လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက် နယ်မြေအသစ် မြေပုံထဲတွင် ရခိုင်ပြည်နယ်ပိုင်နက်အချို့ကို ထည့်သွင်းဖော်ပြနေ
41682
ဂျန်ဇက် (NP News) - ဩဂုတ် ၁၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယာယီအစိုးရအဖွဲ့ ဖွဲ့စည်းလိုက်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်က အလိုရှိနေသည့် နိုင်ငံမြေပုံအသစ် ထပ်မံရေးဆွဲသည်ဆိုသောသတင်းများ အင်စတာဂရမ်နှင့် ရက်ဒစ် တို့တွင် ဓါတ်ပုံနှင့်တကွထွက်ပေါ်လာခဲ့ပြီး ယင်းမြေပုံ အသစ်ထဲတွင် မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေအချို့ ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း ထည့်သွင်းရေးဆွဲခံ ထားရကြောင်း သိရသည်။ အင်စတာဂရမ်တွင် တင် ထားသည့် ဘင်္ဂလားဒေ့ရှ်က အလိုရှိနေသော နိုင်ငံ ပိုင်နက်မြေပုံအသစ်ဆိုသောခေါင်းစဉ်နှင့် ဓာတ်ပုံထဲတွင် ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို ဘင်္ဂလားဒေ့ရှ် ပိုင်နက်အဖြစ် သတ်မှတ်ဖော်ပြခြင်းများရှိနေခဲ့ ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ လူမှုကွန်ရက်ထဲတွင် ထွက်ပေါ်လာခဲ့သည့် ဘင်္ဂလားဒေ့ရှ်က လိုချင်နေ သော ပိုက်နက်နယ်မြေအသစ် ဓာတ်ပုံထဲတွင် မြန်မာ နိုင်ငံပိုင်နက် ရခိုင်ပြည်နယ် နယ်မြေအချို့အပြင် အိန္ဒိယနိုင်ငံပိုင်နက်နယ်မြေများကိုလည်း ၎င်းတို့ပိုင်နက်အဖြစ် ထည့်သွင်းရေးထားခြင်းများရှိနေခဲ့ ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်ကလိုချင်နေသော ဘင်္ဂလားဒေ့ရှ် ပိုင်နက်နယ်မြေအသစ် မြေပုံထဲတွင် အိန္ဒိယနိုင်ငံ ပိုင်နက်များဖြစ်သော မဏိပူရ၊ နာဂလန်၊ အာသံ ပြည်နယ်များကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဩဂုတ်လ အစောပိုင်းက ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာသည် တက္ကသိုလ်ကျောင်းသားများ၏ဆန္ဒပြပွဲများကြောင့် ပြည်ပထွက်ပြေးခြင်းများ ဖြစ်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးမတည် ငြိမ်မှုများရှိနေချိန်တွင် လူမှုကွန်ရက် တွင် ဘင်္ဂလားဒေ့ရှ်က အလိုရှိနေသော နိုင်ငံပိုင်နက် မြေပုံအသစ် ဓာတ်ပုံကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ် ဟာစီနာသည် ရာထူးမှနုတ်မထွက်ခင် အင်တာဗျူး အစီအစဉ်တစ်ခုတွင် နိုင်ငံကြီးတစ်နိုင်ငံက မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်ပိုင်နက်များကို ဖဲ့ယူပြီး ခရစ်ယာန် နိုင်ငံတစ်နိုင်ငံတည်ထောင်ရန် အစီအစဉ်များ ရှိနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာပိုင်နက်များကို ဖဲ့ယူပူးပေါင်းပြီး ဇိုမီး လူမျိုးများအတွက် နိုင်ငံအသစ်တည်ထောင်ပေးဖွယ် ရှိနေသည်ဆိုသောသတင်းများလည်း ထပ်မံထွက်ပေါ် ခဲ့ဖူးသည်။
