အမေရိကန်နိုင်ငံ၊ မစ္စစ္စပီပြည်နယ်ရှိ ချောင်းတစ်ခုမှာ နှစ်သက်တမ်းသောင်းနဲ့ချီတဲ့ ဆင်အစွယ်တစ်ချောင်း ရှာဖွေတွေ့ရှိ

 288

ရောင်နီ (NP News) - သြဂုတ်လ ၁၉

အမေရိကန်နိုင်ငံ၊ မစ္စစ္စပီပြည်နယ်မှာရှိတဲ့ ချောင်းတစ်ခုမှာ အပျော်တမ်း ကျောက်ဖြစ်ရုပ်ကြွင်းမုဆိုး အက်ဒီတန် ပလီတန်က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မျိုးသုဉ်းသွားတဲ့ နို့တိုက်သတ္တဝါတစ်ကောင်ရဲ့ကြီးမားတဲ့ အစွယ် တစ်ချောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

မုဆိုး တန်ပလီတန်ဟာ ဩဂုတ်လ ၃ ရက်က မစ္စစ္စပီပြည်နယ်၊ မက်ဒီဆန်ကောင်တီရှိ ချောင်းတစ်ခုမှာ ရေ ၃ ပေ (၁ မီတာနီးပါး) ဝန်းကျင်ရှိတဲ့ ရွှံ့နွံကမ်းစပ်မှာ ဧရာမအစွယ်ကြီးတစ်ချောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရေကလည်း မြစ်အောက်ပိုင်းမှာ ပိတ်ဆို့နေပြီး ကျောက်စရစ်ခဲတုံးတွေ မရှိတဲ့အတွက် ထူးဆန်းတဲ့အရာကို ရှာဖွေတွေ့ရှိဖို့ မမျှော်လင့်ထားဘူးလို့ ၎င်းက ပြောကြားခဲ့ပါတယ်။ အစွယ်ဟာ ကိုလံဘီယာ နို့တိုက်သတ္တဝါတစ်ခုခုဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ ကိုလံဘီယာ နို့တိုက်သတ္တဝါတွေဟာ ပလက်စတိုဆင့် ခေတ်နှောင်းပိုင်းမှာ နေထိုင်ကြတဲ့ သတ္တဝါတွေဖြစ်ပြီး အဲဒီရုပ်ကြွင်းဟာ နှစ်ပေါင်း ၁၁,၇၀၀ ကနေ ၇၅,၀၀၀ အထိ သက်တမ်းရှိတယ်လို့ ယူဆ ရပါတယ်။ "အစွယ်ကြီး တစ်ချောင်းကို ရှာတွေ့တာ စိတ်လှုပ်ရှားစရာကောင်းတယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ဒါဟာ ဧရာမအကောင်ကြီးဖြစ်တာကြောင့် ပိုပြီးစိတ်လှုပ်ရှားစရာ ကောင်းတယ်” လို့ တန်ပလီတန် က ပြောကြားခဲ့ပါတယ်။

အစွယ်ဟာ ပေါင် ၂၂,၀၀၀ (၁၀ တန်) အလေးချိန်ရှိပြီး အရပ် ၁၃ ပေ ( ၄ မီတာ) ကျော်အထိ ကြီးထွားနိုင်တဲ့ မြောက်အမေရိကမှာ နေထိုင်တဲ့ သတ္တဝါ ကိုလံဘီယာ ဆင်ကြီးတစ်ကောင်ဖြစ်မယ်လို့ ယူဆထားပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ မစၥစၥပီျပည္နယ္ရွိ ေခ်ာင္းတစ္ခုမွာ ႏွစ္သက္တမ္းေသာင္းနဲ႔ခ်ီတဲ့ ဆင္အစြယ္တစ္ေခ်ာင္း ရွာေဖြေတြ႕ရွိ
ေရာင္နီ (NP News) - ၾသဂုတ္လ ၁၉

အေမရိကန္ႏိုင္ငံ၊ မစၥစၥပီျပည္နယ္မွာရွိတဲ့ ေခ်ာင္းတစ္ခုမွာ အေပ်ာ္တမ္း ေက်ာက္ျဖစ္႐ုပ္ႂကြင္းမုဆိုး အက္ဒီတန္ ပလီတန္က လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာက မ်ိဳးသုဥ္းသြားတဲ့ ႏို႔တိုက္သတၱဝါတစ္ေကာင္ရဲ႕ႀကီးမားတဲ့ အစြယ္ တစ္ေခ်ာင္းကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

မုဆိုး တန္ပလီတန္ဟာ ဩဂုတ္လ ၃ ရက္က မစၥစၥပီျပည္နယ္၊ မက္ဒီဆန္ေကာင္တီရွိ ေခ်ာင္းတစ္ခုမွာ ေရ ၃ ေပ (၁ မီတာနီးပါး) ဝန္းက်င္ရွိတဲ့ ႐ႊံ႕ႏြံကမ္းစပ္မွာ ဧရာမအစြယ္ႀကီးတစ္ေခ်ာင္းကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ ေရကလည္း ျမစ္ေအာက္ပိုင္းမွာ ပိတ္ဆို႔ေနၿပီး ေက်ာက္စရစ္ခဲတုံးေတြ မရွိတဲ့အတြက္ ထူးဆန္းတဲ့အရာကို ရွာေဖြေတြ႕ရွိဖို႔ မေမွ်ာ္လင့္ထားဘူးလို႔ ၎က ေျပာၾကားခဲ့ပါတယ္။ အစြယ္ဟာ ကိုလံဘီယာ ႏို႔တိုက္သတၱဝါတစ္ခုခုျဖစ္တယ္လို႔ အတည္ျပဳထားပါတယ္။ ကိုလံဘီယာ ႏို႔တိုက္သတၱဝါေတြဟာ ပလက္စတိုဆင့္ ေခတ္ေႏွာင္းပိုင္းမွာ ေနထိုင္ၾကတဲ့ သတၱဝါေတြျဖစ္ၿပီး အဲဒီ႐ုပ္ႂကြင္းဟာ ႏွစ္ေပါင္း ၁၁,၇၀၀ ကေန ၇၅,၀၀၀ အထိ သက္တမ္းရွိတယ္လို႔ ယူဆ ရပါတယ္။ "အစြယ္ႀကီး တစ္ေခ်ာင္းကို ရွာေတြ႕တာ စိတ္လႈပ္ရွားစရာေကာင္းတယ္ဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္ ဒါဟာ ဧရာမအေကာင္ႀကီးျဖစ္တာေၾကာင့္ ပိုၿပီးစိတ္လႈပ္ရွားစရာ ေကာင္းတယ္” လို႔ တန္ပလီတန္ က ေျပာၾကားခဲ့ပါတယ္။

အစြယ္ဟာ ေပါင္ ၂၂,၀၀၀ (၁၀ တန္) အေလးခ်ိန္ရွိၿပီး အရပ္ ၁၃ ေပ ( ၄ မီတာ) ေက်ာ္အထိ ႀကီးထြားႏိုင္တဲ့ ေျမာက္အေမရိကမွာ ေနထိုင္တဲ့ သတၱဝါ ကိုလံဘီယာ ဆင္ႀကီးတစ္ေကာင္ျဖစ္မယ္လို႔ ယူဆထားပါတယ္။

Related news

© 2021. All rights reserved.