လုပ်ခလစာ (၂)လစာမရသည့်အတွက် ရာနှင့်ချီသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒပြတောင်းဆို
2154
ဂျန်ဇက် (NP News) - ဩဂုတ် ၁၉
ပြီးခဲ့သော နှစ်လအတွင်း လုပ်ခ လစာမရဘဲ အလုပ်ထွက်နေရခြင်းကို မကျေနပ်သည့်အတွက် ရာနှင့်ချီသော မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် Prachin Buri's Sri Maha Phot အရပ်ဒေသက စက်မှုဇုန်အတွင်း စက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင် ဝင်ပေါက်ကို ပိတ်ဆို့ဆန္ဒပြခြင်းများလုပ်ဆောင်နေဆဲဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒပြခဲ့ပြီးနောက် အလုပ်သမား (၇၇၉)ဦး အနက် အလုပ်သမား (၁၀၀)ကျော်သာ လုပ်ငန်းအဆိုင်းများကိုလုပ်ကိုင်နေခဲ့ကြောင်း သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်နီးစပ်သော သတင်းအရင်းမြစ်က မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ငန်းခွင်တွင် နေ့စဉ်အလုပ်လုပ်လိုသော်လည်း ပြီးခဲ့သော (၂)လကျော်အတွင်း လုပ်ခလစာများ ရရှိခြင်းမျိုးမရှိသည့်အတွက် အလုပ်ရှင်အပေါ် ယုံကြည်မှုမရှိသည့်အတွက် ဆန္ဒပြပွဲများဖြစ်လာခဲ့ခြင်းဖြစ်ကြောင်းပြောသည်။ အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်ကို တရုတ် ကုမ္ပဏီအတွက်သုံးထပ်တိုက် အဆောက်အအုံတည်ဆောက်ရန် ထိုင်းကုမ္ပဏီ (၁၁)ခုကို ငှားရမ်းခဲ့ကြောင်းသိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် သြဂုတ် ၁၆ ရက်နေ့တွင် ဆန္ဒပြပွဲများစတင်ခဲ့ပြီး လုပ်ငန်းခွင်မှထွက်ကာ စက်ရုံတည်ဆောက်ရေးအပြင် ဘက်တွင် စုရုံးဆန္ဒပြနေခဲ့ကာ ရရန်ရှိသောလုပ်ခလစာများ ပေးရန်တောင်းဆိုခဲ့ကြောင်း သိရသည်။ ဆန္ဒပြမြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းလုပ်ငန်းရှင်နှင့် ဆွေးနွေးရန် ငြင်းဆန်ထားပြီး တရုတ်ကုမ္ပဏီက မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးကို ဘတ်(၅၀၀)ပေးရန် ကမ်းလှမ်းထားကြောင်းသိရသည်။ တရုတ်ကုမ္ပဏီက ၎င်းတို့အနေဖြင့် လုပ်ခလစာအပြည့် အဝမရသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ရရှိမည့်လုပ်ခလစာများ ဟန်ချက်ညီအောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်နီးစပ်သော သတင်းအရင်းမြစ်က ၎င်းတို့အားလုံးသည် အလုပ်ရှင်ထံမှ ထိုင်းဘတ်(၁၀)သန်းကျော် ရရှိမည်ဖြစ်ပြီး ရရှိမည့် ငွေကြေးပိုမိုမြင့်တက်လာမည်ကို စိုးရိမ်မိကြောင်း ပြောသည်။
zawgyi version
လုပ္ခလစာ (၂)လစာမရသည့္အတြက္ ရာႏွင့္ခ်ီေသာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား ဆႏၵျပေတာင္းဆို
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၉
ၿပီးခဲ့ေသာ ႏွစ္လအတြင္း လုပ္ခ လစာမရဘဲ အလုပ္ထြက္ေနရျခင္းကို မေက်နပ္သည့္အတြက္ ရာႏွင့္ခ်ီေသာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားသည္ Prachin Buri's Sri Maha Phot အရပ္ေဒသက စက္မႈဇုန္အတြင္း စက္႐ုံတည္ေဆာက္ေရးလုပ္ငန္းခြင္ ဝင္ေပါက္ကို ပိတ္ဆို႔ဆႏၵျပျခင္းမ်ားလုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပထားသည္။
ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား ဆႏၵျပခဲ့ၿပီးေနာက္ အလုပ္သမား (၇၇၉)ဦး အနက္ အလုပ္သမား (၁၀၀)ေက်ာ္သာ လုပ္ငန္းအဆိုင္းမ်ားကိုလုပ္ကိုင္ေနခဲ့ေၾကာင္း သိရသည္။ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းျမစ္က ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားသည္ လုပ္ငန္းခြင္တြင္ ေန႔စဥ္အလုပ္လုပ္လိုေသာ္လည္း ၿပီးခဲ့ေသာ (၂)လေက်ာ္အတြင္း လုပ္ခလစာမ်ား ရရွိျခင္းမ်ိဳးမရွိသည့္အတြက္ အလုပ္ရွင္အေပၚ ယုံၾကည္မႈမရွိသည့္အတြက္ ဆႏၵျပပြဲမ်ားျဖစ္လာခဲ့ျခင္းျဖစ္ေၾကာင္းေျပာသည္။ အဆိုပါေဆာက္လုပ္ေရးလုပ္ငန္းခြင္ကို တ႐ုတ္ ကုမၸဏီအတြက္သုံးထပ္တိုက္ အေဆာက္အအုံတည္ေဆာက္ရန္ ထိုင္းကုမၸဏီ (၁၁)ခုကို ငွားရမ္းခဲ့ေၾကာင္းသိရသည္။
ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားသည္ ၾသဂုတ္ ၁၆ ရက္ေန႔တြင္ ဆႏၵျပပြဲမ်ားစတင္ခဲ့ၿပီး လုပ္ငန္းခြင္မွထြက္ကာ စက္႐ုံတည္ေဆာက္ေရးအျပင္ ဘက္တြင္ စု႐ုံးဆႏၵျပေနခဲ့ကာ ရရန္ရွိေသာလုပ္ခလစာမ်ား ေပးရန္ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။ ဆႏၵျပျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားသည္ ထိုင္းလုပ္ငန္းရွင္ႏွင့္ ေဆြးေႏြးရန္ ျငင္းဆန္ထားၿပီး တ႐ုတ္ကုမၸဏီက ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားတစ္ဦးကို ဘတ္(၅၀၀)ေပးရန္ ကမ္းလွမ္းထားေၾကာင္းသိရသည္။ တ႐ုတ္ကုမၸဏီက ၎တို႔အေနျဖင့္ လုပ္ခလစာအျပည့္ အဝမရေသာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအတြက္ ရရွိမည့္လုပ္ခလစာမ်ား ဟန္ခ်က္ညီေအာင္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေျပာသည္။
ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းျမစ္က ၎တို႔အားလုံးသည္ အလုပ္ရွင္ထံမွ ထိုင္းဘတ္(၁၀)သန္းေက်ာ္ ရရွိမည္ျဖစ္ၿပီး
ရရွိမည့္ ေငြေၾကးပိုမိုျမင့္တက္လာမည္ကို စိုးရိမ္မိေၾကာင္း ေျပာသည္။