ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ကို ဦးဆောင်မယ့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်က ဘယ်လိုလူစားမျိုးလဲ (အတ္ထုပ္ပတ္တိ)

 2110

ဂျန်ဇက် (NP News) - ဩဂုတ် ၂ဝ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တက္ကသိုလ်ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကြောင့် ဝန်ကြီးချုပ် ရှိတ်ဟာ စီနာဟာ ရာထူးက နုတ်ထွက်ခဲ့သလို ပြည်ပထွက်ပြေးခဲ့ရာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပွားလျက်ရှိနေ ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ အာဏာကို ယာယီလွှဲပြောင်းရယူထားတဲ့ ကာကွယ် ရေးဦးစီးချုပ်နဲ့ သမ္မတတို့ဟာ လက်ရှိ အချိန်အထိ ဆန္ဒပြကျောင်းသားတွေရဲ့တောင်းဆိုချက်တွေအတိုင်း လိုက်လျောဆောင်ရွက်နေပြီး ဆန္ဒပြကျောင်းသား အုပ်စုတွေတောင်းဆိုတဲ့အတိုင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်ကို ယာယီအစိုးရ အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ ခွင့်ပြုသဘောတူခဲ့ပါတယ်။ လက်ရှိအချိန်မှာ ယူနွတ်ဟာဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ကို ဦးဆောင်မှာ ဖြစ်ပြီး အဲဒီ ယာယီအစိုးရအဖွဲ့တွေဟာ ရွေးကောက်ပွဲတစ်ကျော့ပြန် ကျင်းပနိုင်အောင် ကြိုးပမ်းရမှာဖြစ်ပါတယ်။

အသက် ၈၄ နှစ်အရွယ်ရှိ ယူနွတ်ဟာ ဩဂုတ်လ အစောပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ယာယီအစိုးရ အဖွဲ့ကို ဦးဆောင်ဖို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ ယူနွတ်ဟာ ပြည်ပထွက်ပြေးခဲ့ရတဲ့ ဝန်ကြီးချုပ်ရှိတ်ဟာစီနာနဲ့ နိုင်ငံရေး ပြိုင်ဘက်ဖြစ်ခဲ့ပြီး ရှိတ်ဟာစီနာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူတဲ့ ကာလအတွင်း အကျင့်ပျက်လာဘ်စားမှုတွေနဲ့ စွဲချက် တင်ခံရကာ ထောင်ကျခံခဲ့ရသူဖြစ်ပါတယ်။ ရှိတ်ဟာစီနာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားဖြစ်သလို စီးပွားရေးသမားတစ်ဦးလည်းဖြစ်ရာ အများပြည်သူ လေးစားခံရသူဖြစ်တယ်လို့ သိရပါတယ်။ ယူနွတ်ကို (၁၉၄၀) ပြည့်နှစ်က ဘင်္ဂါလီရွာလေးတစ်ရွာမှာမွေးဖွားခဲ့ ပြီး ဖခင်ဖြစ်သူက ကျောက်မျက်ရတနာ ရောင်းဝယ်သူ တစ်ဦးဖြစ်ကာ မိခင်ဖြစ်သူကတော့ ယူနွတ်လူငယ်ဘဝမှာစိတ်ပိုင်းဆိုင်ရာရောဂါနဲ့ ကွယ်လွန်ခဲ့သူဖြစ်ပါတယ်။ ယူနွတ်ဟာ ဘဏ် လုပ်ငန်းရှင် မလုပ်ဆောင်ခင် စစ်တကောင်းတက္ကသိုလ်မှာ စီးပွားရေးဆိုင်ရာ ပါမောက္ခအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ ပါမောက္ခ ယူနွတ်စ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် လူအများ တနိုင်တပိုင် စီးပွားရေးတွေ လုပ်နိုင်အောင် အသေးစားချေးငွေတွေ ထုတ်ချေးတဲ့နည်းနာ တွင်ကျယ်လာအောင် စတင်လမ်းပြခဲ့သူလည်း ဖြစ်ပါတယ်။

