ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ခွင့်ရမည့်ကာလ မြောက်ကိုရီးယား ကြေညာ

 912

Pika (NP News) - ဩဂုတ် ၁၉

မြောက်ကိုရီးယားအစိုးရသည် ကိုဗစ်(၁၉)ကပ်ရောဂါကာလအစောပိုင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကတည်းက ပိတ်ထားခဲ့သော ခရီးသွားလုပ်ငန်း တစ်စိတ်တစ်ပိုင်းကို ယခုနှစ်နှောင်းပိုင်းတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း တရုတ်အခြေစိုက် ခရီးသွားအော်ပရေတာတစ်ခု၏ ပြောကြားချက်အရသိရသည်။

မြောက်ကိုရီးယားနိုင်ငံသို့ ခရီးစဉ်များကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် တရားဝင်ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း ဘေဂျင်းအခြေစိုက် ခရီးသွားကုမ္ပဏီ Koryo Toursu က ဩဂုတ်လ(၁၄)ရက်နေ့တွင် ထုတ် ပြန်ကြေညာခဲ့သည်။ ထုတ်ပြန်ချက်တွင် ‘‘ဒီကြေညာချက်ကို ထုတ်ပြန်ဖို့ စောင့်နေတာ (၄)နှစ်လောက်ရှိပါပြီ။ မြောက်ကိုရီးယားခရီးသွားလုပ်ငန်းကို တစ်ဖန် ပြန်လည်ဖွင့်လှစ်ဖို့အတွက် တကယ်ကိုစိတ်လှုပ်ရှားမိပါတယ်”ဟု ရေး သားထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် ကိုဗစ်(၁၉)ကပ်ရောဂါကာလအစောပိုင်း ၂၀၂၀ ပြည့်နှစ်ဇန်နဝါရီလတွင် ယင်းနယ်စပ်များကို ပိတ်ပစ်လိုက်ပြီး ကိုဗစ်(၁၉) ကပ်ရောဂါကြောင့် နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပိတ်လိုက်သော ပထမဆုံး နိုင်ငံဖြစ်လာခဲ့သည်။ Koryo Tours ကုမ္ပဏီက ‘‘ဒီပြန်လည်ဖွင့်လှစ်မှုဟာ Samjiyon မြို့မှာ စတင်မှာပါ။ ဒါပေမဲ့လည်း ပြုံးယမ်း ဒါမှမဟုတ် အခြားနေရာတွေကို ဝင်ရောက်ခွင့်ကိုတော့ ကန့်သတ်ထားဦးမှာပါ။ Samjiyon မြို့ဟာ ဆောင်းရာသီအချိန်အတွင်း မြောက်ကိုရီးယားမှာ ခရီးသွားတွေအတွက် အဓိကနေရာတစ်ခုပဲ ဖြစ်ပါတယ်။ မကြာခင် ခရီးသွားဖို့ မျှော်လင့်နေတဲ့ လူတွေကို ပြောချင်တာကတော့ အရာအားလုံးဟာ ပုံမှန်နဲ့တော့ အနည်းငယ်ကွဲပြားနေပါလိမ့်မယ်။ Samjiyon မြို့ဟာ ဆောင်းရာသီမှာ ခရီးသွားတွေအတွက် အကျော်ကြားဆုံးဒေသ ဖြစ်ပြီး နိုင်ငံရဲ့ထင်ရှားတဲ့မီးတောင် Mt. Paektu ရဲ့နေရာလည်း ဖြစ်ပါတယ်။ ကိုရီးယားကျွန်း ဆွယ်တစ်ခုလုံးအတွက်တော့ အဲဒီနေရာဟာ အထင်ရှားဆုံးနဲ့အမြင့်မြတ်ဆုံးနေရာတစ်ခုဖြစ် ပါတယ်”ဟု ပြောဆိုထားသည်။

နိုင်ငံတကာခရီးသွားများကို မကြာခင် စတင်လည်ပတ်ခွင့်ပေးမည်ဖြစ်သော်လည်း တောင်ကိုရီးယားနိုင်ငံသားများ လာရောက်လည်ပတ်ခွင့်ကို ခွင့်ပြုမည်မဟုတ်ကြောင်း ပြုံးယမ်းဘက်က ယုံကြည်ထားသည်။

zawgyi version
ကမာၻလွည့္ခရီးသြားမ်ား လာေရာက္လည္ပတ္ခြင့္ရမည့္ကာလ ေျမာက္ကိုရီးယား ေၾကညာ
Pika (NP News) - ဩဂုတ္ ၁၉

