ရုရှားနိုင်ငံ ကာ့စ်ဒေသအပေါ် ယူကရိန်းရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကို မြောက်ကိုရီးယားပြစ်တင်ရှုတ်ချ

 1481

Pika(NP News) - ဩဂုတ် ၁၉

ရုရှားနိုင်ငံ ကာ့စ်ဒေသကို ယူကရိန်းရဲ့ ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုဟာ အနောက်အုပ်စု ကျောထောက်နောက်ခံပြုထားတဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာစတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနောက်ပိုင်း နိုင်ငံ တကာအသိအမှတ်ပြုရုရှားပိုင်နက်ကို ယူကရိန်းရဲ့ကျူးကျော်တိုက်ခိုက်မှုဟာ အမေရိကန်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရုရှားဆန့်ကျင်ရေးမူဝါဒရဲ့ ရလဒ်ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက'အမေရိကန်နဲ့ ၎င်းရဲ့မိတ်ဖက်နိုင်ငံတွေဟာ ယူကရိန်းရဲ့ကျူးကျော်တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်တာမျိုးမရှိဘူးလို့ အခိုင်အမာပြောဆိုပြီး ပြည်သူလူထုကို လှည့်ဖြားဖို့ကြိုးပမ်းနေကြပေမယ့်လည်း ကာ့စ်ဒေသစစ်မြေပြင်မှာ နေ့တိုင်းရှာဖွေတွေ့ရှိနေတဲ့ အမေရိကန်နဲ့ အနောက်အုပ်စုတွေရဲ့ တင့်ကားတွေအပါအဝင် အမျိုးမျိုးသောစက်ပစ္စည်းတွေက ယူကရိန်းနောက်ကွယ်မှာ ဘယ်သူရှိနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသက်သေပြနေပါတယ်'လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေအများအပြား ထောက်ပံ့ပေးခဲ့တဲ့ အမေရိကန်နိုင်ငံဟာ လုံခြုံရေးအခြေအနေတွေကို တတိယကမ္ဘာစစ်ဆီကို တွန်းပို့နေတယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ခြယ်လှယ်မှု၊ ထောက် ခံမှုတွေနဲ့အတူ ရုရှားရဲ့နယ်မြေကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ယူကရိန်းရဲ့ လုပ်ရပ်တွေကို မြောက်ကိုရီးယားက ပြစ်တင်ရှုတ်တယ်လို့ ၎င်းတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။ ဒါ့ပြင် အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ကြိုးပမ်းနေတဲ့ ရုရှားနိုင်ငံနဲ့အတူ အမြဲတမ်းရပ်တည်သွားမှာဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ အပြန်အလှန်ဆက်ဆံရေးတွေကို မကြာသေးခင်ကာလအတွင်း သိသိသာသာတိုးမြှင့်ခဲ့ပြီး နှစ်နိုင်ငံစလုံးရဲ့ခေါင်း ဆောင်တွေဟာ အနည်းဆုံးတစ်နှစ်အတွင်းမှာ အပြန်အလှန်လည်ပတ်မှုတွေကို လုပ်ဆောင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

zawgyi version
႐ုရွားႏိုင္ငံ ကာ့စ္ေဒသအေပၚ ယူကရိန္းရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈေတြကို ေျမာက္ကိုရီးယားျပစ္တင္ရႈတ္ခ်
Pika(NP News) - ဩဂုတ္ ၁၉

႐ုရွားႏိုင္ငံ ကာ့စ္ေဒသကို ယူကရိန္းရဲ႕ က်ဴးေက်ာ္ဝင္ေရာက္တိုက္ခိုက္မႈဟာ အေနာက္အုပ္စု ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ အၾကမ္းဖက္လုပ္ရပ္ျဖစ္တယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။

၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွာစတင္ျဖစ္ပြားခဲ့တဲ့ ပဋိပကၡေနာက္ပိုင္း ႏိုင္ငံ တကာအသိအမွတ္ျပဳ႐ုရွားပိုင္နက္ကို ယူကရိန္းရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈဟာ အေမရိကန္ရဲ႕ ရက္စက္ၾကမ္းၾကဳတ္တဲ့ ႐ုရွားဆန႔္က်င္ေရးမူဝါဒရဲ႕ ရလဒ္ျဖစ္တယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက'အေမရိကန္နဲ႔ ၎ရဲ႕မိတ္ဖက္ႏိုင္ငံေတြဟာ ယူကရိန္းရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈမွာ ပါဝင္ပတ္သက္တာမ်ိဳးမရွိဘူးလို႔ အခိုင္အမာေျပာဆိုၿပီး ျပည္သူလူထုကို လွည့္ျဖားဖို႔ႀကိဳးပမ္းေနၾကေပမယ့္လည္း ကာ့စ္ေဒသစစ္ေျမျပင္မွာ ေန႔တိုင္းရွာေဖြေတြ႕ရွိေနတဲ့ အေမရိကန္နဲ႔ အေနာက္အုပ္စုေတြရဲ႕ တင့္ကားေတြအပါအဝင္ အမ်ိဳးမ်ိဳးေသာစက္ပစၥည္းေတြက ယူကရိန္းေနာက္ကြယ္မွာ ဘယ္သူရွိေနတယ္ဆိုတာကို ရွင္းရွင္းလင္းလင္းသက္ေသျပေနပါတယ္'လို႔ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ယူကရိန္းကို စစ္လက္နက္ပစၥည္းေတြအမ်ားအျပား ေထာက္ပံ့ေပးခဲ့တဲ့ အေမရိကန္ႏိုင္ငံဟာ လုံၿခဳံေရးအေျခအေနေတြကို တတိယကမာၻစစ္ဆီကို တြန္းပို႔ေနတယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ အေမရိကန္နဲ႔ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ျခယ္လွယ္မႈ၊ ေထာက္ ခံမႈေတြနဲ႔အတူ ႐ုရွားရဲ႕နယ္ေျမကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့တဲ့ ယူကရိန္းရဲ႕ လုပ္ရပ္ေတြကို ေျမာက္ကိုရီးယားက ျပစ္တင္ရႈတ္တယ္လို႔ ၎တို႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။ ဒါ့ျပင္ အခ်ဳပ္အျခာအာဏာကို ကာကြယ္ဖို႔ ႀကိဳးပမ္းေနတဲ့ ႐ုရွားႏိုင္ငံနဲ႔အတူ အၿမဲတမ္းရပ္တည္သြားမွာျဖစ္တယ္လို႔ ေျမာက္ကိုရီးယားအစိုးရက ေျပာၾကားခဲ့ပါတယ္။

ေျမာက္ကိုရီးယားနဲ႔ ႐ုရွားတို႔ဟာ အျပန္အလွန္ဆက္ဆံေရးေတြကို မၾကာေသးခင္ကာလအတြင္း သိသိသာသာတိုးျမႇင့္ခဲ့ၿပီး ႏွစ္ႏိုင္ငံစလုံးရဲ႕ေခါင္း ေဆာင္ေတြဟာ အနည္းဆုံးတစ္ႏွစ္အတြင္းမွာ အျပန္အလွန္လည္ပတ္မႈေတြကို လုပ္ေဆာင္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.