ပါမောက္ခ ယူနွတ်ရဲ့နည်းနာ အောင်မြင်မှုရခဲ့ပြီး အဲဒီလို အများပြည်သူအကျိုးရှိစေတဲ့ စီးပွားရေး စွမ်းဆောင်ချက်တွေကြောင့် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုတွေကို ရရှိခဲ့ပြီး (၂၀ဝ၆) ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံရသလို အမေရိကန်သမ္မတက ချီးမြှင့်တဲ့ ရွှေတံဆိပ်ဆုတွေအပြင် အမေရိကန်လွှတ်တော်က ချီးမြှင့်တဲ့ ရွှေတံ ဆိပ်ဆုတွေလည်းရရှိ ထားသူဖြစ်ပါတယ်။ ဒါ့ပြင် ငြိမ်းချမ်းရေးနိုဘယ်ဆုရ ရှိခဲ့ပြီးနောက် ယူနွတ်ဟာ နိုင်ငံတကာ ကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆုတွေအပြင် နိုင်ငံတကာတက္ကသိုလ် တွေကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ လည်းရရှိခဲ့ သူဖြစ်ပါတယ်။ ယူနွတ်ဟာ ဒါကာတက္ကသိုလ်မှာ တက်ရောက်သင်ကြားခဲ့ပြီး အမေရိကန်နိုင်ငံ Vanderbilt တက္ကသိုလ် မှာ စကောလားရှစ်နဲ့ စီးပွားရေးပညာရပ်တွေကို ပါမောက္ခဘွဲ့ ရယူနိုင်ခဲ့ပါတယ်။ ယူနွတ်ဟာ (၁၉၇၂) ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတက္ကသိုလ်ကို ပြန်လာကာ စာပေသင် ကြားတာတွေလုပ်ဆောင်ခဲ့ပါတယ်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် လူအများ တစ်နိုင်တစ်ပိုင် စီးပွားရေးတွေလုပ်နိုင်အောင် အသေးစား ချေးငွေတွေ ထုတ်ပေးတဲ့ ယူနွတ်ရဲ့လုပ်ငန်းနဲ့ ပုံစံတူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင် ကမ္ဘာတစ်ဝန်းရှိအခြား နိုင်ငံ တချို့ကလည်း လက်ရှိအချိန်အထိလုပ်ဆောင်နေဆဲဖြစ်ပါတယ်။ မိုဟာမက်ဒ် ယူနွတ်ဟာ ဆင်းရဲမွဲတေမှု ပပျောက်ရေး လုပ်ဆောင်ချက်တွေကြောင့် (၁၉၇၀) ပြည့်နှစ်နောက်ပိုင်းတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နာမည်ကျော်လူသိများလာခဲ့ သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသက် (၈၄) နှစ်အရွယ်ရှိနေတဲ့ ယူနွတ်ဟာ ဆင်းရဲတဲ့ လူတွေကိုစီးပွားရေး လုပ်ငန်း တွေ တစ်နိုင်တစ်ပိုင် လုပ်နိုင်အောင် စစ်တကောင်း တက္ကသိုလ်နားက ဆင်းရဲတဲ့ရွာလေးတစ်ခုမှာ ပထမဆုံး စတင်ခဲ့ပြီး အဲဒီဒေသက ရွာခံအချို့ကို အမေရိကန်ဒေါ်လာ ဆယ်ဂဏန်းလောက်ဆီထုတ်ပေးပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ထူထောင်ဖို့ မတည်ပေးခဲ့ပါတယ်။

