ထိုင်းအစိုးရအဖွဲ့အသစ်ကို ဒီသီတင်းပတ်အတွင်းအပြီးသတ်ဖွဲ့စည်းမယ်လို့ ထိုင်းဝန်ကြီးချုပ်အသစ် ပြော

 3265

ဂျန်ဇက် (NP News) - သြဂုတ် ၂ဝ

ဖြူထိုင်းပါတီဦးဆောင်တဲ့ ထိုင်း ညွန့်ပေါင်းအစိုးရအဖွဲ့စာရင်းကို လာမယ့်ရက်ပိုင်းအတွင်း အပြီးသတ်ကြေညာသွား မှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်အသစ် ပေတွန်တန် ရှင်နာဝါထရာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ရှင်နာဝါထရာဟာ သြဂုတ် ၁၈ ရက်မှာ ထိုင်းဝန်ကြီးချုပ်အသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက်ပိုင်း ထိုင်းအစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းရမှာဖြစ်ရာ ၎င်းရဲ့ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ပါဝင်နေတဲ့ နိုင်ငံရေးပါတီတာဝန် ရှိသူတွေနဲ့ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

အစိုးရအဖွဲ့မှာ ပူးပေါင်းပါဝင်ဖို့ သဘောတူညီထားတဲ့ပါတီတွေနဲ့ လူချင်းတွေ့ဆုံဆွေးနွေးမှုတွေကို အမြန်ဆုံး လုပ်ဆောင်ပြီး အစိုးရအဖွဲ့ဖွဲ့စည်းပုံကို ရေးဆွဲဖော်ပြသွားမယ်လို့ ရှင်နာဝါထရာက ပြောပါတယ်။ ညွန့်ပေါင်းအဖွဲ့မှာ ပါဝင်နေတဲ့ Bhumjaithai ပါတီဟာ ထိုင်းအစိုးရအဖွဲ့မှာ ဝန်ကြီးနေရာ ၈ နေရာရရှိဖို့ အဆိုပြုကမ်းလှမ်းထား ကြောင်း သိရပါတယ်။
ရှင်နာဝါထရာက အစိုးရအဖွဲ့ဖွဲ့စည်းမှုတွေဟာ တစ်လကျော်ကြာမှာ မဟုတ်ကြောင်း၊ ဒီသီတင်းပတ်အတွင်း အပြီးသတ်ဖွဲ့စည်းနိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ ဝန်ကြီးချုပ် ဟောင်း ဆာရက်သာတာဗီဆင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေစည်းကမ်းတွေချိုးဖောက်တဲ့အတွက် ပြီးခဲ့တဲ့သီတင်း ပတ်အတွင်း ရာထူးက ဖယ်ရှားဖို့ အမိန့်ချခဲ့ကြောင်း သိရပါတယ်။ ဖြူထိုင်းပါတီဟာ ဆာရက်သာတာဗီဆင် နေရာမှာ အစားထိုးဖို့ ပေထုံတန်ရှင်နာဝါထရာကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့ရာ လွှတ်တော်ကလည်း အတည်ပြုပေးခဲ့ခြင်းဖြစ်ပါတယ်။

Zawgyi Version;
ထိုင္းအစိုးရအဖြဲ႕အသစ္ကို ဒီသီတင္းပတ္အတြင္းအၿပီးသတ္ဖြဲ႕စည္းမယ္လို႔ ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ ေျပာ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၂ဝ

ျဖဴထိုင္းပါတီဦးေဆာင္တဲ့ ထိုင္း ၫြန္႔ေပါင္းအစိုးရအဖြဲ႕စာရင္းကို လာမယ့္ရက္ပိုင္းအတြင္း အၿပီးသတ္ေၾကညာသြား မွာျဖစ္ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ ေပတြန္တန္ ရွင္နာဝါထရာက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
ရွင္နာဝါထရာဟာ ၾသဂုတ္ ၁၈ ရက္မွာ ထိုင္းဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ က်မ္းသစၥာက်ိန္ဆိုခဲ့ၿပီးေနာက္ပိုင္း ထိုင္းအစိုးရအဖြဲ႕ကို ဦးေဆာင္ဖြဲ႕စည္းရမွာျဖစ္ရာ ၎ရဲ႕ၫြန္႔ေပါင္းအစိုးရအဖြဲ႕မွာ ပါဝင္ေနတဲ့ ႏိုင္ငံေရးပါတီတာဝန္ ရွိသူေတြနဲ႔ေဆြးေႏြးသြားမယ္လို႔ သိရပါတယ္။

အစိုးရအဖြဲ႕မွာ ပူးေပါင္းပါဝင္ဖို႔ သေဘာတူညီထားတဲ့ပါတီေတြနဲ႔ လူခ်င္းေတြ႕ဆုံေဆြးေႏြးမႈေတြကို အျမန္ဆုံး လုပ္ေဆာင္ၿပီး အစိုးရအဖြဲ႕ဖြဲ႕စည္းပုံကို ေရးဆြဲေဖာ္ျပသြားမယ္လို႔ ရွင္နာဝါထရာက ေျပာပါတယ္။ ၫြန္႔ေပါင္းအဖြဲ႕မွာ ပါဝင္ေနတဲ့ Bhumjaithai ပါတီဟာ ထိုင္းအစိုးရအဖြဲ႕မွာ ဝန္ႀကီးေနရာ ၈ ေနရာရရွိဖို႔ အဆိုျပဳကမ္းလွမ္းထား ေၾကာင္း သိရပါတယ္။
ရွင္နာဝါထရာက အစိုးရအဖြဲ႕ဖြဲ႕စည္းမႈေတြဟာ တစ္လေက်ာ္ၾကာမွာ မဟုတ္ေၾကာင္း၊ ဒီသီတင္းပတ္အတြင္း အၿပီးသတ္ဖြဲ႕စည္းႏိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း ေျပာပါတယ္။ ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးဟာ ဝန္ႀကီးခ်ဳပ္ ေဟာင္း ဆာရက္သာတာဗီဆင္ကို ဖြဲ႕စည္းပုံအေျခခံဥပေဒစည္းကမ္းေတြခ်ိဳးေဖာက္တဲ့အတြက္ ၿပီးခဲ့တဲ့သီတင္း ပတ္အတြင္း ရာထူးက ဖယ္ရွားဖို႔ အမိန႔္ခ်ခဲ့ေၾကာင္း သိရပါတယ္။ ျဖဴထိုင္းပါတီဟာ ဆာရက္သာတာဗီဆင္ ေနရာမွာ အစားထိုးဖို႔ ေပထုံတန္ရွင္နာဝါထရာကို ဝန္ႀကီးခ်ဳပ္ေလာင္းအျဖစ္ အမည္စာရင္းတင္သြင္းခဲ့ရာ လႊတ္ေတာ္ကလည္း အတည္ျပဳေပးခဲ့ျခင္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.