ဇီလန်စကီးက Kursk ဒေသကို ထိုးဖောက်ပြီး ရုရှားကို ဖိအားပေးဖို့ ကြိုးစားသော်လည်း ရုရှားက ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ တက်ရောက်မည်မဟုတ်ကြောင်းဖော်ပြ၍ တုံ့ပြန်

 2948

ALynn (NP News) - သြဂုတ် ၂ဝ

ရုရှားနယ်မြေကို နှစ်ပတ်နီးပါး ထိုးစစ်ဆင်၍ ကိယက်ဗ်မှ ကရင်မလင်အား ဖိအားများ ပေးနေသော်လည်း ယူကရိန်း နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို မော်စကိုက တနင်္လာနေ့ (သြဂုတ် ၁၉ ရက်) တွင် ငြင်းဆိုခဲ့သည်။ ယူကရိန်းသည် ဩဂုတ်လ ၆ ရက်တွင် တပ်ဖွဲ့ဝင်များနှင့် တင့်ကားများကို နယ်စပ်ဖြတ်ကျော်စေလွှတ်ခဲ့ပြီး ရုရှားနိုင်ငံ Kursk ဒေသအတွင်းသို့ ကီလိုမီတာများစွာ ထိုးဖောက်ဝင်ရောက်ကာ နယ်မြေအချို့ကို ချုပ်ကိုင်ထားသည်။

ယခုအခါ ယူကရိန်းသည် စတုရန်းကီလိုမီတာ ၁၂၅၀ ကျော်နှင့် အခြေစိုက်စခန်း ၉၂ ခုကို ထိန်းချုပ်ထားကြောင်း ဇီလန်စကီးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ရုရှားမြေပေါ်တွင် အကြီးမားဆုံး တိုက်ခိုက်မှုသည် မော်စကိုကို တုန်လှုပ်သွားစေခဲ့ပြီး ယူကရိန်း၏ အနောက်မဟာမိတ်များကို အံ့အားသင့်စေခဲ့ သည်။ ရုရှားတပ်ဖွဲ့ဝင်များကို ပြန့်ကျဲသွားအောင် ဖြန့်ကျက်စေခြင်း၊ ကြားခံဇုန်ဖန်တီးခြင်းနှင့် စစ်ပွဲကို တရားမျှတ သော ညှိနှိုင်းချက်များဖြင့် အဆုံးသတ်ရန် ပိုမိုနီးကပ်လာသည်ဟု တာဝန်ရှိသူများက ယခင်က ပြောကြားခဲ့သည့် ယခုထိုးစစ်မှာ ကိယက်ဗ်၏ ရည်မှန်းချက်များ အောင်မြင်အောင် ဖန်တီးပေးနေကြောင်း ဇီလန်စကီးမှ ပြောကြားခဲ့သည်။

သို့သော် ဇီလန်စကီးနှင့် ၎င်း၏ မဟာမိတ်သံတမန်များနှင့် တွေ့ဆုံရာ၌ ရုရှားနိုင်ငံအတွင်းသို့ တာဝေးပစ်လက်နက်များ အသုံးပြုတိုက်ခိုက်ခြင်းကို ခွင့်ပြုပေးရန် မိတ်ဖက်နိုင်ငံများအား တောင်းဆိုခဲ့သည်။ "ထိုကဲ့သို့သော လက်နက်များကို အသုံးပြုနိုင်ခဲ့ပါက Kursk ဒေသအတွင်းသို့ ကျုးကျော်ဝင်ရောက်ခြင်းကို ရပ်တန့်ပေးမည်” ဟု ၎င်းက ဆိုသည်။
ဇီလန်စကီးက သံတမန်များအား ယခုနှစ်အတွင်း ဒုတိယအကြိမ် ငြိမ်းချမ်းရေး ထိပ်သီး ဆွေးနွေးပွဲ ကျင်းပပေးရန် တိုက်တွန်းခဲ့ပြီး "ငြိမ်းချမ်းရေးရရှိရန် ကျွန်ုပ်တို့၏ စွမ်းပကားများနှင့်အတူ မဟာမိတ်များနှင့်အတူ ရုရှားကို အင်အား အလုံးအရင်းဖြင့် တွန်းအားပေးရမည်" ဟု ပြောကြားခဲ့သည်။

သို့သော် ကိယက်ဗ်၏တိုက်ခိုက်မှုသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲအလားအလာကို ပိုမိုဝေးကွာသွားစေသည်ဟု ကရင်မလင်လက်ထောက် Yuri Ushakov က ပြောကြားခဲ့သည်။ “လက်ရှိအအခြေအနေက မလွန်မြောက် သေးသ၍ ကျွန်တော်တို့ စကားပြောမှာမဟုတ်ပါဘူး” ဟု ၎င်းက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ၎င်းက ယခုအချိန်မှာ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်တွေ စဖို့ လုံးဝ မသင့်လျော်ပါဟု ဖော်ပြခဲပြီး အနာဂတ် ဆွေးနွေးပွဲများ သည် Kursk ဒေသ အပါအဝင် စစ်မြေပြင် အခြေအနေအပေါ်မူတည်ကြောင်း ပြောကြားခဲ့သည်။

Zawgyi Version;
ဇီလန္စကီးက Kursk ေဒသကို ထိုးေဖာက္ၿပီး ႐ုရွားကို ဖိအားေပးဖို႔ ႀကိဳးစားေသာ္လည္း ႐ုရွားက ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားသို႔ တက္ေရာက္မည္မဟုတ္ေၾကာင္းေဖာ္ျပ၍ တုံ႔ျပန္
ALynn (NP News) - ၾသဂုတ္ ၂ဝ