ယူနွတ်ဟာ ဘဏ်တွေက ငွေထုတ်ချေးဖို့ စိတ်ဝင်စားမှုမခံရ၊ အမြဲလျစ်လျူရှု မျက်ကွယ်ပြုခံနေရတဲ့ တောနေ ဆင်းရဲ သားတွေကို တစ်နိုင်တစ် ပိုင်လုပ်ငန်းလေးတွေ၊ အိမ် တွင်းစီးပွားရေး အသေးစားလေးတွေ ထူထောင် နိုင်အောင် ငွေထုတ်ချေးခဲ့တဲ့ နည်းလမ်းတွေကို စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။
ယူနွတ်ဟာအဲဒီအစီအစဉ်တွေကို ရွာစဉ်လှည့် ဆက်ပြီးလုပ်ကြတဲ့ အသေးစားချေးငွေလုပ်ငန်း အင်တာပရိုက်စ် တစ်ခု နောက်ပိုင်းပေါ်လာခဲ့သလို အချိန်အနည်းငယ်အတွင်းမှာပဲ အောင်မြင်မှုတွေရရှိ လာခဲ့ကာ အချိန်အနည်းငယ် အတွင်းမှာပဲ အသင်းဝင်သောင်းဂဏန်းအထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ငန်းတွေလုပ်ကိုင်ရာကနေ အောင်မြင်မှုတွေ ရရှိလာခဲ့ပြီးနောက် ယူနွတ်ဟာ Microcredit နဲ့ Microfinance လုပ်ငန်းတွေလုပ်ကိုင်ဖို့ ကျေးရွာ ဘဏ် သို့မဟုတ် Grameen Bank ကို (၁၉၈၃) ခုနှစ်မှာ ဦးဆောင်တည်ထောင်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်လွှား အမျိုးမျိုးသော လုပ်ငန်းပရောဂျက်တွေမှာ ဂရာမင်းဘဏ် ပါဝင်ပတ်သက်လာခဲ့ပြီး အထည်အလိပ်လုပ်ငန်းကအစ မိုဘိုင်း တယ် လီကွန်းနဲ့ အင်တာနက်ဘရော့ဒ်ဘဲန်လို နည်းပညာ လုပ်ငန်းတွေအထိ ပါဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

ဂရင်းဘဏ်ဟာ အိမ်ရာလုပ်ငန်း၊ ကျောင်း သားတွေနဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသမီးတွေကို အဓိကထားတဲ့ မိုက်ခရိုအင်တာပရိုက်ငွေချေး လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ (၆) ဘီလျံ ချေးပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ ယူနွတ်ဟာ ဆို ရှယ် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေဖို့ အကြံဇဉာဏ်ပေးနိုင်အောင် ဒါကာမြို့အခြေစိုက် ယူနွတ်စင်တာကိုလည်း ဦးဆောင်တည်ထောင်ခဲ့ပါတယ်။ ပါမောက္ခ ယူနွတ်စ်ရဲ့ဆောင်ရွက်ချက်တွေ အသိအမှတ်ပြုခံ ရပြီး (၂၀ဝ၆) ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံရပါတယ်။ ယူနွတ်ဟာ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေကို အဆင် ပြေစေမယ့် ငွေချေးလုပ်ငန်းတွေကိုအောင်မြင်စွာ လုပ်ကိုင်နိုင်မှုနဲ့အတူ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့ပြီးနောက်ပိုင်း မကြာမီဘင်္ဂလားဒေ့ရှ်နိုင်ငံရေး လောကထဲကို ဝင်ရောက်လာခဲ့ရာ ပြည်ပထွက်ပြေးသွားတဲ့ ရှိတ်ဟာ အစီနာနဲ့ရန် ဘက်တွေဖြစ်လာခဲ့ရပါတယ်။ ငြိမ်းချမ်း ရေးနိုဘယ်ဆုရရှိပြီး