၾကာင့္ ၎ဟာ ေရအိုင္နဲ႔ ျမစ္ေတြမွာ ဘတ္တီးရီးယား ႀကီးထြားမႈကို တြန္းအားျဖစ္ေစတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ အပူခ်ိန္ျမင့္တဲ့အခ်ိန္မွပြင့္တဲ့ စိမ္းျပာေရညႇိတစ္မ်ိဳး "Cyanobacteria" ဟာလည္း အသက္ရႈလမ္းေၾကာင္းနဲ႔ အစာအိမ္၊ အူလမ္းေၾကာင္းဆိုင္ရာျပႆနာေတြအျပင္ အေရျပားနဲ႔ မ်က္လုံးယားယံေစတဲ့ အႏၲရာယ္ရွိအဆိပ္ေတြ ထုတ္ေပးႏိုင္တာေၾကာင့္ အသည္းပ်က္စီးျခင္း၊ အိမ္ေမြး တိရစာၦန္နဲ႔ ေတာ႐ိုင္းတိရစာၦန္ေတြကို ေသေစႏိုင္တယ္လို႔ အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရး ဗဟို ဌာနက ေျပာၾကားခ်က္အရ သိရပါတယ္။

ဒါေၾကာင့္ ေရသန႔္တယ္လို႔ နာမည္ႀကီးတဲ့ တာဟိုးေရကန္ေတာင္ ၂ဝ၂၄ ခုႏွစ္ ေႏြရာသီအေစာပိုင္းက အဆိပ္သင့္ ေရညႇိပြင့္ Cyanobacteria ေပါက္ဖြားမႈ ေတြ႕ရွိခဲ့ရၿပီး ဒါဟာ လူဦးေရ ၅ ဘီလ်ံရဲ႕က်န္းမာေရးနဲ႔ ေဒသစီးပြားေရးရဲ႕ ၆ဝ ရာခိုင္ႏႈန္းကို ၿခိမ္းေျခာက္ေနတယ္လို႔ မစၥတာကိုဝမ္က ဆိုပါတယ္။

Related news

© 2021. All rights reserved.