ေျမာက္ကိုရီးယားအစိုးရသည္ ကိုဗစ္(၁၉)ကပ္ေရာဂါကာလအေစာပိုင္း ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလကတည္းက ပိတ္ထားခဲ့ေသာ ခရီးသြားလုပ္ငန္း တစ္စိတ္တစ္ပိုင္းကို ယခုႏွစ္ေႏွာင္းပိုင္းတြင္ ျပန္လည္ဖြင့္လွစ္ေတာ့မည္ျဖစ္ေၾကာင္း တ႐ုတ္အေျခစိုက္ ခရီးသြားေအာ္ပေရတာတစ္ခု၏ ေျပာၾကားခ်က္အရသိရသည္။

ေျမာက္ကိုရီးယားႏိုင္ငံသို႔ ခရီးစဥ္မ်ားကို ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာလတြင္ တရားဝင္ျပန္လည္စတင္ေတာ့မည္ျဖစ္ေၾကာင္း ေဘဂ်င္းအေျခစိုက္ ခရီးသြားကုမၸဏီ Koryo Toursu က ဩဂုတ္လ(၁၄)ရက္ေန႔တြင္ ထုတ္ ျပန္ေၾကညာခဲ့သည္။ ထုတ္ျပန္ခ်က္တြင္ ‘‘ဒီေၾကညာခ်က္ကို ထုတ္ျပန္ဖို႔ ေစာင့္ေနတာ (၄)ႏွစ္ေလာက္ရွိပါၿပီ။ ေျမာက္ကိုရီးယားခရီးသြားလုပ္ငန္းကို တစ္ဖန္ ျပန္လည္ဖြင့္လွစ္ဖို႔အတြက္ တကယ္ကိုစိတ္လႈပ္ရွားမိပါတယ္”ဟု ေရး သားထားသည္။

ေျမာက္ကိုရီးယားႏိုင္ငံသည္ ကိုဗစ္(၁၉)ကပ္ေရာဂါကာလအေစာပိုင္း ၂၀၂၀ ျပည့္ႏွစ္ဇန္နဝါရီလတြင္ ယင္းနယ္စပ္မ်ားကို ပိတ္ပစ္လိုက္ၿပီး ကိုဗစ္(၁၉) ကပ္ေရာဂါေၾကာင့္ ႏိုင္ငံတြင္းသို႔ ဝင္ေရာက္ခြင့္ပိတ္လိုက္ေသာ ပထမဆုံး ႏိုင္ငံျဖစ္လာခဲ့သည္။ Koryo Tours ကုမၸဏီက ‘‘ဒီျပန္လည္ဖြင့္လွစ္မႈဟာ Samjiyon ၿမိဳ႕မွာ စတင္မွာပါ။ ဒါေပမဲ့လည္း ၿပဳံးယမ္း ဒါမွမဟုတ္ အျခားေနရာေတြကို ဝင္ေရာက္ခြင့္ကိုေတာ့ ကန႔္သတ္ထားဦးမွာပါ။ Samjiyon ၿမိဳ႕ဟာ ေဆာင္းရာသီအခ်ိန္အတြင္း ေျမာက္ကိုရီးယားမွာ ခရီးသြားေတြအတြက္ အဓိကေနရာတစ္ခုပဲ ျဖစ္ပါတယ္။ မၾကာခင္ ခရီးသြားဖို႔ ေမွ်ာ္လင့္ေနတဲ့ လူေတြကို ေျပာခ်င္တာကေတာ့ အရာအားလုံးဟာ ပုံမွန္နဲ႔ေတာ့ အနည္းငယ္ကြဲျပားေနပါလိမ့္မယ္။ Samjiyon ၿမိဳ႕ဟာ ေဆာင္းရာသီမွာ ခရီးသြားေတြအတြက္ အေက်ာ္ၾကားဆုံးေဒသ ျဖစ္ၿပီး ႏိုင္ငံရဲ႕ထင္ရွားတဲ့မီးေတာင္ Mt. Paektu ရဲ႕ေနရာလည္း ျဖစ္ပါတယ္။ ကိုရီးယားကြၽန္း ဆြယ္တစ္ခုလုံးအတြက္ေတာ့ အဲဒီေနရာဟာ အထင္ရွားဆုံးနဲ႔အျမင့္ျမတ္ဆုံးေနရာတစ္ခုျဖစ္ ပါတယ္”ဟု ေျပာဆိုထားသည္။

ႏိုင္ငံတကာခရီးသြားမ်ားကို မၾကာခင္ စတင္လည္ပတ္ခြင့္ေပးမည္ျဖစ္ေသာ္လည္း ေတာင္ကိုရီးယားႏိုင္ငံသားမ်ား လာေရာက္လည္ပတ္ခြင့္ကို ခြင့္ျပဳမည္မဟုတ္ေၾကာင္း ၿပဳံးယမ္းဘက္က ယုံၾကည္ထားသည္။

Related news

© 2021. All rights reserved.