နောက်တစ်နှစ်အကြာ (၂၀ဝ၇) ခုနှစ်မှာတော့ နိုင်ငံရေး လှုပ်ရှားမှုကို စတင်ပါဝင်လာခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေအတွက် တတိယ ရွေးချယ်မှုတစ်ခုဖြစ်လာစေဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံ ရေးလောကထဲကို ပါဝင်လာခဲ့ရာ ဝန်ကြီးချုပ်ရှိတ် ဟာစီနာနဲ့ ထိပ်တိုက်တွေ့ဆုံလာခဲ့ပါတယ်။ ရှိတ်ဟာ စီနာက ‘‘ယူနွတ်ဟာ ဆင်းရဲသားတွေကို သွေးစုပ်နေ တဲ့သူလို့ဝေဖန်ခဲ့သလို တိုင်းပြည်ရဲ့ရန်သူဖြစ်တယ်” လို့ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နိုင်ငံ ရေးလောကဟာ နှစ်ကောင်တည်းပြေးတဲ့မြင်းပြိုင်ပွဲလိုမျိုးနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ရှိတ်ဟာစီနာ ဦးဆောင်တဲ့ အေဝါမီလိဂ်ပါတီနဲ့ ခလီဒါဇီယာ ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသား ပါတီတို့က အဓိကဦးဆောင်နေခဲ့တာကနေ ယူနွတ်ဟာ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေအတွက် တခြားရွေးချယ်စရာပါ တီရှိလာအောင် ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။ ယူနွတ်နိုင်ငံရေးပါတီ တည်ဆောင်ခဲ့ပြီးနောက်ပိုင်းမှာတော့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ နိုင်ငံရေးအရ ဖိအားပေးဖို့ အမျိုးမျိုးကြိုးပမ်းခဲ့ပြီး ယူနွတ်ကို အသရေ ဖျက်မှု၊ အခွန်ရှောင်မှုစတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရ သလို ၎င်းကိုယ်တိုင်ဦးဆောင်တည်ထောင်ခဲ့တဲ့ ဘဏ်ကနေလည်း ဖယ်ရှားခံရအောင် ဖိအား ပေးခံခဲ့ရပါတယ်။ ရာထူးကနုတ်ထွက်ပြီး ပြည်ပထွက်ပြေးခဲ့တဲ့ ရှိတ်ဟာစီနာနဲ့ ယူနွတ်ကြားတင်းမာမှုတွေဟာ တဖြည်းဖြည်း အမြင့်ဆုံးရောက်ရှိလာခဲ့ရာအလုပ်သမားဥပဒေကိုချိုးဖောက်တယ်လို့ စွပ်စွဲပြီး ထောင်ဒဏ် ခြောက်နှစ် အပြစ်ပေးခံခဲ့ရဖူးပါတယ်။ ယူနွတ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကြားမှာ လူလေးစားမှုခံ ရပေမယ့်နိုင်ငံ ခေါင်းဆောင် တစ်ဦးအဖြစ် တာဝန်ယူ ချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဒီမိုကရေစီ စနစ်ပြန်လည်ဖြစ်ထွန်းဖို့နဲ့ ရွေးကောက်ပွဲ တစ်ကျော့ပြန်ကျင်းပနိုင်အောင် ဦးဆောင်နိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ ယူနွတ်ဟာ ယာယီ အစိုးရအဖွဲ့ကို ဦးဆောင်မယ့်သူအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက်ပိုင်း ဆန္ဒပြအုပ်စုတွေကို အေးဆေးတည် ငြိမ်စေဖို့တောင်းဆိုထားရာ ဆန္ဒပြပွဲ အရှိန်ဟာယခင်လောက် ပြင်းထန်မှုမရှိတော့ဘဲ အားပျော့လာပြီဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်မီဒီယာတွေကဖော်ပြထားပါတယ်။

