တပ်မတော်မရှိလျှင် တစ်ဗိုလ်တစ်မင်း စစ်ဘုရင်ဝါဒ ကြီးစိုးလိမ့်မည်ဟု CSM ထုတ်ပြန်
16022
သုတကျော် (NP News) - ဩဂုတ် ၂ဝ
တပ်မတော်မရှိလျှင် မင်းမဲ့စရိုက် ဖြစ်လာပြီး နေရာအနှံ့ တစ်ဗိုလ်တစ်မင်း စစ်ဘုရင်များ အခြေအနေသို့ ဆိုက်ရောက်နိုင်ခြေကို ဦးတည်နေကြောင်း မြန်မာအစိုးရကို တိုက်ခိုက်နေသော အင်အားစုများကို ထောက်ခံသည့် Civil Society for Myanmar (CSM) ဂျပန်အဖွဲ့အစည်း၏ စာတွင် ထည့်သွင်း ဝန်ခံထားသည်။
ပြည်တွင်းစစ်မီးရှိန်ကြောင့် ပြည်သူများ စစ်တလင်း များတွင် အသက်အိုးအိမ်များ နေ့စဉ်နှင့်အမျှ ပျက်စီးနေပြီး ထိုအခြေအနေကို ထိန်းချုပ်နိုင်သည့် အဓိက စုစည်းနိုင်သည့် အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာနိုင်ခြင်းမရှိသည့် အခြေအနေတွင်ရှိနေကြောင်း စာတွင် ရေးသားထားသည်။
ထို့ပြင် NUG အနေဖြင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများကို ဦးဆောင်နိုင်ခြင်း မရှိ သေးသည့်အပြင် အခြားနေရာများတွင်လည်း အလုံး စုံ မစိုးမိုးနိုင်သည့်အတွက် ကြားဖြတ် အစိုးရဖွဲ့ရန် လိုလာခြင်း ဖြစ်သည်ဟုလည်း ၎င်းတို့က ဆိုထားသည်။
ယခင်ကပင် NUG ကို အွန်လိုင်း အစိုးရ၊ လေလှိုင်း အစိုးရစသည်ဖြင့် ဝေဖန်မှုများရှိနေသည့် အပြင် လက်တွေ့မကျသော မူဝါဒများ၊ မြေပြင်နှင့် ကွဲပြားနေသော စီမံကိန်းများ၊ ၎င်းတို့၏ ငွေကြေး သုံးစွဲမှုနှင့်ပတ်သက်၍ ပွင့်လင်မြင်သာမှု မရှိခြင်း များအပေါ် ထင်ထင်ရှားရှား ဝေဖန် ပြောကြားမှုများ ရှိနေခြင်းလည်း ဖြစ်သည်။
Civil Society for Myanmar (CSM) ဂျပန် ၏ စာအတွင်း NUG ကို ယခင်က ပြည်ပတွင် နိဂုံးချုပ်သွားခဲ့သည့် မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ National Coalition Government of the Union of Burma (NCGUB) ဟု ဆိုသော အဝေးရောက်အမည်ခံ အစိုးရနှင့်လည်း ဥပမာ ပေးထားပြီး အဆိုပါ အဖွဲ့တွင်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ မပါဝင်ဘဲ လွှတ်တော်အမတ်များသက်သက်ဖြင့်သာ ဖွဲ့စည်းခဲ့သည့်အတွက် အမည်ခံအစိုးရ သက်သက်ဘဝဖြင့် အမေရိကန်နိုင်ငံတွင်နိဂုံးချုပ်သွားခဲ့ရသကဲ့သို့ NUG သည်လည်း NCGUB နှင့် အလားတူသဘော ဆောင်လျက်ရှိသည်ဟု ဆိုထားသည်။
ထို့ကြောင့် တပ်မတော် ပြိုကွဲလျှင် မင်းမဲ့စရိုက်ဖြစ်လာပြီး နေရာအနှံ့ တစ်ဗိုလ်တစ်မင်း စစ်ဘုရင်များ အခြေအနေသို့ ဆိုက်ရောက်လာနိုင်ခြေသို့ ဦးတည် လျက်ရှိခြင်းကြောင့် ထိုသို့မဖြစ်ရန် လက်ရှိ တပ်မတော်ကို တိုက်ခိုက်နေသော အဖွဲ့အစည်းများက ကြားဖြတ်အဖွဲ့အစည်းဖွဲ့ရန် ပြောကြားထားသည်။
သို့သော် NP News က မြင်တွေ့ရသော အခြေအနေအရ တပ်မတော်ကို တိုက်ခိုက်နေသော အဖွဲ့အစည်းများ ကိုယ်တိုင်ပင်လျှင် အချင်းချင်း အကြားအမြင်မတူမှုများ၊ အယူအဆ ကွဲပြားခြင်းများရှိနေသည့်အပြင် NUG ကိုယ်တိုင်ပင်လျှင် ၎င်းတို့ဖွဲ့စည်းထားသည့် အရပ်ဘက်အုပ်ချုပ်ရေးဟု ဆိုသော အဖွဲ့များအကြား ကွဲပြားမှုများရှိနေခြင်း ဖြစ်သည်။
