မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ လေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုကို အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပြုလုပ်

 584

Pika (NP News) - သြဂုတ် ၂ဝ

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ယခုသီတင်းပတ်အတွင်း ငါးရက်ကြာ လေကြောင်းပူးတွဲ စစ်ရေးလေ့ကျင့် ပျံသန်းမှုတွေကို လုပ်ဆောင်နေတယ်လို့ တောင်ကိုရီးယားလေတပ်က ဩဂုတ်လ(၂၀)ရက်မှာ ထုတ်ပြန်ပြောကြား ခဲ့ပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ပူးတွဲအဆင်သင့်ဖြစ်မှုကိုမြှင့်တင်ဖို့ ရည်ရွယ်တဲ့ နှစ်စဉ် Ulchi Freedom Shield စစ်ရေး လေ့ကျင့်မှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ တောင်ကိုရီးယားလေတပ်က ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် တောင်ကိုရီးယားမှာ အခြေစိုက်တဲ့အမေရိကန်လေတပ်အခြေစိုက်စခန်းနှစ်ခုက တိုက်လေယာဉ်တွေလည်း အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တယ်လို့ တောင်ကိုရီးယားရေတပ်က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကိုဆန့်ကျင်ရာမှာ ပူးတွဲကာကွယ်ရေးအတွက် တောင်ကိုရီးယားမှာ အမေရိကန် တပ်ဖွဲ့ဝင် (၂၈၅၀၀)ဦး ဖြန့်ကျက်ချထားတယ်လို့လည်း သိရပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားဘက်က ပြစ်တင်ရှုတ်ချခဲ့တယ် လို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလုပ်ဆောင်ပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်လာအောင်လုပ်ဆောင်နေတယ်လို့လည်း မြောက်ကိုရီးယားက စွပ်စွဲပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း မြောက်ကိုရီးယားဟာ အမှိုက်တွေနဲ့ဖြည့်ထားတဲ့ မိုးပျံပူဖောင်း ရာချီကို တောင်ကိုရီးယားဘက်ကို စေလွှတ်ပေးပို့မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီလုပ်ရပ်တွေကို တုံ့ပြန်တဲ့ အနေနဲ့ တောင်ကိုရီးယားစစ်တပ်ဟာ နှစ်နိုင်ငံကြားနယ်စပ်အနီးမှာ အသံချဲ့စက်တွေနဲ့ မြောက်ကိုရီးယား ဆန့်ကျင်ရေးထုတ်လွှင့်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားရဲ႕ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ဖို႔ ေလေၾကာင္းပူးတြဲစစ္ေရးေလ့က်င့္မႈကို အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ ျပဳလုပ္
Pika (NP News) - ၾသဂုတ္ ၂ဝ

ေတာင္ကိုရီးယားနဲ႔ အေမရိကန္တို႔ဟာ ယခုသီတင္းပတ္အတြင္း ငါးရက္ၾကာ ေလေၾကာင္းပူးတြဲ စစ္ေရးေလ့က်င့္ ပ်ံသန္းမႈေတြကို လုပ္ေဆာင္ေနတယ္လို႔ ေတာင္ကိုရီးယားေလတပ္က ဩဂုတ္လ(၂၀)ရက္မွာ ထုတ္ျပန္ေျပာၾကား ခဲ့ပါတယ္။
အဲဒီစစ္ေရးေလ့က်င့္မႈဟာ ေျမာက္ကိုရီးယားရဲ႕ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ဖို႔အတြက္ ေတာင္ကိုရီးယားနဲ႔ အေမရိကန္တို႔ရဲ႕ပူးတြဲအဆင္သင့္ျဖစ္မႈကိုျမႇင့္တင္ဖို႔ ရည္႐ြယ္တဲ့ ႏွစ္စဥ္ Ulchi Freedom Shield စစ္ေရး ေလ့က်င့္မႈရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ ေတာင္ကိုရီးယားေလတပ္က ေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ ေတာင္ကိုရီးယားမွာ အေျခစိုက္တဲ့အေမရိကန္ေလတပ္အေျခစိုက္စခန္းႏွစ္ခုက တိုက္ေလယာဥ္ေတြလည္း အဲဒီစစ္ေရးေလ့က်င့္မႈမွာ ပါဝင္တယ္လို႔ ေတာင္ကိုရီးယားေရတပ္က ေျပာၾကားခဲ့ပါတယ္။ ေျမာက္ကိုရီးယားရဲ႕ ၿခိမ္းေျခာက္မႈေတြကိုဆန႔္က်င္ရာမွာ ပူးတြဲကာကြယ္ေရးအတြက္ ေတာင္ကိုရီးယားမွာ အေမရိကန္ တပ္ဖြဲ႕ဝင္ (၂၈၅၀၀)ဦး ျဖန႔္က်က္ခ်ထားတယ္လို႔လည္း သိရပါတယ္။

ေတာင္ကိုရီးယားနဲ႔ အေမရိကန္တို႔ရဲ႕ပူးတြဲစစ္ေရးေလ့က်င့္မႈကို ေျမာက္ကိုရီးယားဘက္က ျပစ္တင္ရႈတ္ခ်ခဲ့တယ္ လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ဟာ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြလုပ္ေဆာင္ၿပီး ကိုရီးယားကြၽန္းဆြယ္မွာ တင္းမာမႈေတြ ျမင့္တက္လာေအာင္လုပ္ေဆာင္ေနတယ္လို႔လည္း ေျမာက္ကိုရီးယားက စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့လေတြအတြင္း ေျမာက္ကိုရီးယားဟာ အမႈိက္ေတြနဲ႔ျဖည့္ထားတဲ့ မိုးပ်ံပူေဖာင္း ရာခ်ီကို ေတာင္ကိုရီးယားဘက္ကို ေစလႊတ္ေပးပို႔မႈေတြ ရွိခဲ့တယ္လို႔ သိရပါတယ္။ အဲဒီလုပ္ရပ္ေတြကို တုံ႔ျပန္တဲ့ အေနနဲ႔ ေတာင္ကိုရီးယားစစ္တပ္ဟာ ႏွစ္ႏိုင္ငံၾကားနယ္စပ္အနီးမွာ အသံခ်ဲ႕စက္ေတြနဲ႔ ေျမာက္ကိုရီးယား ဆန႔္က်င္ေရးထုတ္လႊင့္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.