အစ္စရေးသို့ရောက်ရှိနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် အပစ်အခတ်ရပ်စဲရေး နှောင့်နှေးမှုများအတွက် ဟားမတ်စ်က အစ္စရေးအပေါ် ပြစ်တင်

 381

Alynn (NP News) - ဩဂုတ် ၁၉

အမေရိကန် အန်တိုနီဘလင်ကန်သည် တနင်္ဂနွေနေ (သြဂုတ်လ ၁၈ ရက်) တွင် Tel Aviv တွင် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ရရှိရန် တွန်းအားပေးရန် ကြိုးပမ်းလျက်ရှိပြီး သဘောတူညီချက်ရရန် နှောင့်နှေးမှုများအတွက် ဟားမတ်စ်စစ်သွေးကြွများက အစ္စရေးကို အပြစ်တင်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသည် ဂါဇာစစ်ပွဲ စတင်ခဲ့သည့် အောက်တို ဘာလမှစ၍ အရှေ့ အလယ်ပိုင်းသို့ ကိုးကြိမ်မြောက် ခရီးစဉ်အဖြစ်ရောက်ရှိလာပြီး ၀န်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု အပါအဝင် အခြားသော အစ္စရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ ဂါဇာကမ်းမြောင်ဒေသဆိုင်ရာ သဘောတူညီချက်သည် ပိုမိုကျယ်ပြန့်သော ပဋိပက္ခကို ရှောင်ရှား နိုင်မည်ဟု သံတမန်များက ပြောဆိုကြပြီး အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးက ဤကာလမှာ အထူးအရေးကြီးသည့်အချိန်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ကာတာတွင် ပြီးခဲ့သည့် ကြာသပတေးနေ့နှင့် သောကြာနေ့များတွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများမတိုင်မီတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မေလနှောင်းပိုင်းတွင် ဖော်ပြ ထားသည့် မူဘောင်ကို အကောင်အထည် ဖော်ရန် တောင်းဆိုခဲ့သည်။ အမေရိကန်၊ အီဂျစ် နှင့် ကာတာကြားဝင်ဖျန်ဖြေသူများကြား ကာတာဆွေးနွေးမှုအပြီးတွင် အမေရိကန်က အပေးအယူ အဆိုပြုချက်အသစ်ကို တင်သွင်းခဲ့ပြီး ဟားမတ်စ်ကမူ နေတန်ယာဟုက အဟန့်အတားတစ်ခုဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် စွပ်စွဲဖော်ပြခဲ့သည်။

ဂါဇာကမ်းမြှောင်သို့ လက်နက်များ စီးဆင်းမှုကို တားဆီးရန်အတွက် အရေးကြီးသည့်နေရာနှစ်ခုကို အစ္စရေးတို့က ဖော်ပြခဲ့ကြပြီး Netzarim လမ်းဆုံသည် ဂါဇာမြောက်ပိုင်းနှင့် တောင်ပိုင်းကြား မဟာဗျူဟာကျသောနေရာတွင် တည်ရှိသည်။ နေတန်ယာဟုသည် “ဖျန်ဖြေသူများ၏ ကြိုးပမ်းမှုကို ပျက်ပြားစေရန်၊ သဘောတူညီချက်ကို ဟန့်တားရန်နှင့် ဂါဇာရှိ ဓားစာခံများ၏ အသက်အန္တရာယ်အတွက် အပြည့်အဝ တာဝန်ရှိသည်” ဟု အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နေတန်ယာဟုသည် သဘောတူညီချက်ကို နှောင့်ယှက်နေသည်ဟု ဟားမတ်စ်အရာရှိများက အကြိမ်ကြိမ် စွပ်စွဲခဲ့သည်။

အနောက်မဟာမိတ် ဂျော်ဒန်၊ အစ္စရေးတွင် ဆန္ဒပြနေသော ဓားစာခံများကို ထောက်ခံသူများနှင့် ဟားမတ်စ် ကိုယ်တိုင်ကလည်း သဘောတူညီချက်ရရှိရန် နေတန်ယာဟုအား ဖိအားပေးရန် တောင်းဆိုထားသည်။ ဝန်ကြီးချုပ်နေတန်ယာဟု၏ အုပ်ချုပ်မှု ညွန့်ပေါင်းအဖွဲ့တွင် အရေးပါသော လက်ယာစွန်းအဖွဲ့ဝင်များက အပစ်အခတ်ရပ်စဲရေး မှန်သမျှကို ဆန့်ကျင်ကြသည်။

zawgyi version
အစၥေရးသို႔ေရာက္ရွိေနေသာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ အပစ္အခတ္ရပ္စဲေရး ေႏွာင့္ေႏွးမႈမ်ားအတြက္ ဟားမတ္စ္က အစၥေရးအေပၚ ျပစ္တင္
Alynn (NP News) - ဩဂုတ္ ၁၉

