နစက၏ ထိပ်ပိုင်းတပ်မတော်အရာရှိအချို့ကို ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ပေး
10039
မြူနစ် (NP News) - ဩဂုတ် ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထိပ်ပိုင်း တပ်မတော်အရာရှိအချို့ကို ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
နစကတွင် အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်နေသည့် ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးကို ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ပေးလိုက်သကဲ့သို့ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်နေသော ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးကိုလည်း ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။
အလားတူ နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အကြံပေးနှင့် နစကအဖွဲ့ဝင် တာဝန် များကို ထမ်းဆောင်နေသည့် ဒုတိယဗိုလ်ချုပ်ကြီးညိုစောကိုလည်း ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။
“ ဒီနေ့မှပဲ သတင်းက ထွက်တာပေါ့။ ဗိုလ်ချုပ်ကြီး ရာထူးတိုးပေးတာမှန်တယ် (၃)ဦးတည်း။ သူ့ရဲ့ order မှာတော့ အသေးစိတ်ပါမှာပေါ့။ ဘယ်နေ့က စပြီးတော့ ရာထူးတိုးတယ်ဆိုတာ။ တပ်မတော်မှာ ဖွဲ့စည်းပုံအရ နေရာလွတ်တွေရှိလို့ တိုးပေးတာ ဖြစ်နိုင်တယ်” ဟု နစကအစိုးရအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါသတင်းအချက်အလက်နှင့်ပတ်သက်၍ ထပ်မံအတည်ပြုရန်အတွက် နစကသတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို NSS က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဗိုလ်ချုပ်ကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်မည့်သူမှာ စုစုပေါင်း (၆)ဦးအထိ ရှိလာမည်ဖြစ်သည်။ ၎င်းတို့မှာ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဗိုလ်ချုပ်ကြီး ညိုစောတို့ ဖြစ်သည်။
ဗိုလ်ချုပ်ကြီးရာထူးများမတိုးမီ ရက်ပိုင်းအတွင်းကလည်း အဆိုပါပုဂ္ဂိုလ်သုံးဦးကဦးဆောင်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တန်ပြန်အာဏာသိမ်းခဲ့သည်ဟု ပြည်ပြေးသတင်းဌာနများနှင့် လောက်ကောင်စစ်ပြေးအချို့က သတင်းအဆိပ်ခတ်ဝါဒဖြန့်ခဲ့ကြသေးသည်။
zawgyi version
နစက၏ ထိပ္ပိုင္းတပ္မေတာ္အရာရွိအခ်ိဳ႕ကို ဗိုလ္ခ်ဳပ္ႀကီးရာထူးသို႔ တိုးျမႇင့္ေပး
ျမဴနစ္ (NP News) - ဩဂုတ္ ၁၉
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထိပ္ပိုင္း တပ္မေတာ္အရာရွိအခ်ိဳ႕ကို ဗိုလ္ခ်ဳပ္ႀကီးရာထူးသို႔ တိုးျမႇင့္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။
နစကတြင္ အတြင္းေရးမႉးအျဖစ္ တာဝန္ ထမ္းေဆာင္ေနသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအာင္လင္းေဒြးကို ဗိုလ္ခ်ဳပ္ႀကီးရာထူးသို႔ တိုးျမႇင့္ေပးလိုက္သကဲ့သို႔ တြဲဖက္အတြင္းေရးမႉးအျဖစ္ တာဝန္ထမ္း ေဆာင္ေနေသာ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးကိုလည္း ဗိုလ္ခ်ဳပ္ႀကီးရာထူးသို႔ တိုးျမႇင့္ေပးလိုက္ေၾကာင္း သိရသည္။
အလားတူ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၏ အႀကံေပးႏွင့္ နစကအဖြဲ႕ဝင္ တာဝန္ မ်ားကို ထမ္းေဆာင္ေနသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးညိဳေစာကိုလည္း ဗိုလ္ခ်ဳပ္ႀကီးရာထူးသို႔ တိုးျမႇင့္ေပးလိုက္ေၾကာင္း သိရသည္။
“ ဒီေန႔မွပဲ သတင္းက ထြက္တာေပါ့။ ဗိုလ္ခ်ဳပ္ႀကီး ရာထူးတိုးေပးတာမွန္တယ္ (၃)ဦးတည္း။ သူ႔ရဲ႕ order မွာေတာ့ အေသးစိတ္ပါမွာေပါ့။ ဘယ္ေန႔က စၿပီးေတာ့ ရာထူးတိုးတယ္ဆိုတာ။ တပ္မေတာ္မွာ ဖြဲ႕စည္းပုံအရ ေနရာလြတ္ေတြရွိလို႔ တိုးေပးတာ ျဖစ္ႏိုင္တယ္” ဟု နစကအစိုးရအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NSS ကို ေျပာသည္။
အဆိုပါသတင္းအခ်က္အလက္ႏွင့္ပတ္သက္၍ ထပ္မံအတည္ျပဳရန္အတြက္ နစကသတင္းထုတ္ျပန္ ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို NSS က ဆက္သြယ္ခဲ့ေသာ္လည္း အဆက္အသြယ္ မရရွိခဲ့ေပ။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္ ဗိုလ္ခ်ဳပ္ႀကီးရာထူးျဖင့္ တာဝန္ထမ္းေဆာင္မည့္သူမွာ စုစုေပါင္း (၆)ဦးအထိ ရွိလာမည္ျဖစ္သည္။ ၎တို႔မွာ ဗိုလ္ခ်ဳပ္ႀကီးေအာင္လင္းေဒြး၊ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေအးႏွင့္ ဗိုလ္ခ်ဳပ္ႀကီး ညိဳေစာတို႔ ျဖစ္သည္။
ဗိုလ္ခ်ဳပ္ႀကီးရာထူးမ်ားမတိုးမီ ရက္ပိုင္းအတြင္းကလည္း အဆိုပါပုဂၢိဳလ္သုံးဦးကဦးေဆာင္၍ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အား တန္ျပန္အာဏာသိမ္းခဲ့သည္ဟု ျပည္ေျပးသတင္းဌာနမ်ားႏွင့္ ေလာက္ေကာင္စစ္ေျပးအခ်ိဳ႕က သတင္းအဆိပ္ခတ္ဝါဒျဖန႔္ခဲ့ၾကေသးသည္။