လေကြောင်းတိုက်ခိုက်ခံနေရသည့် ကျောက်မဲသို့ မိုးကုတ် PDF များကို TNLA က ပြောင်းပို့နေ

 20878

သုတကျော်(NP News) - ဩဂုတ် ၂ဝ

သေဆုံးသူများနေသည့် TNLA က မိုးကုတ်မှ PDF များကိုလေကြောင်း ဗုံးကြဲမှုဖြစ်နိုင်သည့် ကျောက်မဲသို့ ပထုတ်ထားကာ ကျောက်မဲမှ TNLA များကို အခြားနေရာသို့ ရွှေ့ထားကြောင်း ဖြစ်စဉ်ကို အသေးစိတ်သိရှိသူ ဒေသခံတစ်ဦးက NP News သို့ ပြောသည်။

မိုးကုတ်မြို့ကို TNLA နှင့် PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်မှုများပြုလုပ်ပြီးနောက် အဆိုပါမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာကာ PDF များလည်း အဆိုပါ မြို့နယ်တွင်ကျန်ရှိနေခဲ့ခြင်းဖြစ်သည်။

ထို့နောက် အရပ်ဘက်အုပ်ချုပ်ရေးကို ဖော်ဆောင်မည်ဟုဆိုကာ မိုးကုတ်တွင် ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ပြီးနောက် တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုကို အချိန်မရွေးခံရနိုင်သည့် ကျောက်မဲမြို့သို့ ပြောင်းရွှေ့နေခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့ခံ အများအပြားကလည်း TNLA ၏ အုပ်ချုပ်မှုအောက်တွင် မနေလိုခြင်း၊ တပ်မ တော်က တိုက်ခိုက်ပါက လွတ်လွတ်လပ်လပ် တိုက်ခိုက် ထိုးစစ်ဆင်နိုင်ရန်အတွက် အခြားဒေသများသို့ ပြောင်းရွှေ့နေကြသည်။

“ မနေ့ကတော့ မိုးကုတ်ကနေ ကျောက်မဲကို PDF တွေပို့တယ်။ သူတို့ ရောက်လာကြတယ်။ ပလောင်က နည်းသွားတာပေါ့။ ပလောင်က ဘယ်ရောက်နေလဲဆိုတော့ သီပေါမှာ သူတို့က ကားတွေနဲ့တော့ ပတ်နေတယ်” ဟု ၎င်းကဆိုသည်။

နောင်ချိုမြို့နယ်၊ တောင်ခမ်းတိုက်ပွဲတွင် တပ်မတော်၏ လေကြာင်းပစ်ကူကြောင့် TNLA သေဆုံးသူ ပမာဏများပြားခဲ့သည့်အတွက် မိုးကုတ် မြို့တွင်ရှိသော PDF အင်အားကို ကျောက်မဲသို့ ဖြန့်ခွဲ ပို့လိုက်ခြင်းဖြစ်မည်ဟု သုံးသပ်ကြောင်း ၎င်းက ရှင်းပြသည်။ “ပလောင်အင်အားကိုတော့ သီပေါကို ပို့တယ်။ ပလောင်ရဲဆိုတာရှိတယ်။ အဲဒီ Police ကားတွေနဲ့ သီပေါကို ပို့လိုက်တယ်။ PDF အင်အားက ကျောက်မဲကို ရောက်လာတယ်။ မိုးကုတ်ကနေ ပ ထုတ်လိုက်တဲ့ သဘောလို့ ပြောရမှာပေါ့။ အသုံးချခံ ပေါ့။ သေစရာရှိရင် နင်တို့သေပေါ့။ တပ်ကလည်း ကြဲမယ့်ကြဲရင် ကျောက်မဲဘက်ကြဲမှာလေ”ဟု ၎င်းက ဆိုသည်။

ထို့ပြင် နောင်ချိုမြို့နယ်ဘက်တွင် ဒလန်ဟု ယူဆရသူများကို ဖမ်းဆီးခြင်းများ ရှိနေကြောင်းလည်း သိရသည်။

“ နောင်ချိုက လောလောဆယ် တအားကြီးတော့ မသိရဘူး။ ဖုန်းက မရဘူးလေ။ မနေ့က ဖုန်းရတဲ့ အခြေအနေအရ နောင်ချိုမှာ ဝန်ထမ်းလိုင်းခန်းနဲ့ တပ်နဲ့ ဆက်စပ်တဲ့ သူတွေရဲ့ အိမ်တွေကို ချိပ်ပိတ်တယ်။ ဒလန်လို့ သူတို့ ယူဆသူတွေကို ခေါ်သွားတယ်ပြောတယ်”ဟု ၎င်းက ဆိုသည်။

zawgyi version
ေလေၾကာင္းတိုက္ခိုက္ခံေနရသည့္ ေက်ာက္မဲသို႔ မိုးကုတ္ PDF မ်ားကို TNLA က ေျပာင္းပို႔ေန
သုတေက်ာ္(NP News) - ဩဂုတ္ ၂ဝ