အေမရိကန္ အန္တိုနီဘလင္ကန္သည္ တနဂၤေႏြေန (ၾသဂုတ္လ ၁၈ ရက္) တြင္ Tel Aviv တြင္ ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရး သေဘာ တူညီခ်က္ရရွိရန္ တြန္းအားေပးရန္ ႀကိဳးပမ္းလ်က္ရွိၿပီး သေဘာတူညီခ်က္ရရန္ ေႏွာင့္ေႏွးမႈမ်ားအတြက္ ဟားမတ္စ္စစ္ေသြးႂကြမ်ားက အစၥေရးကို အျပစ္တင္ခဲ့သည္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးသည္ ဂါဇာစစ္ပြဲ စတင္ခဲ့သည့္ ေအာက္တို ဘာလမွစ၍ အေရွ႕ အလယ္ပိုင္းသို႔ ကိုးႀကိမ္ေျမာက္ ခရီးစဥ္အျဖစ္ေရာက္ရွိလာၿပီး ၀န္ႀကီးခ်ဳပ္ ဘန္ဂ်မင္ ေနတန္ယာဟု အပါအဝင္ အျခားေသာ အစၥေရးေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံမည္ျဖစ္သည္။ ဂါဇာကမ္းေျမာင္ေဒသဆိုင္ရာ သေဘာတူညီခ်က္သည္ ပိုမိုက်ယ္ျပန႔္ေသာ ပဋိပကၡကို ေရွာင္ရွား ႏိုင္မည္ဟု သံတမန္မ်ားက ေျပာဆိုၾကၿပီး အမည္မေဖာ္လိုသည့္ အေမရိကန္အရာရွိတစ္ဦးက ဤကာလမွာ အထူးအေရးႀကီးသည့္အခ်ိန္ျဖစ္ ေၾကာင္း ေျပာၾကားခဲ့သည္။

ကာတာတြင္ ၿပီးခဲ့သည့္ ၾကာသပေတးေန႔ႏွင့္ ေသာၾကာေန႔မ်ားတြင္ အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးပြဲမ်ားမတိုင္မီတြင္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္က ေမလေႏွာင္းပိုင္းတြင္ ေဖာ္ျပ ထားသည့္ မူေဘာင္ကို အေကာင္အထည္ ေဖာ္ရန္ ေတာင္းဆိုခဲ့သည္။ အေမရိကန္၊ အီဂ်စ္ ႏွင့္ ကာတာၾကားဝင္ဖ်န္ေျဖသူမ်ားၾကား ကာတာေဆြးေႏြးမႈအၿပီးတြင္ အေမရိကန္က အေပးအယူ အဆိုျပဳခ်က္အသစ္ကို တင္သြင္းခဲ့ၿပီး ဟားမတ္စ္ကမူ ေနတန္ယာဟုက အဟန႔္အတားတစ္ခုျဖစ္ေၾကာင္း တနဂၤေႏြေန႔တြင္ စြပ္စြဲေဖာ္ျပခဲ့သည္။

ဂါဇာကမ္းေျမႇာင္သို႔ လက္နက္မ်ား စီးဆင္းမႈကို တားဆီးရန္အတြက္ အေရးႀကီးသည့္ေနရာႏွစ္ခုကို အစၥေရးတို႔က ေဖာ္ျပခဲ့ၾကၿပီး Netzarim လမ္းဆုံသည္ ဂါဇာေျမာက္ပိုင္းႏွင့္ ေတာင္ပိုင္းၾကား မဟာဗ်ဴဟာက်ေသာေနရာတြင္ တည္ရွိသည္။ ေနတန္ယာဟုသည္ “ဖ်န္ေျဖသူမ်ား၏ ႀကိဳးပမ္းမႈကို ပ်က္ျပားေစရန္၊ သေဘာတူညီခ်က္ကို ဟန႔္တားရန္ႏွင့္ ဂါဇာရွိ ဓားစာခံမ်ား၏ အသက္အႏၲရာယ္အတြက္ အျပည့္အဝ တာဝန္ရွိသည္” ဟု အစၥလာမၼစ္ လႈပ္ရွားမႈအဖြဲ႕က ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ေနတန္ယာဟုသည္ သေဘာတူညီခ်က္ကို ေႏွာင့္ယွက္ေနသည္ဟု ဟားမတ္စ္အရာရွိမ်ားက အႀကိမ္ႀကိမ္ စြပ္စြဲခဲ့သည္။

အေနာက္မဟာမိတ္ ေဂ်ာ္ဒန္၊ အစၥေရးတြင္ ဆႏၵျပေနေသာ ဓားစာခံမ်ားကို ေထာက္ခံသူမ်ားႏွင့္ ဟားမတ္စ္ ကိုယ္တိုင္ကလည္း သေဘာတူညီခ်က္ရရွိရန္ ေနတန္ယာဟုအား ဖိအားေပးရန္ ေတာင္းဆိုထားသည္။ ဝန္ႀကီးခ်ဳပ္ေနတန္ယာဟု၏ အုပ္ခ်ဳပ္မႈ ၫြန႔္ေပါင္းအဖြဲ႕တြင္ အေရးပါေသာ လက္ယာစြန္းအဖြဲ႕ဝင္မ်ားက အပစ္အခတ္ရပ္စဲေရး မွန္သမွ်ကို ဆန႔္က်င္ၾကသည္။

Related news

© 2021. All rights reserved.