zawgyi version
လူမႈကြန္ရက္တြင္ပ်ံ႕ႏွံ႔ခဲ့ေသာ ဘဂၤလားေဒ့ရွ္ႏိုင္ငံပိုင္နက္ နယ္ေျမအသစ္ ေျမပုံထဲတြင္ ရခိုင္ျပည္နယ္ပိုင္နက္အခ်ိဳ႕ကို ထည့္သြင္းေဖာ္ျပေန
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၉
ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ယာယီအစိုးရအဖြဲ႕ ဖြဲ႕စည္းလိုက္ၿပီးေနာက္ပိုင္း ဘဂၤလားေဒ့ရွ္က အလိုရွိေနသည့္ ႏိုင္ငံေျမပုံအသစ္ ထပ္မံေရးဆြဲသည္ဆိုေသာသတင္းမ်ား အင္စတာဂရမ္ႏွင့္ ရက္ဒစ္ တို႔တြင္ ဓါတ္ပုံႏွင့္တကြထြက္ေပၚလာခဲ့ၿပီး ယင္းေျမပုံ အသစ္ထဲတြင္ ျမန္မာႏိုင္ငံ၏ ပိုင္နက္နယ္ေျမအခ်ိဳ႕ ဘဂၤလားေဒ့ရွ္ပိုင္နက္အတြင္း ထည့္သြင္းေရးဆြဲခံ ထားရေၾကာင္း သိရသည္။ အင္စတာဂရမ္တြင္ တင္ ထားသည့္ ဘဂၤလားေဒ့ရွ္က အလိုရွိေနေသာ ႏိုင္ငံ ပိုင္နက္ေျမပုံအသစ္ဆိုေသာေခါင္းစဥ္ႏွင့္ ဓာတ္ပုံထဲတြင္ ရခိုင္ျပည္နယ္တစ္ခုလုံးနီးပါးကို ဘဂၤလားေဒ့ရွ္ ပိုင္နက္အျဖစ္ သတ္မွတ္ေဖာ္ျပျခင္းမ်ားရွိေနခဲ့ ေၾကာင္း သိရသည္။
ထို႔ျပင္ အဆိုပါ လူမႈကြန္ရက္ထဲတြင္ ထြက္ေပၚလာခဲ့သည့္ ဘဂၤလားေဒ့ရွ္က လိုခ်င္ေန ေသာ ပိုက္နက္နယ္ေျမအသစ္ ဓာတ္ပုံထဲတြင္ ျမန္မာ ႏိုင္ငံပိုင္နက္ ရခိုင္ျပည္နယ္ နယ္ေျမအခ်ိဳ႕အျပင္ အိႏၵိယႏိုင္ငံပိုင္နက္နယ္ေျမမ်ားကိုလည္း ၎တို႔ပိုင္နက္အျဖစ္ ထည့္သြင္းေရးထားျခင္းမ်ားရွိေနခဲ့ ေၾကာင္း သိရသည္။
ဘဂၤလားေဒ့ရွ္ကလိုခ်င္ေနေသာ ဘဂၤလားေဒ့ရွ္ ပိုင္နက္နယ္ေျမအသစ္ ေျမပုံထဲတြင္ အိႏၵိယႏိုင္ငံ ပိုင္နက္မ်ားျဖစ္ေသာ မဏိပူရ၊ နာဂလန္၊ အာသံ ျပည္နယ္မ်ားကိုလည္း ထည့္သြင္းထားေၾကာင္း သိရသည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ဩဂုတ္လ အေစာပိုင္းက ဝန္ႀကီးခ်ဳပ္ေဟာင္းရွိတ္ဟာစီနာသည္ တကၠသိုလ္ေက်ာင္းသားမ်ား၏ဆႏၵျပပြဲမ်ားေၾကာင့္ ျပည္ပထြက္ေျပးျခင္းမ်ား ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ႏိုင္ငံေရးမတည္ ၿငိမ္မႈမ်ားရွိေနခ်ိန္တြင္ လူမႈကြန္ရက္ တြင္ ဘဂၤလားေဒ့ရွ္က အလိုရွိေနေသာ ႏိုင္ငံပိုင္နက္ ေျမပုံအသစ္ ဓာတ္ပုံက်ယ္ျပန႔္စြာ ထြက္ေပၚလာခဲ့ျခင္း ျဖစ္သည္။
ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ ဟာစီနာသည္ ရာထူးမွႏုတ္မထြက္ခင္ အင္တာဗ်ဴး အစီအစဥ္တစ္ခုတြင္ ႏိုင္ငံႀကီးတစ္ႏိုင္ငံက ျမန္မာႏိုင္ငံ ႏွင့္ ဘဂၤလားေဒ့ရွ္ပိုင္နက္မ်ားကို ဖဲ့ယူၿပီး ခရစ္ယာန္ ႏိုင္ငံတစ္ႏိုင္ငံတည္ေထာင္ရန္ အစီအစဥ္မ်ား ရွိေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသည္။ ဘဂၤလားေဒ့ရွ္ ႏွင့္ ျမန္မာပိုင္နက္မ်ားကို ဖဲ့ယူပူးေပါင္းၿပီး ဇိုမီး လူမ်ိဳးမ်ားအတြက္ ႏိုင္ငံအသစ္တည္ေထာင္ေပးဖြယ္ ရွိေနသည္ဆိုေသာသတင္းမ်ားလည္း ထပ္မံထြက္ေပၚ ခဲ့ဖူးသည္။