၀န်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို တရားခံအဖြစ် လွှဲပြောင်းယူဖွယ်ရှိနေဟု ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရပြော

 3591

ဂျန်ဇက် (NP News) - ဩဂုတ် ၁၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တက္ကသိုလ်ကျောင်းသားများဦးဆောင်သော ဆန္ဒပြပွဲများကြောင့် ရာထူး မှနုတ်ထွက်ကာ ပြည်ပထွက်ပြေးခဲ့သော ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို အိန္ဒိယနိုင်ငံထံမှ ပြန်လည်လွှဲပြောင်းရယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများကြောင့် လူသေဆုံးမှုများအပြင် ပြန်ပေး ဆွဲခံရခြင်းများရှိခဲ့ရာ ဘင်္ဂလားဒေ့ရှ်တရားရုံးက ရှိတ်ဟာစီနာအပြင် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သူများကို လူသတ်မှုအတွက် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

ထို့အတွက်ကြောင့် ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရအဖွဲ့သည် ရှိတ်ဟာစီနာကို အိန္ဒိယနိုင်ငံထံမှ တရားခံလွှဲပြောင်းရယူရေးပုံစံမျိုးဖြင့် ပြန်လည်လွှဲ ပြောင်းယူသွားဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။ ရှိတ်ဟာစီနာသည် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်အဖြစ် (၁၅)နှစ်ကြာ တာဝန်ယူပြီးနောက် ကျောင်းသားများဦးဆောင်သော ဆန္ဒပြပွဲများကြောင့် ဩဂုတ်လအစောပိုင်းတွင် အိန္ဒိယသို့ ထွက်ပြေးခဲ့ကာ ဒုက္ခသည်အဖြစ် နေထိုင်ခွင့်ရရန် ကြိုးပမ်းနေကြောင်း သိရသည်။ တက်ြွကလှုပ်ရှားသူတစ်ဦးဖြစ်ပြီး တရားလိုတစ်ဦးဖြစ်သည့် ရက်တူမူဟမ်မက်က ဆန္ဒပြကျောင်းသားများကို ကျည်ဆန်အစစ်သုံးပြီး ပစ်ခတ်မှုကျူးလွန်ရန် အမိန့်ပေးခဲ့ခြင်းများအတွက် ရှိတ်ဟာစီနာသည် လူသတ်မှုကျူးလွန်ခဲ့သူ ဖြစ်ကြောင်း စွပ်စွဲထားသည်။

ယာယီအစိုးရအဖွဲ့တွင် ပါဝင်နေသည့် နိုင်ငံခြားရေးဝန်ကြီး ဟူစိန်က " ရှိတ် ဟာစီနာဟာ စွဲချက်တွေကို ရင်ဆိုင်ရမှာဖြစ်တယ်။ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတွေကို သူ့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြန်လာပြီး တရားရင်ဆိုင်ဖို့ တောင်း ဆိုမယ်"ဟု ပြောသည်။ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာ အိန္ဒိယသံရုံးတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေး နွေးခဲ့ပြီး ရှိတ်ဟာစီနာနှင့်ပတ်သက်ပြီး အိန္ဒိယသံရုံး တာဝန်ရှိသူများ၏ ပြောဆိုချက်များက အပြန်အလှန် ဆက်ဆံရေးပိုမိုကောင်းမွန်စေရန်အတွက် အပြုသဘောမဆောင်ကြောင်း ပြောသည်။

ရှိတ်ဟာစီနာသည် လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံတွင်နေထိုင်နေသော်လည်း ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရက ရွေးကောက်ပွဲ တစ်ကျော့ပြန်ကျင်းပချိန်တွင် မိခင်နိုင်ငံသို့ ပြန်လာဖွယ်ရှိနေကြောင်း ရှိတ်ဟာစီနာ၏သားဖြစ်သူက ပြောသည်။

zawgyi version
၀န္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာကို တရားခံအျဖစ္ လႊဲေျပာင္းယူဖြယ္ရွိေနဟု ဘဂၤလားေဒ့ရွ္ ယာယီအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၉

ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ တကၠသိုလ္ေက်ာင္းသားမ်ားဦးေဆာင္ေသာ ဆႏၵျပပြဲမ်ားေၾကာင့္ ရာထူး မွႏုတ္ထြက္ကာ ျပည္ပထြက္ေျပးခဲ့ေသာ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာကို အိႏၵိယႏိုင္ငံထံမွ ျပန္လည္လႊဲေျပာင္းရယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ဇူလိုင္လအတြင္း ျဖစ္ပြားခဲ့ေသာ ဆႏၵျပပြဲမ်ားေၾကာင့္ လူေသဆုံးမႈမ်ားအျပင္ ျပန္ေပး ဆြဲခံရျခင္းမ်ားရွိခဲ့ရာ ဘဂၤလားေဒ့ရွ္တရား႐ုံးက ရွိတ္ဟာစီနာအျပင္ ဘဂၤလားေဒ့ရွ္အစိုးရအဖြဲ႕တြင္ ပါဝင္ခဲ့သူမ်ားကို လူသတ္မႈအတြက္ စြဲခ်က္တင္ခဲ့ေၾကာင္း သိရသည္။

ထို႔အတြက္ေၾကာင့္ ဘဂၤလားေဒ့ရွ္ ယာယီ အစိုးရအဖြဲ႕သည္ ရွိတ္ဟာစီနာကို အိႏၵိယႏိုင္ငံထံမွ တရားခံလႊဲေျပာင္းရယူေရးပုံစံမ်ိဳးျဖင့္ ျပန္လည္လႊဲ ေျပာင္းယူသြားဖြယ္ရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။ ရွိတ္ဟာစီနာသည္ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္အျဖစ္ (၁၅)ႏွစ္ၾကာ တာဝန္ယူၿပီးေနာက္ ေက်ာင္းသားမ်ားဦးေဆာင္ေသာ ဆႏၵျပပြဲမ်ားေၾကာင့္ ဩဂုတ္လအေစာပိုင္းတြင္ အိႏၵိယသို႔ ထြက္ေျပးခဲ့ကာ ဒုကၡသည္အျဖစ္ ေနထိုင္ခြင့္ရရန္ ႀကိဳးပမ္းေနေၾကာင္း သိရသည္။ တက္ျြကလႈပ္ရွားသူတစ္ဦးျဖစ္ၿပီး တရားလိုတစ္ဦးျဖစ္သည့္ ရက္တူမူဟမ္မက္က ဆႏၵျပေက်ာင္းသားမ်ားကို က်ည္ဆန္အစစ္သုံးၿပီး ပစ္ခတ္မႈက်ဴးလြန္ရန္ အမိန႔္ေပးခဲ့ျခင္းမ်ားအတြက္ ရွိတ္ဟာစီနာသည္ လူသတ္မႈက်ဴးလြန္ခဲ့သူ ျဖစ္ေၾကာင္း စြပ္စြဲထားသည္။

ယာယီအစိုးရအဖြဲ႕တြင္ ပါဝင္ေနသည့္ ႏိုင္ငံျခားေရးဝန္ႀကီး ဟူစိန္က " ရွိတ္ ဟာစီနာဟာ စြဲခ်က္ေတြကို ရင္ဆိုင္ရမွာျဖစ္တယ္။ဘဂၤလားေဒ့ရွ္အစိုးရတာဝန္ရွိသူေတြကို သူ႔ကို ဘဂၤလားေဒ့ရွ္ႏိုင္ငံကိုျပန္လာၿပီး တရားရင္ဆိုင္ဖို႔ ေတာင္း ဆိုမယ္"ဟု ေျပာသည္။ ဘဂၤလားေဒ့ရွ္ ယာယီအစိုးရအဖြဲ႕၏ ႏိုင္ငံျခားေရးဝန္ႀကီးသည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဆိုင္ရာ အိႏၵိယသံ႐ုံးတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံေဆြး ေႏြးခဲ့ၿပီး ရွိတ္ဟာစီနာႏွင့္ပတ္သက္ၿပီး အိႏၵိယသံ႐ုံး တာဝန္ရွိသူမ်ား၏ ေျပာဆိုခ်က္မ်ားက အျပန္အလွန္ ဆက္ဆံေရးပိုမိုေကာင္းမြန္ေစရန္အတြက္ အျပဳသေဘာမေဆာင္ေၾကာင္း ေျပာသည္။

ရွိတ္ဟာစီနာသည္ လက္ရွိအခ်ိန္တြင္ အိႏၵိယႏိုင္ငံတြင္ေနထိုင္ေနေသာ္လည္း ဘဂၤလားေဒ့ရွ္ယာယီအစိုးရက ေ႐ြးေကာက္ပြဲ တစ္ေက်ာ့ျပန္က်င္းပခ်ိန္တြင္ မိခင္ႏိုင္ငံသို႔ ျပန္လာဖြယ္ရွိေနေၾကာင္း ရွိတ္ဟာစီနာ၏သားျဖစ္သူက ေျပာသည္။

Related news

© 2021. All rights reserved.