တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲပြီးချိန်မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ခေါင်းဆောင် ပြော

 753

ဂျန်ဇက် (NP News) - ဩဂုတ် ၁၉

ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ အဖွဲ့ခေါင်းဆောင် မိုဟမ်မက်ယူနွတ်က တရားရေးစနစ်ကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း နိုင်ငံအတွင်း လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပသွားဖို့ ဆန္ဒရှိနေကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်၊ တရားရေးဌာန၊ အရပ်သားအုပ်ချုပ်ရေးဌာန၊ လုံခြုံရေးနဲ့ မီဒီယာအဖွဲ့စည်းတွေကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးသွားမယ်လို့ ယူနွတ်က ထပ်မံပြောဆိုခဲ့ပါတယ်။ ၎င်းက "ရွေး ကောက်ပွဲကော်မရှင်နဲ့ပတ်သက်ပြီး အဓိက ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ပိုင်ခွင့်အတိုင်းလုပ်ဆောင်သွားမယ်ဆိုရင် လွတ်လပ်မျှတတဲ့ရွေး ကောက်ပွဲကို ကျင်းပနိုင်ဖွယ်ရှိနေပါတယ်။ တရားရေးစနစ်၊ လုံခြုံရေးအဖွဲ့တွေ၊ မီဒီယာတွေ နဲ့ အရပ်သား အုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်း ပြင်ဆင်ပြောင်းလဲမှုတွေလုပ်ဆောင်ရမယ်"လို့ ပြောပါတယ်။

ယူနွတ်က "စီမံခန့်ခွဲမှုအမှားတွေ၊ အကျင့်ပျက်တိုက်စားမှုတွေ တိုက်ဖျက်ရေးတွေ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ဦးစားပေးလုပ်ကိုင်နိုင်ဖို့ နဲ့ မိုက်ခရို စီးပွားရေး တည်ငြိမ်ရေးအတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ရမယ်"လို့ ပြောပါတယ်။ ယူနွတ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ အချိန်တိုကာလအတွင်းမှာပဲ ပုံမှန်အတိုင်းပြန်ဖြစ်လာဖို့ နီးစပ်နေကြောင်းပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇူလိုင်လအတွင်း တက္ကသိုလ်ကျောင်း သားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း ဝန်ကြီးချုပ်ရှိတ်ဟာစီနာဟာ ရာထူးကနုတ်ထွက်ကာ ပြည်ပထွက်ပြေးခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ် စစ်တပ်က နိုင်ငံကို ထိန်းသိမ်းခဲ့ပြီး သမ္မတနဲ့တိုင်ပင်ကာ ဆန္ဒပြကျောင်းသားတွေတောင်းဆိုချက်အတိုင်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ယူနွတ်ကို နိုင်ငံယာယီအစိုးရအဖွဲ့မှာ ဦးဆောင်ဖို့ ခွင့်ပြုခဲ့ကြောင်းသိရပါတယ်။

zawgyi version
တရားစီရင္ေရးစနစ္ ျပဳျပင္ေျပာင္းလဲၿပီးခ်ိန္မွာ လြတ္လပ္မွ်တတဲ့ ေ႐ြးေကာက္ပြဲက်င္းပသြားမယ္လို႔ ဘဂၤလားေဒ့ရွ္ ယာယီအစိုးရအဖြဲ႕ေခါင္းေဆာင္ ေျပာ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၉

ဘဂၤလားေဒ့ရွ္ ယာယီအစိုးရ အဖြဲ႕ေခါင္းေဆာင္ မိုဟမ္မက္ယူႏြတ္က တရားေရးစနစ္ကို ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ပိုင္း ႏိုင္ငံအတြင္း လြတ္လပ္မွ်တတဲ့ ေ႐ြးေကာက္ပြဲကို က်င္းပသြားဖို႔ ဆႏၵရွိေနေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ေ႐ြးေကာက္ပြဲေကာ္မရွင္၊ တရားေရးဌာန၊ အရပ္သားအုပ္ခ်ဳပ္ေရးဌာန၊ လုံၿခဳံေရးနဲ႔ မီဒီယာအဖြဲ႕စည္းေတြကို ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ပိုင္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံအတြင္း တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲကို က်င္းပေပးသြားမယ္လို႔ ယူႏြတ္က ထပ္မံေျပာဆိုခဲ့ပါတယ္။ ၎က "ေ႐ြး ေကာက္ပြဲေကာ္မရွင္နဲ႔ပတ္သက္ၿပီး အဓိက ျပဳျပင္ေျပာင္းလဲမႈေတြကို လုပ္ပိုင္ခြင့္အတိုင္းလုပ္ေဆာင္သြားမယ္ဆိုရင္ လြတ္လပ္မွ်တတဲ့ေ႐ြး ေကာက္ပြဲကို က်င္းပႏိုင္ဖြယ္ရွိေနပါတယ္။ တရားေရးစနစ္၊ လုံၿခဳံေရးအဖြဲ႕ေတြ၊ မီဒီယာေတြ နဲ႔ အရပ္သား အုပ္ခ်ဳပ္ေရးလုပ္ငန္းေတြကိုလည္း ျပင္ဆင္ေျပာင္းလဲမႈေတြလုပ္ေဆာင္ရမယ္"လို႔ ေျပာပါတယ္။

ယူႏြတ္က "စီမံခန႔္ခြဲမႈအမွားေတြ၊ အက်င့္ပ်က္တိုက္စားမႈေတြ တိုက္ဖ်က္ေရးေတြ၊ ေကာင္းမြန္တဲ့ အုပ္ခ်ဳပ္ေရးစနစ္ ဦးစားေပးလုပ္ကိုင္ႏိုင္ဖို႔ နဲ႔ မိုက္ခ႐ို စီးပြားေရး တည္ၿငိမ္ေရးအတြက္ စီးပြားေရးျပဳျပင္ေျပာင္းလဲမႈေတြလုပ္ေဆာင္ရမယ္"လို႔ ေျပာပါတယ္။ ယူႏြတ္က ဘဂၤလားေဒ့ရွ္ ႏိုင္ငံအေနနဲ႔ အခ်ိန္တိုကာလအတြင္းမွာပဲ ပုံမွန္အတိုင္းျပန္ျဖစ္လာဖို႔ နီးစပ္ေနေၾကာင္းေျပာပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ဇူလိုင္လအတြင္း တကၠသိုလ္ေက်ာင္း သားေတြဦးေဆာင္တဲ့ ဆႏၵျပပြဲေတြျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာဟာ ရာထူးကႏုတ္ထြက္ကာ ျပည္ပထြက္ေျပးခဲ့ရပါတယ္။

ဘဂၤလားေဒ့ရွ္ စစ္တပ္က ႏိုင္ငံကို ထိန္းသိမ္းခဲ့ၿပီး သမၼတနဲ႔တိုင္ပင္ကာ ဆႏၵျပေက်ာင္းသားေတြေတာင္းဆိုခ်က္အတိုင္း ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္ ယူႏြတ္ကို ႏိုင္ငံယာယီအစိုးရအဖြဲ႕မွာ ဦးေဆာင္ဖို႔ ခြင့္ျပဳခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.