zawgyi version
ဘဂၤလားေဒ့ရွ္ ယာယီအစိုးရအဖြဲ႕ကို ဦးေဆာင္မယ့္ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္က ဘယ္လိုလူစားမ်ိဳးလဲ (အတၳဳပၸတၱိ)
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၂ဝ

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ တကၠသိုလ္ေက်ာင္းသားေတြဦးေဆာင္တဲ့ ဆႏၵျပပြဲေတြေၾကာင့္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာ စီနာဟာ ရာထူးက ႏုတ္ထြက္ခဲ့သလို ျပည္ပထြက္ေျပးခဲ့ရာ ႏိုင္ငံေရးအေျပာင္းအလဲေတြ ျဖစ္ပြားလ်က္ရွိေန ပါတယ္။ ဘဂၤလားေဒ့ရွ္အစိုးရအဖြဲ႕ အာဏာကို ယာယီလႊဲေျပာင္းရယူထားတဲ့ ကာကြယ္ ေရးဦးစီးခ်ဳပ္နဲ႔ သမၼတတို႔ဟာ လက္ရွိ အခ်ိန္အထိ ဆႏၵျပေက်ာင္းသားေတြရဲ႕ေတာင္းဆိုခ်က္ေတြအတိုင္း လိုက္ေလ်ာေဆာင္႐ြက္ေနၿပီး ဆႏၵျပေက်ာင္းသား အုပ္စုေတြေတာင္းဆိုတဲ့အတိုင္း ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆုရွင္ မိုဟာမက္ယူႏြတ္ကို ယာယီအစိုးရ အဖြဲ႕ေခါင္းေဆာင္အျဖစ္ ခန႔္အပ္ဖို႔ ခြင့္ျပဳသေဘာတူခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ယူႏြတ္ဟာဘဂၤလားေဒ့ရွ္ ယာယီအစိုးရအဖြဲ႕ကို ဦးေဆာင္မွာ ျဖစ္ၿပီး အဲဒီ ယာယီအစိုးရအဖြဲ႕ေတြဟာ ေ႐ြးေကာက္ပြဲတစ္ေက်ာ့ျပန္ က်င္းပႏိုင္ေအာင္ ႀကိဳးပမ္းရမွာျဖစ္ပါတယ္။

အသက္ ၈၄ ႏွစ္အ႐ြယ္ရွိ ယူႏြတ္ဟာ ဩဂုတ္လ အေစာပိုင္းမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ ယာယီအစိုးရ အဖြဲ႕ကို ဦးေဆာင္ဖို႔ က်မ္းသစၥာက်ိန္ဆိုခဲ့ပါတယ္။ ယူႏြတ္ဟာ ျပည္ပထြက္ေျပးခဲ့ရတဲ့ ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာနဲ႔ ႏိုင္ငံေရး ၿပိဳင္ဘက္ျဖစ္ခဲ့ၿပီး ရွိတ္ဟာစီနာ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူတဲ့ ကာလအတြင္း အက်င့္ပ်က္လာဘ္စားမႈေတြနဲ႔ စြဲခ်က္ တင္ခံရကာ ေထာင္က်ခံခဲ့ရသူျဖစ္ပါတယ္။ ရွိတ္ဟာစီနာဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ထင္ရွားတဲ့ ႏိုင္ငံေရးသမားျဖစ္သလို စီးပြားေရးသမားတစ္ဦးလည္းျဖစ္ရာ အမ်ားျပည္သူ ေလးစားခံရသူျဖစ္တယ္လို႔ သိရပါတယ္။ ယူႏြတ္ကို (၁၉၄၀) ျပည့္ႏွစ္က ဘဂၤါလီ႐ြာေလးတစ္႐ြာမွာေမြးဖြားခဲ့ ၿပီး ဖခင္ျဖစ္သူက ေက်ာက္မ်က္ရတနာ ေရာင္းဝယ္သူ တစ္ဦးျဖစ္ကာ မိခင္ျဖစ္သူကေတာ့ ယူႏြတ္လူငယ္ဘဝမွာစိတ္ပိုင္းဆိုင္ရာေရာဂါနဲ႔ ကြယ္လြန္ခဲ့သူျဖစ္ပါတယ္။ ယူႏြတ္ဟာ ဘဏ္ လုပ္ငန္းရွင္ မလုပ္ေဆာင္ခင္ စစ္တေကာင္းတကၠသိုလ္မွာ စီးပြားေရးဆိုင္ရာ ပါေမာကၡအျဖစ္ တာဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။ ပါေမာကၡ ယူႏြတ္စ္ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ဆင္းရဲမြဲေတမႈ ပေပ်ာက္ေရးအတြက္ လူအမ်ား တႏိုင္တပိုင္ စီးပြားေရးေတြ လုပ္ႏိုင္ေအာင္ အေသးစားေခ်းေငြေတြ ထုတ္ေခ်းတဲ့နည္းနာ တြင္က်ယ္လာေအာင္ စတင္လမ္းျပခဲ့သူလည္း ျဖစ္ပါတယ္။

ပါေမာကၡ ယူႏြတ္ရဲ႕နည္းနာ ေအာင္ျမင္မႈရခဲ့ၿပီး အဲဒီလို အမ်ားျပည္သူအက်ိဳးရွိေစတဲ့ စီးပြားေရး စြမ္းေဆာင္ခ်က္ေတြေၾကာင့္ ႏိုင္ငံတကာရဲ႕ အသိအမွတ္ျပဳမႈေတြကို ရရွိခဲ့ၿပီး (၂၀ဝ၆) ခုႏွစ္မွာ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆု ခ်ီးျမႇင့္ခံရသလို အေမရိကန္သမၼတက ခ်ီးျမႇင့္တဲ့ ေ႐ႊတံဆိပ္ဆုေတြအျပင္ အေမရိကန္လႊတ္ေတာ္က ခ်ီးျမႇင့္တဲ့ ေ႐ႊတံ ဆိပ္ဆုေတြလည္းရရွိ ထားသူျဖစ္ပါတယ္။ ဒါ့ျပင္ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရ ရွိခဲ့ၿပီးေနာက္ ယူႏြတ္ဟာ ႏိုင္ငံတကာ ကခ်ီးျမႇင့္တဲ့ ဂုဏ္ထူးေဆာင္ဆုေတြအျပင္ ႏိုင္ငံတကာတကၠသိုလ္ ေတြကခ်ီးျမႇင့္တဲ့ ဂုဏ္ထူးေဆာင္ဘြဲ႕ေတြ လည္းရရွိခဲ့ သူျဖစ္ပါတယ္။ ယူႏြတ္ဟာ ဒါကာတကၠသိုလ္မွာ တက္ေရာက္သင္ၾကားခဲ့ၿပီး အေမရိကန္ႏိုင္ငံ Vanderbilt တကၠသိုလ္ မွာ စေကာလားရွစ္နဲ႔ စီးပြားေရးပညာရပ္ေတြကို ပါေမာကၡဘြဲ႕ ရယူႏိုင္ခဲ့ပါတယ္။ ယူႏြတ္ဟာ (၁၉၇၂) ခုႏွစ္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ စစ္တေကာင္းတကၠသိုလ္ကို ျပန္လာကာ စာေပသင္ ၾကားတာေတြလုပ္ေဆာင္ခဲ့ပါတယ္။ ဘဂၤလား ေဒ့ရွ္ႏိုင္ငံမွာ ဆင္းရဲမြဲေတမႈ ပေပ်ာက္ေရးအတြက္ လူအမ်ား တစ္ႏိုင္တစ္ပိုင္ စီးပြားေရးေတြလုပ္ႏိုင္ေအာင္ အေသးစား ေခ်းေငြေတြ ထုတ္ေပးတဲ့ ယူႏြတ္ရဲ႕လုပ္ငန္းနဲ႔ ပုံစံတူေတြကို ဘဂၤလားေဒ့ရွ္ႏိုင္ငံအျပင္ ကမာၻတစ္ဝန္းရွိအျခား ႏိုင္ငံ တခ်ိဳ႕ကလည္း လက္ရွိအခ်ိန္အထိလုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။ မိုဟာမက္ဒ္ ယူႏြတ္ဟာ ဆင္းရဲမြဲေတမႈ ပေပ်ာက္ေရး လုပ္ေဆာင္ခ်က္ေတြေၾကာင့္ (၁၉၇၀) ျပည့္ႏွစ္ေနာက္ပိုင္းတည္းက ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ နာမည္ေက်ာ္လူသိမ်ားလာခဲ့ သူျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ အသက္ (၈၄) ႏွစ္အ႐ြယ္ရွိေနတဲ့ ယူႏြတ္ဟာ ဆင္းရဲတဲ့ လူေတြကိုစီးပြားေရး လုပ္ငန္း ေတြ တစ္ႏိုင္တစ္ပိုင္ လုပ္ႏိုင္ေအာင္ စစ္တေကာင္း တကၠသိုလ္နားက ဆင္းရဲတဲ့႐ြာေလးတစ္ခုမွာ ပထမဆုံး စတင္ခဲ့ၿပီး အဲဒီေဒသက ႐ြာခံအခ်ိဳ႕ကို အေမရိကန္ေဒၚလာ ဆယ္ဂဏန္းေလာက္ဆီထုတ္ေပးၿပီး အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းေတြ ထူေထာင္ဖို႔ မတည္ေပးခဲ့ပါတယ္။

