ယူကရိန်းနယ်စပ်ဒေသကို တပ်ဖွဲ့ဝင်တွေစေလွှတ်သွားမယ်လို့ ဘီလာရုစ့် သမ္မတ ပြော

 758

ဂျန်ဇက် (NP News) - ဩဂုတ် ၁၉

ယူကရိန်း နဲ့ ဘီလာရုစ့်နိုင်ငံကြား နယ်နိမိတ်ထိစပ်နေတဲ့နေရာတွေဆီကို ယူကရိန်းတပ်ဖွဲ့ဝင်(၁၂၀၀၀၀)ကျော် စေလွှတ်လာခဲ့ခြင်းကြောင့် ဘီလာရုစ့်နိုင်ငံကလည်း နယ်စပ်ဒေသကိုတပ်ဖွဲ့ဝင်များစေလွှတ် သွားရဖွယ်ရှိနေတယ်လို့ ဘီလာရုစ့်သမ္မတ လူကာရှန်ကိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဘီလာရုစ့်သမ္မတဟာ နယ်စပ်ဒေသကိုတပ်ဖွဲ့ဝင်အရေအတွက် ဘယ်နှစ်ဦး ဖြန့်ကြက်ချထားမယ်ဆိုတဲ့အချက်ကိုအတိအကျ သတင်းထုတ်ပြန်ခြင်းမျိုးမရှိပေမယ့် ဘီလာရုစ့်စစ်တပ်ဖွဲ့မှာ စစ်သားဦးရေ (၅၀၀၀၀)နီးပါးရှိနေသလို နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၁၂၀၀၀)ကျော်ရှိ နေကြောင်းသိရပါတယ်။ ယူကရိန်းအစိုးရကတော့ ဘီလာရုစ့်သမ္မတပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တစ်စုံတရာတုံ့ပြန်ပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရပါတယ်။

ဘိလာရုစ် ကာကွယ်ရေးဝန်ကြီးက အိမ်နီးချင်းယူကရိန်းနိုင်ငံရဲ့ ရန်စမှုတွေဟာ အမြင့်ဆုံးအခြေအနေမျိုးရှိနေပြီး နှစ်နိုင်ငံနယ်စပ်ဒေသအခြေအနေတွေဟာ တင်းမာမှုပုံစံမျိုးရှိနေဆဲဖြစ်ကြောင်း ပြောပါတယ်။ ယူကရိန်း တပ်ဖွဲ့တွေဟာ နယ်စပ်ဒေသကို ကျူးကျော်မှုရှိလာမယ်ဆိုရင်တော့ အဲဒီယူကရိန်းတပ်ဖွဲ့တွေဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ ဘီလာရုစ့် သမ္မတက ပြောပါတယ်။ ယူကရိန်းဟာ လက်ရှိအချိန်မှာ ရုရှားနိုင်ငံနဲ့ စစ်ပွဲဖြစ်ပွားနေပြီး ဘီလာရုစ့်နိုင်ငံဟာ ရုရှားနိုင်ငံရဲ့မဟာမိတ်နိုင်ငံဖြစ်နေကြောင်း သိရပါတယ်။

zawgyi version
ယူကရိန္းနယ္စပ္ေဒသကို တပ္ဖြဲ႕ဝင္ေတြေစလႊတ္သြားမယ္လို႔ ဘီလာ႐ုစ့္ သမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၉

ယူကရိန္း နဲ႔ ဘီလာ႐ုစ့္ႏိုင္ငံၾကား နယ္နိမိတ္ထိစပ္ေနတဲ့ေနရာေတြဆီကို ယူကရိန္းတပ္ဖြဲ႕ဝင္(၁၂၀၀၀၀)ေက်ာ္ ေစလႊတ္လာခဲ့ျခင္းေၾကာင့္ ဘီလာ႐ုစ့္ႏိုင္ငံကလည္း နယ္စပ္ေဒသကိုတပ္ဖြဲ႕ဝင္မ်ားေစလႊတ္ သြားရဖြယ္ရွိေနတယ္လို႔ ဘီလာ႐ုစ့္သမၼတ လူကာရွန္ကိုက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဘီလာ႐ုစ့္သမၼတဟာ နယ္စပ္ေဒသကိုတပ္ဖြဲ႕ဝင္အေရအတြက္ ဘယ္ႏွစ္ဦး ျဖန႔္ၾကက္ခ်ထားမယ္ဆိုတဲ့အခ်က္ကိုအတိအက် သတင္းထုတ္ျပန္ျခင္းမ်ိဳးမရွိေပမယ့္ ဘီလာ႐ုစ့္စစ္တပ္ဖြဲ႕မွာ စစ္သားဦးေရ (၅၀၀၀၀)နီးပါးရွိေနသလို နယ္ျခားေစာင့္တပ္ဖြဲ႕ဝင္ (၁၂၀၀၀)ေက်ာ္ရွိ ေနေၾကာင္းသိရပါတယ္။ ယူကရိန္းအစိုးရကေတာ့ ဘီလာ႐ုစ့္သမၼတေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး တစ္စုံတရာတုံ႔ျပန္ေျပာဆိုျခင္းမ်ိဳး မရွိေသးေၾကာင္း သိရပါတယ္။

ဘိလာ႐ုစ္ ကာကြယ္ေရးဝန္ႀကီးက အိမ္နီးခ်င္းယူကရိန္းႏိုင္ငံရဲ႕ ရန္စမႈေတြဟာ အျမင့္ဆုံးအေျခအေနမ်ိဳးရွိေနၿပီး ႏွစ္ႏိုင္ငံနယ္စပ္ေဒသအေျခအေနေတြဟာ တင္းမာမႈပုံစံမ်ိဳးရွိေနဆဲျဖစ္ေၾကာင္း ေျပာပါတယ္။ ယူကရိန္း တပ္ဖြဲ႕ေတြဟာ နယ္စပ္ေဒသကို က်ဴးေက်ာ္မႈရွိလာမယ္ဆိုရင္ေတာ့ အဲဒီယူကရိန္းတပ္ဖြဲ႕ေတြဟာ ႀကီးမားတဲ့ ဆုံးရႈံးမႈေတြနဲ႔ ရင္ဆိုင္ရဖြယ္ရွိေနတယ္လို႔ ဘီလာ႐ုစ့္ သမၼတက ေျပာပါတယ္။ ယူကရိန္းဟာ လက္ရွိအခ်ိန္မွာ ႐ုရွားႏိုင္ငံနဲ႔ စစ္ပြဲျဖစ္ပြားေနၿပီး ဘီလာ႐ုစ့္ႏိုင္ငံဟာ ႐ုရွားႏိုင္ငံရဲ႕မဟာမိတ္ႏိုင္ငံျဖစ္ေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.