ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် ပေါ်ဆန်းကိုပါ အရန်ဆန် အဖြစ် ထားရှိရန် စီစဥ်နေ
994
NP News - သြဂုတ် ၁၉
ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် ပေါ်ဆန်းကိုပါ အရန်ဆန်အဖြစ်ထားရှိရန် စီစဥ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်တွင်းစားသုံးမှုပိုမိုဖူလုံစေရန် နှင့် ပြည်သူများရွေးချယ်ဝယ်ယူမှုများပြားစေရေး အတွက် ပြည်ပသို့ ဆန်တင်ပိုမှုကိုထိန်းညှိခဲ့ရာ ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း ပြည်သို့ပေါင်းဆန် နှင့် ဆန်ကွဲကို သာ တင်ပို့ခဲ့ကြောင်း သိရသည်။
“ဧည့်မထအပြင် ဆန်ချော ပေါ်ဆန်းမွှေးကိုပါ အရန်ဆန်အဖြစ် ထည့်သွင်းဖို့ စီစဥ်နေပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News ကို ပြောသည်။
လတ်တလောတွင် ပြည်ပတင်ပို့ခြင်း အပါအဝင် ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် ဧည့်မထ၊ (၂၅)မှတ်ဆန် အပါအဝင် ဆန်အမျိုးအစားအချို့ကို အရန်ဆန်အဖြစ်ထားရှိပြီး အရန်ဆန်လုံလောက်မှုရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြီးခဲ့သည့်ရက်ပိုင်းတွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
ပြည်ပသို့တင်ပို့နေသည့်ဆန်များသည် ပြည်တွင်းစားဆန်များနှင့်တူညီမှုမရှိဘဲ ပြည်တွင်း၌ စားသုံးမှုများသည့် ဆန်များကို ပြည်ပတင်ပို့မှု အလွန်နည်းပါးကြောင်း သိရသည်။
သို့သော်လည်း ယခုနှစ်တွင် ဆန်ချောစပါးဈေးကို မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်၏ သတ်မှတ်ပေါက်ဈေးအတိုင်း ဆန်စက်များက ဝယ်ယူနေရာ မိုးစပါးစိုက်ရာသီတွင် ဆန်ချောစပါးစိုက်ပျိုးမှုကို လျှော့ချစိုက်ပျိုးနေကြောင်း တောင်သူများထံမှ သိရသည်။
ယခုဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် (၂)သန်း တင်ပို့သွားရန်လျာထားပြီး ပို့ကုန်ဝင်ငွေကို အမေရိကန်ဒေါ်လာသန်း (၁၀ဝဝ) အထိ ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ သတ်မှတ်ထား သည့်ဆန်ဆိုင်များတွင် ပေါ်ဆန်းဆန်တစ်ပြည်လျှင် ၅၀၀၀ ကျပ်နှင့် ဧည့်မထဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
Zawgyi Version;
ျပည္တြင္းစားသုံးမႈဖူလုံေရးအတြက္ ေပၚဆန္းကိုပါ အရန္ဆန္ အျဖစ္ ထားရွိရန္ စီစဥ္ေန
NP News - ၾသဂုတ္ ၁၉
ျပည္တြင္းစားသုံးမႈဖူလုံေရးအတြက္ ေပၚဆန္းကိုပါ အရန္ဆန္အျဖစ္ထားရွိရန္ စီစဥ္ေနေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ထံမွ သိရသည္။
ဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ျပည္တြင္းစားသုံးမႈပိုမိုဖူလုံေစရန္ ႏွင့္ ျပည္သူမ်ားေ႐ြးခ်ယ္ဝယ္ယူမႈမ်ားျပားေစေရး အတြက္ ျပည္ပသို႔ ဆန္တင္ပိုမႈကိုထိန္းညႇိခဲ့ရာ ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလအတြင္း ျပည္သို႔ေပါင္းဆန္ ႏွင့္ ဆန္ကြဲကို သာ တင္ပို႔ခဲ့ေၾကာင္း သိရသည္။
“ဧည့္မထအျပင္ ဆန္ေခ်ာ ေပၚဆန္းေမႊးကိုပါ အရန္ဆန္အျဖစ္ ထည့္သြင္းဖို႔ စီစဥ္ေနပါတယ္” ဟု ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္(MRF) ဥကၠ႒ ဦးရဲမင္းေအာင္က NP News ကို ေျပာသည္။
လတ္တေလာတြင္ ျပည္ပတင္ပို႔ျခင္း အပါအဝင္ ျပည္တြင္းစားသုံးမႈဖူလုံေရးအတြက္ ဧည့္မထ၊ (၂၅)မွတ္ဆန္ အပါအဝင္ ဆန္အမ်ိဳးအစားအခ်ိဳ႕ကို အရန္ဆန္အျဖစ္ထားရွိၿပီး အရန္ဆန္လုံေလာက္မႈရွိေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ဥကၠ႒ ဦးရဲမင္းေအာင္က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ က်င္းပခဲ့သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာခဲ့သည္။
ျပည္ပသို႔တင္ပို႔ေနသည့္ဆန္မ်ားသည္ ျပည္တြင္းစားဆန္မ်ားႏွင့္တူညီမႈမရွိဘဲ ျပည္တြင္း၌ စားသုံးမႈမ်ားသည့္ ဆန္မ်ားကို ျပည္ပတင္ပို႔မႈ အလြန္နည္းပါးေၾကာင္း သိရသည္။
သို႔ေသာ္လည္း ယခုႏွစ္တြင္ ဆန္ေခ်ာစပါးေဈးကို ျမန္မာႏိုင္ငံဆန္စပါးအဖြဲ႕ခ်ဳပ္၏ သတ္မွတ္ေပါက္ေဈးအတိုင္း ဆန္စက္မ်ားက ဝယ္ယူေနရာ မိုးစပါးစိုက္ရာသီတြင္ ဆန္ေခ်ာစပါးစိုက္ပ်ိဳးမႈကို ေလွ်ာ့ခ်စိုက္ပ်ိဳးေနေၾကာင္း ေတာင္သူမ်ားထံမွ သိရသည္။
ယခုဘ႑ာႏွစ္တြင္ ဆန္တန္ခ်ိန္ (၂)သန္း တင္ပို႔သြားရန္လ်ာထားၿပီး ပို႔ကုန္ဝင္ေငြကို အေမရိကန္ေဒၚလာသန္း (၁၀ဝဝ) အထိ ရရွိရန္ ရည္မွန္းထားေၾကာင္း သိရသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ အစီအစဥ္ျဖင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း၌ သတ္မွတ္ထား သည့္ဆန္ဆိုင္မ်ားတြင္ ေပၚဆန္းဆန္တစ္ျပည္လွ်င္ ၅၀၀၀ က်ပ္ႏွင့္ ဧည့္မထဆန္တစ္ျပည္လွ်င္ ၃၀၀၀ က်ပ္ျဖင့္ ေရာင္းခ်ေပးေနေၾကာင္း သိရသည္။