ယူႏြတ္ဟာ ဘဏ္ေတြက ေငြထုတ္ေခ်းဖို႔ စိတ္ဝင္စားမႈမခံရ၊ အၿမဲလ်စ္လ်ဴရႈ မ်က္ကြယ္ျပဳခံေနရတဲ့ ေတာေန ဆင္းရဲ သားေတြကို တစ္ႏိုင္တစ္ ပိုင္လုပ္ငန္းေလးေတြ၊ အိမ္ တြင္းစီးပြားေရး အေသးစားေလးေတြ ထူေထာင္ ႏိုင္ေအာင္ ေငြထုတ္ေခ်းခဲ့တဲ့ နည္းလမ္းေတြကို စတင္ဖန္တီးခဲ့တာျဖစ္ပါတယ္။
ယူႏြတ္ဟာအဲဒီအစီအစဥ္ေတြကို ႐ြာစဥ္လွည့္ ဆက္ၿပီးလုပ္ၾကတဲ့ အေသးစားေခ်းေငြလုပ္ငန္း အင္တာပ႐ိုက္စ္ တစ္ခု ေနာက္ပိုင္းေပၚလာခဲ့သလို အခ်ိန္အနည္းငယ္အတြင္းမွာပဲ ေအာင္ျမင္မႈေတြရရွိ လာခဲ့ကာ အခ်ိန္အနည္းငယ္ အတြင္းမွာပဲ အသင္းဝင္ေသာင္းဂဏန္းအထိ ရွိလာခဲ့တယ္လို႔ ဆိုပါတယ္။ အဲဒီလုပ္ငန္းေတြလုပ္ကိုင္ရာကေန ေအာင္ျမင္မႈေတြ ရရွိလာခဲ့ၿပီးေနာက္ ယူႏြတ္ဟာ Microcredit နဲ႔ Microfinance လုပ္ငန္းေတြလုပ္ကိုင္ဖို႔ ေက်း႐ြာ ဘဏ္ သို႔မဟုတ္ Grameen Bank ကို (၁၉၈၃) ခုႏွစ္မွာ ဦးေဆာင္တည္ေထာင္ခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံတစ္လႊား အမ်ိဳးမ်ိဳးေသာ လုပ္ငန္းပေရာဂ်က္ေတြမွာ ဂရာမင္းဘဏ္ ပါဝင္ပတ္သက္လာခဲ့ၿပီး အထည္အလိပ္လုပ္ငန္းကအစ မိုဘိုင္း တယ္ လီကြန္းနဲ႔ အင္တာနက္ဘေရာ့ဒ္ဘဲန္လို နည္းပညာ လုပ္ငန္းေတြအထိ ပါဝင္လာခဲ့တယ္လို႔ ဆိုပါတယ္။

ဂရင္းဘဏ္ဟာ အိမ္ရာလုပ္ငန္း၊ ေက်ာင္း သားေတြနဲ႔ ဘဂၤလားေဒ့ရွ္အမ်ိဳးသမီးေတြကို အဓိကထားတဲ့ မိုက္ခ႐ိုအင္တာပ႐ိုက္ေငြေခ်း လုပ္ငန္းေတြအတြက္ အေမရိကန္ေဒၚလာ (၆) ဘီလ်ံ ေခ်းေပးႏိုင္ခဲ့တယ္လို႔သိရပါတယ္။ ယူႏြတ္ဟာ ဆို ရွယ္ စီးပြားေရးလုပ္ငန္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ အႀကံဇဉာဏ္ေပးႏိုင္ေအာင္ ဒါကာၿမိဳ႕အေျခစိုက္ ယူႏြတ္စင္တာကိုလည္း ဦးေဆာင္တည္ေထာင္ခဲ့ပါတယ္။ ပါေမာကၡ ယူႏြတ္စ္ရဲ႕ေဆာင္႐ြက္ခ်က္ေတြ အသိအမွတ္ျပဳခံ ရၿပီး (၂၀ဝ၆) ခုႏွစ္မွာ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆု ခ်ီးျမႇင့္ခံရပါတယ္။ ယူႏြတ္ဟာ ဘဂၤလားေဒ့ရွ္ျပည္သူေတြကို အဆင္ ေျပေစမယ့္ ေငြေခ်းလုပ္ငန္းေတြကိုေအာင္ျမင္စြာ လုပ္ကိုင္ႏိုင္မႈနဲ႔အတူ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုကို ရရွိခဲ့ၿပီးေနာက္ပိုင္း မၾကာမီဘဂၤလားေဒ့ရွ္ႏိုင္ငံေရး ေလာကထဲကို ဝင္ေရာက္လာခဲ့ရာ ျပည္ပထြက္ေျပးသြားတဲ့ ရွိတ္ဟာ အစီနာနဲ႔ရန္ ဘက္ေတြျဖစ္လာခဲ့ရပါတယ္။ ၿငိမ္းခ်မ္း