ပိုလန်အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့တွေကို ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် သေနတ်နဲ့ပစ်ခတ်ခွင့်ပြု

 1086

Pika (NP News) - ဩဂုတ် ၁၉

ပိုလန်သမ္မတ Andrzej Duda ဟာ စစ်တပ်၊ ရဲတပ်ဖွဲ့ နဲ့ နယ်ခြားစောင့်တပ် ဖွဲ့တွေအတွက် လက်နက်အသုံးပြုမှုတွေကို တိုးချဲ့ဖို့ နဲ့ ၎င်းတို့အနေနဲ့ တိုက်ရိုက်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့မယ်ဆိုရင် ရာဇဝတ်မှုဆိုင်ရာ တာဝန်ဝတ္တရားတွေကနေ ကင်းလွတ်ခွင့်ပေးမယ့်ဥပဒေကို လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။

ပိုလန်နိုင်ငံဟာ တပ်မတော်နေ့ကိုကျင်းပနေမှုနဲ့အတူ သမ္မတ Andrzej Duda ဟာ စစ်သားတွေနဲ့ အရာရှိတွေရဲ့လုပ်ရပ်တွေကို ထောက်ခံပေးတဲ့ အက်ဥပဒေကို အတည်ပြုခဲ့တယ်လို့ သမ္မတရုံးအကြီးအကဲ Malgorzata Paprocka က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီဥပဒေအသစ်အရ ငြိမ်းချမ်းတဲ့ကာလအတွင်း စစ်တပ်ကို နိုင်ငံတွင်းစစ်ဆင်ရေးတွေမှာ ပါဝင်ခွင့်ပြုပြီး အခြေအနေအမျိုးမျိုးနဲ့ပတ်သက်ပြီး တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်အသုံးပြုမှုဆိုင်ရာစည်းမျဉ်းတွေကို ချမှတ်ထားတယ်လို့လည်း သိရပါတယ်။ အခြားတစ်ခုအနေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ဒါမှမဟုတ် အခြားလူတစ်ဦးကို ကာကွယ်ဖို့အတွက် ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့မယ်ဆိုရင် ရာဇဝတ်မှုဆိုင်ရာတာဝန်ဝတ္တရားတွေကနေ ကင်းလွတ်ခွင့်ပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Andrzej Duda က 'အဲဒီဥပဒေဟာ ပိုလန်စစ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးကို တိုးမြှင့်ပေးပြီး နယ်စပ်နဲ့အခြားနေရာတွေကို ပိုမိုကောင်းမွန်စွာကာကွယ်ပေးနိုင်ခွင့်ပြုပါလိမ့်မယ်'လို့ ပြောဆိုခဲ့ပါတယ်။ ဘီလာရုစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ နယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ရွှေ့ ပြောင်းနေထိုင်သူတစ်ဦးက ပိုလန်စစ်သားတစ်ဦးကို ဓါးနဲ့ထိုးမှုဖြစ်ပွားခဲ့ပြီးနောက် တစ်လခွဲအကြာ ပြီးခဲ့တဲ့ဇူလိုင်လလယ်မှာ အဲဒီဥပဒေမူကြမ်းကို ပိုလန်လွှတ်တော်က အတည်ပြုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

zawgyi version
ပိုလန္အစိုးရက နယ္ျခားေစာင့္တပ္ဖြဲ႕ေတြကို ေ႐ႊ႕ေျပာင္းေနထိုင္သူေတြအေပၚ ေသနတ္နဲ႔ပစ္ခတ္ခြင့္ျပဳ
Pika (NP News) - ဩဂုတ္ ၁၉

ပိုလန္သမၼတ Andrzej Duda ဟာ စစ္တပ္၊ ရဲတပ္ဖြဲ႕ နဲ႔ နယ္ျခားေစာင့္တပ္ ဖြဲ႕ေတြအတြက္ လက္နက္အသုံးျပဳမႈေတြကို တိုးခ်ဲ႕ဖို႔ နဲ႔ ၎တို႔အေနနဲ႔ တိုက္႐ိုက္ပစ္ခတ္မႈေတြျဖစ္ပြားခဲ့မယ္ဆိုရင္ ရာဇဝတ္မႈဆိုင္ရာ တာဝန္ဝတၱရားေတြကေန ကင္းလြတ္ခြင့္ေပးမယ့္ဥပေဒကို လက္မွတ္ေရးထိုးခဲ့တယ္လို႔လည္း သိရပါတယ္။

ပိုလန္ႏိုင္ငံဟာ တပ္မေတာ္ေန႔ကိုက်င္းပေနမႈနဲ႔အတူ သမၼတ Andrzej Duda ဟာ စစ္သားေတြနဲ႔ အရာရွိေတြရဲ႕လုပ္ရပ္ေတြကို ေထာက္ခံေပးတဲ့ အက္ဥပေဒကို အတည္ျပဳခဲ့တယ္လို႔ သမၼတ႐ုံးအႀကီးအကဲ Malgorzata Paprocka က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အဲဒီဥပေဒအသစ္အရ ၿငိမ္းခ်မ္းတဲ့ကာလအတြင္း စစ္တပ္ကို ႏိုင္ငံတြင္းစစ္ဆင္ေရးေတြမွာ ပါဝင္ခြင့္ျပဳၿပီး အေျခအေနအမ်ိဳးမ်ိဳးနဲ႔ပတ္သက္ၿပီး တပ္ဖြဲ႕ဝင္ေတြရဲ႕ လက္နက္အသုံးျပဳမႈဆိုင္ရာစည္းမ်ဥ္းေတြကို ခ်မွတ္ထားတယ္လို႔လည္း သိရပါတယ္။ အျခားတစ္ခုအေနနဲ႔ နယ္ျခားေစာင့္တပ္ဖြဲ႕ဝင္တစ္ဦးဟာ ကိုယ့္ကိုယ္ကိုယ္ကာကြယ္ဖို႔ ဒါမွမဟုတ္ အျခားလူတစ္ဦးကို ကာကြယ္ဖို႔အတြက္ ပစ္ခတ္မႈေတြလုပ္ေဆာင္ခဲ့မယ္ဆိုရင္ ရာဇဝတ္မႈဆိုင္ရာတာဝန္ဝတၱရားေတြကေန ကင္းလြတ္ခြင့္ေပးမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Andrzej Duda က 'အဲဒီဥပေဒဟာ ပိုလန္စစ္သားေတြရဲ႕ ေဘးကင္းလုံၿခဳံေရးကို တိုးျမႇင့္ေပးၿပီး နယ္စပ္နဲ႔အျခားေနရာေတြကို ပိုမိုေကာင္းမြန္စြာကာကြယ္ေပးႏိုင္ခြင့္ျပဳပါလိမ့္မယ္'လို႔ ေျပာဆိုခဲ့ပါတယ္။ ဘီလာ႐ုစ္ႏိုင္ငံ နယ္စပ္မွာရွိတဲ့ နယ္စပ္ၿခံစည္း႐ိုးကို ျဖတ္ေက်ာ္ဝင္ေရာက္လာတဲ့ ေ႐ႊ႕ ေျပာင္းေနထိုင္သူတစ္ဦးက ပိုလန္စစ္သားတစ္ဦးကို ဓါးနဲ႔ထိုးမႈျဖစ္ပြားခဲ့ၿပီးေနာက္ တစ္လခြဲအၾကာ ၿပီးခဲ့တဲ့ဇူလိုင္လလယ္မွာ အဲဒီဥပေဒမူၾကမ္းကို ပိုလန္လႊတ္ေတာ္က အတည္ျပဳခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.