႐ုရွားနယ္ေျမကို ႏွစ္ပတ္နီးပါး ထိုးစစ္ဆင္၍ ကိယက္ဗ္မွ ကရင္မလင္အား ဖိအားမ်ား ေပးေနေသာ္လည္း ယူကရိန္း ႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈကို ေမာ္စကိုက တနလၤာေန႔ (ၾသဂုတ္ ၁၉ ရက္) တြင္ ျငင္းဆိုခဲ့သည္။ ယူကရိန္းသည္ ဩဂုတ္လ ၆ ရက္တြင္ တပ္ဖြဲ႕ဝင္မ်ားႏွင့္ တင့္ကားမ်ားကို နယ္စပ္ျဖတ္ေက်ာ္ေစလႊတ္ခဲ့ၿပီး ႐ုရွားႏိုင္ငံ Kursk ေဒသအတြင္းသို႔ ကီလိုမီတာမ်ားစြာ ထိုးေဖာက္ဝင္ေရာက္ကာ နယ္ေျမအခ်ိဳ႕ကို ခ်ဳပ္ကိုင္ထားသည္။

ယခုအခါ ယူကရိန္းသည္ စတုရန္းကီလိုမီတာ ၁၂၅၀ ေက်ာ္ႏွင့္ အေျခစိုက္စခန္း ၉၂ ခုကို ထိန္းခ်ဳပ္ထားေၾကာင္း ဇီလန္စကီးက တနလၤာေန႔တြင္ ေျပာၾကားခဲ့သည္။ ဒုတိယကမာၻစစ္ ေနာက္ပိုင္း ႐ုရွားေျမေပၚတြင္ အႀကီးမားဆုံး တိုက္ခိုက္မႈသည္ ေမာ္စကိုကို တုန္လႈပ္သြားေစခဲ့ၿပီး ယူကရိန္း၏ အေနာက္မဟာမိတ္မ်ားကို အံ့အားသင့္ေစခဲ့ သည္။ ႐ုရွားတပ္ဖြဲ႕ဝင္မ်ားကို ျပန႔္က်ဲသြားေအာင္ ျဖန႔္က်က္ေစျခင္း၊ ၾကားခံဇုန္ဖန္တီးျခင္းႏွင့္ စစ္ပြဲကို တရားမွ်တ ေသာ ညႇိႏႈိင္းခ်က္မ်ားျဖင့္ အဆုံးသတ္ရန္ ပိုမိုနီးကပ္လာသည္ဟု တာဝန္ရွိသူမ်ားက ယခင္က ေျပာၾကားခဲ့သည့္ ယခုထိုးစစ္မွာ ကိယက္ဗ္၏ ရည္မွန္းခ်က္မ်ား ေအာင္ျမင္ေအာင္ ဖန္တီးေပးေနေၾကာင္း ဇီလန္စကီးမွ ေျပာၾကားခဲ့သည္။

သို႔ေသာ္ ဇီလန္စကီးႏွင့္ ၎၏ မဟာမိတ္သံတမန္မ်ားႏွင့္ ေတြ႕ဆုံရာ၌ ႐ုရွားႏိုင္ငံအတြင္းသို႔ တာေဝးပစ္လက္နက္မ်ား အသုံးျပဳတိုက္ခိုက္ျခင္းကို ခြင့္ျပဳေပးရန္ မိတ္ဖက္ႏိုင္ငံမ်ားအား ေတာင္းဆိုခဲ့သည္။ "ထိုကဲ့သို႔ေသာ လက္နက္မ်ားကို အသုံးျပဳႏိုင္ခဲ့ပါက Kursk ေဒသအတြင္းသို႔ က်ဳးေက်ာ္ဝင္ေရာက္ျခင္းကို ရပ္တန႔္ေပးမည္” ဟု ၎က ဆိုသည္။
ဇီလန္စကီးက သံတမန္မ်ားအား ယခုႏွစ္အတြင္း ဒုတိယအႀကိမ္ ၿငိမ္းခ်မ္းေရး ထိပ္သီး ေဆြးေႏြးပြဲ က်င္းပေပးရန္ တိုက္တြန္းခဲ့ၿပီး "ၿငိမ္းခ်မ္းေရးရရွိရန္ ကြၽႏ္ုပ္တို႔၏ စြမ္းပကားမ်ားႏွင့္အတူ မဟာမိတ္မ်ားႏွင့္အတူ ႐ုရွားကို အင္အား အလုံးအရင္းျဖင့္ တြန္းအားေပးရမည္" ဟု ေျပာၾကားခဲ့သည္။

သို႔ေသာ္ ကိယက္ဗ္၏တိုက္ခိုက္မႈသည္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲအလားအလာကို ပိုမိုေဝးကြာသြားေစသည္ဟု ကရင္မလင္လက္ေထာက္ Yuri Ushakov က ေျပာၾကားခဲ့သည္။ “လက္ရွိအအေျခအေနက မလြန္ေျမာက္ ေသးသ၍ ကြၽန္ေတာ္တို႔ စကားေျပာမွာမဟုတ္ပါဘူး” ဟု ၎က တနလၤာေန႔တြင္ ေျပာၾကားခဲ့သည္။ ၎က ယခုအခ်ိန္မွာ ေစ့စပ္ညႇိႏႈိင္းေရး လုပ္ငန္းစဥ္ေတြ စဖို႔ လုံးဝ မသင့္ေလ်ာ္ပါဟု ေဖာ္ျပခဲၿပီး အနာဂတ္ ေဆြးေႏြးပြဲမ်ား သည္ Kursk ေဒသ အပါအဝင္ စစ္ေျမျပင္ အေျခအေနအေပၚမူတည္ေၾကာင္း ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.