ေရးႏိုဘယ္ဆုရရွိၿပီး ေနာက္တစ္ႏွစ္အၾကာ (၂၀ဝ၇) ခုႏွစ္မွာေတာ့ ႏိုင္ငံေရး လႈပ္ရွားမႈကို စတင္ပါဝင္လာခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ျပည္သူေတြအတြက္ တတိယ ေ႐ြးခ်ယ္မႈတစ္ခုျဖစ္လာေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ ႏိုင္ငံ ေရးေလာကထဲကို ပါဝင္လာခဲ့ရာ ဝန္ႀကီးခ်ဳပ္ရွိတ္ ဟာစီနာနဲ႔ ထိပ္တိုက္ေတြ႕ဆုံလာခဲ့ပါတယ္။ ရွိတ္ဟာ စီနာက ‘‘ယူႏြတ္ဟာ ဆင္းရဲသားေတြကို ေသြးစုပ္ေန တဲ့သူလို႔ေဝဖန္ခဲ့သလို တိုင္းျပည္ရဲ႕ရန္သူျဖစ္တယ္” လို႔ေျပာပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ႏိုင္ငံ ေရးေလာကဟာ ႏွစ္ေကာင္တည္းေျပးတဲ့ျမင္းၿပိဳင္ပြဲလိုမ်ိဳးႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ၿပီး ရွိတ္ဟာစီနာ ဦးေဆာင္တဲ့ ေအဝါမီလိဂ္ပါတီနဲ႔ ခလီဒါဇီယာ ဦးေဆာင္တဲ့ ဘဂၤလားေဒ့ရွ္ အမ်ိဳးသား ပါတီတို႔က အဓိကဦးေဆာင္ေနခဲ့တာကေန ယူႏြတ္ဟာ ဘဂၤလားေဒ့ရွ္ျပည္သူေတြအတြက္ တျခားေ႐ြးခ်ယ္စရာပါ တီရွိလာေအာင္ ႀကိဳးပမ္းလာခဲ့တာျဖစ္ပါတယ္။ ယူႏြတ္ႏိုင္ငံေရးပါတီ တည္ေဆာင္ခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာဟာ ႏိုင္ငံေရးအရ ဖိအားေပးဖို႔ အမ်ိဳးမ်ိဳးႀကိဳးပမ္းခဲ့ၿပီး ယူႏြတ္ကို အသေရ ဖ်က္မႈ၊ အခြန္ေရွာင္မႈစတဲ့ စြဲခ်က္ေတြနဲ႔ ရင္ဆိုင္ခဲ့ရ သလို ၎ကိုယ္တိုင္ဦးေဆာင္တည္ေထာင္ခဲ့တဲ့ ဘဏ္ကေနလည္း ဖယ္ရွားခံရေအာင္ ဖိအား ေပးခံခဲ့ရပါတယ္။ ရာထူးကႏုတ္ထြက္ၿပီး ျပည္ပထြက္ေျပးခဲ့တဲ့ ရွိတ္ဟာစီနာနဲ႔ ယူႏြတ္ၾကားတင္းမာမႈေတြဟာ တျဖည္းျဖည္း အျမင့္ဆုံးေရာက္ရွိလာခဲ့ရာအလုပ္သမားဥပေဒကိုခ်ိဳးေဖာက္တယ္လို႔ စြပ္စြဲၿပီး ေထာင္ဒဏ္ ေျခာက္ႏွစ္ အျပစ္ေပးခံခဲ့ရဖူးပါတယ္။ ယူႏြတ္ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံသားေတြၾကားမွာ လူေလးစားမႈခံ ရေပမယ့္ႏိုင္ငံ ေခါင္းေဆာင္ တစ္ဦးအျဖစ္ တာဝန္ယူ ခ်ိန္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း ဒီမိုကေရစီ စနစ္ျပန္လည္ျဖစ္ထြန္းဖို႔နဲ႔ ေ႐ြးေကာက္ပြဲ တစ္ေက်ာ့ျပန္က်င္းပႏိုင္ေအာင္ ဦးေဆာင္ႏိုင္မလားဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။ ယူႏြတ္ဟာ ယာယီ အစိုးရအဖြဲ႕ကို ဦးေဆာင္မယ့္သူအျဖစ္ က်မ္းသစၥာက်ိန္ဆိုခဲ့ၿပီးေနာက္ပိုင္း ဆႏၵျပအုပ္စုေတြကို ေအးေဆးတည္ ၿငိမ္ေစဖို႔ေတာင္းဆိုထားရာ ဆႏၵျပပြဲ အရွိန္ဟာယခင္ေလာက္ ျပင္းထန္မႈမရွိေတာ့ဘဲ အားေပ်ာ့လာၿပီျဖစ္တယ္လို႔လည္း ဘဂၤလားေဒ့ရွ္မီဒီယာေတြကေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.