လာမည့် ရွေးကောက်ပွဲကို ဆောလျင်စွာ ကျင်းပနိုင်ဖွယ်ရှိကြောင်း ဒေါက်တာအေးမောင် ခန့်မှန်း
1564
သန့်ဇင် (NP News) - ဩဂုတ် ၂၁
လာမည့်ရွေးကောက်ပွဲကို ဆောလျင်စွာ ကျင်းပနိုင်ဖွယ်ရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က NP News မှတစ်ဆင့် ခန့်မှန်းသုံးသပ်ပြောကြားသည်။
လက်ရှိ ခန့်မှန်းရသော အခြေအနေများအရ ရွေးကောက်ပွဲသည် ကနဦး ခန့်မှန်းချက်များထက် ခြောက်လခန့်စော၍ ကျင်းပနိုင်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။
"ခင်ဗျားတို့ကျွန်တော်တို့စဉ်းစားနိုင်တာက SAC(နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ)သည် အခု(၆)လလောက်ပဲ သက်တမ်းတိုးသွားမှာလား။ နိုင်ငံတချို့လည်း ကတိပေးထားတဲ့ (၂၀၂၅) ဆိုသည်မှာ ဇန်နဝါရီ to ဒီဇင်ဘာလို့သတ်မှတ်လို့ရတာပေါ့။ ကျွန်တော်တို့က ပုံမှန်ကလင်ဒါကျအရ နိုဝင်ဘာကို မှန်းနေကြတယ်လေ။ နှစ်ဦးပိုင်းဆို ဇန်နဝါရီ (၃၁) ရက် နောက် ပိုင်း (၂၀၂၅)လေ။ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အာဏာပြန်လွှဲပြီးတော့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်ပေါ့ဗျာ။ သန်းခေါင်စာရင်းကလည်း ကောက်ပြီးပြီလေ။ ရှေ့ကို ခြောက်လ စောလာနိုင်ပါတယ်"ဟု ဒေါက်တာအေးမောင်က ပြောသည်။
အစိုးရအပြောင်းအလဲ တစ်နည်းအားဖြင့် ရွေးကောက်ခံအစိုးရတစ်ရပ် အမြန်ဆုံးပေါ်ပေါက်လာပါက နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် လက်ရှိ အကျပ်အတည်းကို ကျော်လွှားနိုင်သည်ဆိုသောအမြင်ဖြင့် ဆောင်ရွက်နိုင်ကြောင်းလည်း ဒေါက်တာ အေးမောင်က သုံးသပ်သည်။
"အခုက အားလုံးအမြင်မှာ အခြေခံဥပဒေအရ အရေးပေါ်ကာလကို တပ်က ပဲ ထိန်းသိမ်းပြီးတော့ လုပ်နေရတဲ့ အနေအထားလေ။ နိုင်ငံတိုင်းကလည်း ပူးပေါင်းပါဝင်ဖို့က ခက်နိုင်တယ်လေ။ ကိုယ့်နိုင်ငံ၊ သူ့နိုင်ငံစဉ်းစားရင်ပေါ့ဗျာ။ အာဆီယံတောင် နိုင်ငံရေးနဲ့မပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ တက်ပါဆိုတဲ့အထိ သူ့မှာအကျပ်အတည်းတော့ ရှိမှာပေါ့ဗျာ။ ခန့်မှန်းကြည့်လို့တော့ ရနိုင်တာပေါ့"ဟု ၎င်းက ဆိုသည်။
ယခု လလယ်ပိုင်းတွင် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့တို့တွေ့ဆုံရန်ရှိနေကာ NSPNC ဘက်က အဆိုပြုသော ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက် (၂၃)ချက် ပြင်ဆင်ရေး သဘောထားမှတ်ချက်ကို ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ ထို့နောက် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ၊ NCA လက်မှတ်ရေးထိုး ထားသော 7 EAO Alliance နှင့် နိုင်ငံရေးပါတီအစု အဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံရန်လည်းရှိနေကာ ရွေးကောက်ပွဲကိစ္စကို ဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။