zawgyi version
တပ္မေတာ္မရွိလွ်င္ တစ္ဗိုလ္တစ္မင္း စစ္ဘုရင္ဝါဒ ႀကီးစိုးလိမ့္မည္ဟု CSM ထုတ္ျပန္
သုတေက်ာ္ (NP News) - ဩဂုတ္ ၂ဝ
တပ္မေတာ္မရွိလွ်င္ မင္းမဲ့စ႐ိုက္ ျဖစ္လာၿပီး ေနရာအႏွံ႔ တစ္ဗိုလ္တစ္မင္း စစ္ဘုရင္မ်ား အေျခအေနသို႔ ဆိုက္ေရာက္ႏိုင္ေျခကို ဦးတည္ေနေၾကာင္း ျမန္မာအစိုးရကို တိုက္ခိုက္ေနေသာ အင္အားစုမ်ားကို ေထာက္ခံသည့္ Civil Society for Myanmar (CSM) ဂ်ပန္အဖြဲ႕အစည္း၏ စာတြင္ ထည့္သြင္း ဝန္ခံထားသည္။
ျပည္တြင္းစစ္မီးရွိန္ေၾကာင့္ ျပည္သူမ်ား စစ္တလင္း မ်ားတြင္ အသက္အိုးအိမ္မ်ား ေန႔စဥ္ႏွင့္အမွ် ပ်က္စီးေနၿပီး ထိုအေျခအေနကို ထိန္းခ်ဳပ္ႏိုင္သည့္ အဓိက စုစည္းႏိုင္သည့္ အဖြဲ႕အစည္းတစ္ခု ေပၚေပါက္လာႏိုင္ျခင္းမရွိသည့္ အေျခအေနတြင္ရွိေနေၾကာင္း စာတြင္ ေရးသားထားသည္။
ထို႔ျပင္ NUG အေနျဖင့္ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕အစည္းမ်ားကို ဦးေဆာင္ႏိုင္ျခင္း မရွိ ေသးသည့္အျပင္ အျခားေနရာမ်ားတြင္လည္း အလုံး စုံ မစိုးမိုးႏိုင္သည့္အတြက္ ၾကားျဖတ္ အစိုးရဖြဲ႕ရန္ လိုလာျခင္း ျဖစ္သည္ဟုလည္း ၎တို႔က ဆိုထားသည္။
ယခင္ကပင္ NUG ကို အြန္လိုင္း အစိုးရ၊ ေလလႈိင္း အစိုးရစသည္ျဖင့္ ေဝဖန္မႈမ်ားရွိေနသည့္ အျပင္ လက္ေတြ႕မက်ေသာ မူဝါဒမ်ား၊ ေျမျပင္ႏွင့္ ကြဲျပားေနေသာ စီမံကိန္းမ်ား၊ ၎တို႔၏ ေငြေၾကး သုံးစြဲမႈႏွင့္ပတ္သက္၍ ပြင့္လင္ျမင္သာမႈ မရွိျခင္း မ်ားအေပၚ ထင္ထင္ရွားရွား ေဝဖန္ ေျပာၾကားမႈမ်ား ရွိေနျခင္းလည္း ျဖစ္သည္။
Civil Society for Myanmar (CSM) ဂ်ပန္ ၏ စာအတြင္း NUG ကို ယခင္က ျပည္ပတြင္ နိဂုံးခ်ဳပ္သြားခဲ့သည့္ ျမန္မာႏိုင္ငံ အမ်ိဳးသားၫြန႔္ေပါင္း အစိုးရ National Coalition Government of the Union of Burma (NCGUB) ဟု ဆိုေသာ အေဝးေရာက္အမည္ခံ အစိုးရႏွင့္လည္း ဥပမာ ေပးထားၿပီး အဆိုပါ အဖြဲ႕တြင္ကို တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္း ေခါင္းေဆာင္မ်ား မပါဝင္ဘဲ လႊတ္ေတာ္အမတ္မ်ားသက္သက္ျဖင့္သာ ဖြဲ႕စည္းခဲ့သည့္အတြက္ အမည္ခံအစိုးရ သက္သက္ဘဝျဖင့္ အေမရိကန္ႏိုင္ငံတြင္နိဂုံးခ်ဳပ္သြားခဲ့ရသကဲ့သို႔ NUG သည္လည္း NCGUB ႏွင့္ အလားတူသေဘာ ေဆာင္လ်က္ရွိသည္ဟု ဆိုထားသည္။
ထို႔ေၾကာင့္ တပ္မေတာ္ ၿပိဳကြဲလွ်င္ မင္းမဲ့စ႐ိုက္ျဖစ္လာၿပီး ေနရာအႏွံ႔ တစ္ဗိုလ္တစ္မင္း စစ္ဘုရင္မ်ား အေျခအေနသို႔ ဆိုက္ေရာက္လာႏိုင္ေျခသို႔ ဦးတည္ လ်က္ရွိျခင္းေၾကာင့္ ထိုသို႔မျဖစ္ရန္ လက္ရွိ တပ္မေတာ္ကို တိုက္ခိုက္ေနေသာ အဖြဲ႕အစည္းမ်ားက ၾကားျဖတ္အဖြဲ႕အစည္းဖြဲ႕ရန္ ေျပာၾကားထားသည္။
သို႔ေသာ္ NP News က ျမင္ေတြ႕ရေသာ အေျခအေနအရ တပ္မေတာ္ကို တိုက္ခိုက္ေနေသာ အဖြဲ႕အစည္းမ်ား ကိုယ္တိုင္ပင္လွ်င္ အခ်င္းခ်င္း အၾကားအျမင္မတူမႈမ်ား၊ အယူအဆ ကြဲျပားျခင္းမ်ားရွိေနသည့္အျပင္ NUG ကိုယ္တိုင္ပင္လွ်င္ ၎တို႔ဖြဲ႕စည္းထားသည့္ အရပ္ဘက္အုပ္ခ်ဳပ္ေရးဟု ဆိုေသာ အဖြဲ႕မ်ားအၾကား ကြဲျပားမႈမ်ားရွိေနျခင္း ျဖစ္သည္။