စားအုန်းဆီရည်ညွှန်းဈေး ဆက်တိုက်မြင့်တက်လာပြီး တစ်ပိဿာလျှင် ကျပ် (၆၀၀၀) ကျော် အထိရှိလာ

 1160

ယွန်း(NP News) - သြဂုတ် ၁၉

စားအုန်းဆီရည်ညွှန်းဈေး ဆက်တိုက်မြင့်တက်လာပြီး တစ်ပိဿာလျှင် ကျပ်(၆၀၀၀)ကျော် အထိရှိလာပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်‌ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ယနေ့ ဩဂုတ်လ ၁၉ ရက်မှ ၂၅ ရက်အထိ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးကို တစ်ပိဿာလျှင် ငွေကျပ်(၆၁၇၀) ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အထိ တစ်ပတ်တာအတွက် စားအုန်းဆီရည်ညွှန်းဈေးသည် တစ်ပိဿာလျှင် (၅၉၄၅) ကျပ်ဖြစ်သည့် အတွက် ယခုတစ်ပတ်တွင် စားအုန်းဆီဈေးနှုန်း ကျပ်(၂၀၀)ကျော် မြင့်တက်လာကြောင်း သိရသည်။ ယခုလအတွင်း စားအုန်းဆီရည်ညွှန်းဈေးနှုန်း တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ယခုအခါ ကျပ်(၆၁၇၀)အထိ မြင့်တက်လာကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် တစ်လလျှင် အိမ်ထောင်စု(၃၀၀၀၀)နီးပါးကို အိမ်တိုင်ရာရောက်စနစ်ဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ စားသုံးသူများအနေဖြင့် ပြင်ပဈေးကွက်၌ စားအုန်းဆီတစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူစားသုံးနေရကြောင်း သိရသည်။

zawgyi version
စားအုန္းဆီရည္ၫႊန္းေဈး ဆက္တိုက္ျမင့္တက္လာၿပီး တစ္ပိႆာလွ်င္ က်ပ္ (၆၀၀၀)ေက်ာ္ အထိရွိလာ

ယြန္း(NP News) - ၾသဂုတ္ ၁၉

စားအုန္းဆီရည္ၫႊန္းေဈး ဆက္တိုက္ျမင့္တက္လာၿပီး တစ္ပိႆာလွ်င္ က်ပ္(၆၀၀၀)ေက်ာ္ အထိရွိလာၿပီျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္‌ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

စားသုံးဆီတင္သြင္းသိုေလွာင္ ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီအေနျဖင့္ ယေန႔ ဩဂုတ္လ ၁၉ ရက္မွ ၂၅ ရက္အထိ စားအုန္းဆီ အေျခခံလက္ကားရည္ၫႊန္းေဈးကို တစ္ပိႆာလွ်င္ ေငြက်ပ္(၆၁၇၀) ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာထားသည္။

ၿပီးခဲ့သည့္ ၾသဂုတ္လ ၁၂ ရက္မွ ၁၈ ရက္အထိ တစ္ပတ္တာအတြက္ စားအုန္းဆီရည္ၫႊန္းေဈးသည္ တစ္ပိႆာလွ်င္ (၅၉၄၅) က်ပ္ျဖစ္သည့္ အတြက္ ယခုတစ္ပတ္တြင္ စားအုန္းဆီေဈးႏႈန္း က်ပ္(၂၀၀)ေက်ာ္ ျမင့္တက္လာေၾကာင္း သိရသည္။ ယခုလအတြင္း စားအုန္းဆီရည္ၫႊန္းေဈးႏႈန္း တျဖည္းျဖည္းျမင့္တက္လာခဲ့ရာ ယခုအခါ က်ပ္(၆၁၇၀)အထိ ျမင့္တက္လာေၾကာင္း သိရသည္။

ျပည္တြင္းေဈးကြက္အတြင္း ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္း၊ ေဈးကစားရန္ ရည္႐ြယ္ခ်က္ျဖင့္ သိုေလွာင္ျခင္းအပါအဝင္ မသမာသည့္ လုပ္ေဆာင္မႈမ်ားျပဳလုပ္ပါက အေရးႀကီးကုန္စည္ ႏွင့္ ဝန္ေဆာင္မႈဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းအေနျဖင့္ တစ္လလွ်င္ အိမ္ေထာင္စု(၃၀၀၀၀)နီးပါးကို အိမ္တိုင္ရာေရာက္စနစ္ျဖင့္ စားအုန္းဆီမ်ား ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။ စားသုံးသူမ်ားအေနျဖင့္ ျပင္ပေဈးကြက္၌ စားအုန္းဆီတစ္ပိႆာလွ်င္ ၁၂၀၀၀ က်ပ္ႏႈန္းျဖင့္ ဝယ္ယူစားသုံးေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.