zawgyi version
လာမည့္ ေ႐ြးေကာက္ပြဲကို ေဆာလ်င္စြာ က်င္းပႏိုင္ဖြယ္ရွိေၾကာင္း ေဒါက္တာေအးေမာင္ ခန႔္မွန္း
သန႔္ဇင္ (NP News) - ဩဂုတ္ ၂၁
လာမည့္ေ႐ြးေကာက္ပြဲကို ေဆာလ်င္စြာ က်င္းပႏိုင္ဖြယ္ရွိေၾကာင္း ရခိုင့္ဦးေဆာင္ပါတီ ဥကၠ႒ ေဒါက္တာေအးေမာင္က NP News မွတစ္ဆင့္ ခန႔္မွန္းသုံးသပ္ေျပာၾကားသည္။
လက္ရွိ ခန႔္မွန္းရေသာ အေျခအေနမ်ားအရ ေ႐ြးေကာက္ပြဲသည္ ကနဦး ခန႔္မွန္းခ်က္မ်ားထက္ ေျခာက္လခန႔္ေစာ၍ က်င္းပႏိုင္ဖြယ္ရွိေၾကာင္း ၎က ဆိုသည္။
"ခင္ဗ်ားတို႔ကြၽန္ေတာ္တို႔စဥ္းစားႏိုင္တာက SAC(ႏိုင္ငံေတာ္စီမံအုပ္ ခ်ဳပ္ေရးေကာင္စီ)သည္ အခု(၆)လေလာက္ပဲ သက္တမ္းတိုးသြားမွာလား။ ႏိုင္ငံတခ်ိဳ႕လည္း ကတိေပးထားတဲ့ (၂၀၂၅) ဆိုသည္မွာ ဇန္နဝါရီ to ဒီဇင္ဘာလို႔သတ္မွတ္လို႔ရတာေပါ့။ ကြၽန္ေတာ္တို႔က ပုံမွန္ကလင္ဒါက်အရ ႏိုဝင္ဘာကို မွန္းေနၾကတယ္ေလ။ ႏွစ္ဦးပိုင္းဆို ဇန္နဝါရီ (၃၁) ရက္ ေနာက္ ပိုင္း (၂၀၂၅)ေလ။ ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီကို အာဏာျပန္လႊဲၿပီးေတာ့ ေ႐ြးေကာက္ပြဲ လုပ္မယ္ဆိုရင္ေပါ့ဗ်ာ။ သန္းေခါင္စာရင္းကလည္း ေကာက္ၿပီးၿပီေလ။ ေရွ႕ကို ေျခာက္လ ေစာလာႏိုင္ပါတယ္"ဟု ေဒါက္တာေအးေမာင္က ေျပာသည္။
အစိုးရအေျပာင္းအလဲ တစ္နည္းအားျဖင့္ ေ႐ြးေကာက္ခံအစိုးရတစ္ရပ္ အျမန္ဆုံးေပၚေပါက္လာပါက ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္မႈျဖင့္ လက္ရွိ အက်ပ္အတည္းကို ေက်ာ္လႊားႏိုင္သည္ဆိုေသာအျမင္ျဖင့္ ေဆာင္႐ြက္ႏိုင္ေၾကာင္းလည္း ေဒါက္တာ ေအးေမာင္က သုံးသပ္သည္။
"အခုက အားလုံးအျမင္မွာ အေျခခံဥပေဒအရ အေရးေပၚကာလကို တပ္က ပဲ ထိန္းသိမ္းၿပီးေတာ့ လုပ္ေနရတဲ့ အေနအထားေလ။ ႏိုင္ငံတိုင္းကလည္း ပူးေပါင္းပါဝင္ဖို႔က ခက္ႏိုင္တယ္ေလ။ ကိုယ့္ႏိုင္ငံ၊ သူ႔ႏိုင္ငံစဥ္းစားရင္ေပါ့ဗ်ာ။ အာဆီယံေတာင္ ႏိုင္ငံေရးနဲ႔မပတ္သက္တဲ့ ပုဂၢိဳလ္ေတြ တက္ပါဆိုတဲ့အထိ သူ႔မွာအက်ပ္အတည္းေတာ့ ရွိမွာေပါ့ဗ်ာ။ ခန႔္မွန္းၾကည့္လို႔ေတာ့ ရႏိုင္တာေပါ့"ဟု ၎က ဆိုသည္။
ယခု လလယ္ပိုင္းတြင္ အမ်ိဳးသားစည္းလုံး ညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ (NSPNC) ႏွင့္ ႏိုင္ငံေရးပါတီ အစုအဖြဲ႕တို႔ေတြ႕ဆုံရန္ရွိေနကာ NSPNC ဘက္က အဆိုျပဳေသာ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ အခ်က္ (၂၃)ခ်က္ ျပင္ဆင္ေရး သေဘာထားမွတ္ခ်က္ကို ေဆြးေႏြးမည္ ျဖစ္ေၾကာင္း သိရသည္။ ထို႔ေနာက္ အမ်ိဳးသားစည္းလုံး ညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ (NSPNC) ၊ NCA လက္မွတ္ေရးထိုး ထားေသာ 7 EAO Alliance ႏွင့္ ႏိုင္ငံေရးပါတီအစု အဖြဲ႕တို႔ သုံးပြင့္ဆိုင္ေတြ႕ဆုံရန္လည္းရွိေနကာ ေ႐ြးေကာက္ပြဲကိစၥကို ေဆြးေႏြးဖြယ္ရွိေနေၾကာင္း သိရသည္။