ေသဆုံးသူမ်ားေနသည့္ TNLA က မိုးကုတ္မွ PDF မ်ားကိုေလေၾကာင္း ဗုံးႀကဲမႈျဖစ္ႏိုင္သည့္ ေက်ာက္မဲသို႔ ပထုတ္ထားကာ ေက်ာက္မဲမွ TNLA မ်ားကို အျခားေနရာသို႔ ေ႐ႊ႕ထားေၾကာင္း ျဖစ္စဥ္ကို အေသးစိတ္သိရွိသူ ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။

မိုးကုတ္ၿမိဳ႕ကို TNLA ႏွင့္ PDF ပူးေပါင္းအဖြဲ႕က တိုက္ခိုက္မႈမ်ားျပဳလုပ္ၿပီးေနာက္ အဆိုပါၿမိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ေၾကညာကာ PDF မ်ားလည္း အဆိုပါ ၿမိဳ႕နယ္တြင္က်န္ရွိေနခဲ့ျခင္းျဖစ္သည္။

ထို႔ေနာက္ အရပ္ဘက္အုပ္ခ်ဳပ္ေရးကို ေဖာ္ေဆာင္မည္ဟုဆိုကာ မိုးကုတ္တြင္ ရပ္ကြက္အလိုက္ အုပ္ခ်ဳပ္ေရးမႉးမ်ားကို ေ႐ြးခ်ယ္ၿပီးေနာက္ တပ္မေတာ္၏ ေလေၾကာင္းတိုက္ခိုက္မႈကို အခ်ိန္မေ႐ြးခံရႏိုင္သည့္ ေက်ာက္မဲၿမိဳ႕သို႔ ေျပာင္းေ႐ႊ႕ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕ခံ အမ်ားအျပားကလည္း TNLA ၏ အုပ္ခ်ဳပ္မႈေအာက္တြင္ မေနလိုျခင္း၊ တပ္မ ေတာ္က တိုက္ခိုက္ပါက လြတ္လြတ္လပ္လပ္ တိုက္ခိုက္ ထိုးစစ္ဆင္ႏိုင္ရန္အတြက္ အျခားေဒသမ်ားသို႔ ေျပာင္းေ႐ႊ႕ေနၾကသည္။

“ မေန႔ကေတာ့ မိုးကုတ္ကေန ေက်ာက္မဲကို PDF ေတြပို႔တယ္။ သူတို႔ ေရာက္လာၾကတယ္။ ပေလာင္က နည္းသြားတာေပါ့။ ပေလာင္က ဘယ္ေရာက္ေနလဲဆိုေတာ့ သီေပါမွာ သူတို႔က ကားေတြနဲ႔ေတာ့ ပတ္ေနတယ္” ဟု ၎ကဆိုသည္။

ေနာင္ခ်ိဳၿမိဳ႕နယ္၊ ေတာင္ခမ္းတိုက္ပြဲတြင္ တပ္မေတာ္၏ ေလၾကာင္းပစ္ကူေၾကာင့္ TNLA ေသဆုံးသူ ပမာဏမ်ားျပားခဲ့သည့္အတြက္ မိုးကုတ္ ၿမိဳ႕တြင္ရွိေသာ PDF အင္အားကို ေက်ာက္မဲသို႔ ျဖန႔္ခြဲ ပို႔လိုက္ျခင္းျဖစ္မည္ဟု သုံးသပ္ေၾကာင္း ၎က ရွင္းျပသည္။ “ပေလာင္အင္အားကိုေတာ့ သီေပါကို ပို႔တယ္။ ပေလာင္ရဲဆိုတာရွိတယ္။ အဲဒီ Police ကားေတြနဲ႔ သီေပါကို ပို႔လိုက္တယ္။ PDF အင္အားက ေက်ာက္မဲကို ေရာက္လာတယ္။ မိုးကုတ္ကေန ပ ထုတ္လိုက္တဲ့ သေဘာလို႔ ေျပာရမွာေပါ့။ အသုံးခ်ခံ ေပါ့။ ေသစရာရွိရင္ နင္တို႔ေသေပါ့။ တပ္ကလည္း ႀကဲမယ့္ႀကဲရင္ ေက်ာက္မဲဘက္ႀကဲမွာေလ”ဟု ၎က ဆိုသည္။

ထို႔ျပင္ ေနာင္ခ်ိဳၿမိဳ႕နယ္ဘက္တြင္ ဒလန္ဟု ယူဆရသူမ်ားကို ဖမ္းဆီးျခင္းမ်ား ရွိေနေၾကာင္းလည္း သိရသည္။

“ ေနာင္ခ်ိဳက ေလာေလာဆယ္ တအားႀကီးေတာ့ မသိရဘူး။ ဖုန္းက မရဘူးေလ။ မေန႔က ဖုန္းရတဲ့ အေျခအေနအရ ေနာင္ခ်ိဳမွာ ဝန္ထမ္းလိုင္းခန္းနဲ႔ တပ္နဲ႔ ဆက္စပ္တဲ့ သူေတြရဲ႕ အိမ္ေတြကို ခ်ိပ္ပိတ္တယ္။ ဒလန္လို႔ သူတို႔ ယူဆသူေတြကို ေခၚသြားတယ္ေျပာတယ္”ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.