ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ မိသားစုလွှဲပို့ငွေကိစ္စများ အလုံးစုံအဆင်ပြေရေး တိုင်းပြည်တည်ငြိမ်မှုရှိရန်လိုအပ်ပြီး လတ်တလော အေဂျင်စီများကြား အခက်တွေ့နေ

 714

ယွန်း (NP News) - ဩဂုတ် ၂၁

ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ မိသားစုလွှဲပို့ငွေကိစ္စများ အလုံးစုံအဆင်ပြေရေး တိုင်းပြည်တည်ငြိမ်မှုရှိရန်လိုအပ်ပြီး လတ်တလော အေဂျင်စီများကြား အခက်တွေ့နေကြောင်း ပြည်ပအလုပ်အကိုင် ဝန်ဆောင် မှုလုပ်ငန်းရှင်ကြီးတစ်ဦးက NP News မှတစ်ဆင့် သုံးသပ်ထား သည်။

အလုပ်သမားဝန်ကြီးဌာနက ယခုလ(ဩဂုတ်)မှစ၍ နိုင်ငံအလိုက် မိသားစုလွှဲပို့ငွေစာရင်း တင်ပြနိုင်ခြင်းမရှိ သည့် အေဂျင်စီများကို အလုပ်သမားစေ လွှတ်ရေးလုပ်ငန်းစဉ်များ ယာယီဆိုင်းငံ့သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းကအသိပေးထုတ်ပြန်ထားခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်ထုတ်ပြီးသည့်နောက်တွင် အေဂျင်စီများအနေဖြင့် အကျပ်အတည်းများနှင့် ပို၍ ရင်ဆိုင်နေရကြောင်း သိရသည်။

‘‘ထုတ်ပြန်ချက်ထုတ်ပြီးတဲ့နောက်မှာ အခက်အခဲတွေပိုများသွားတာပေါ့။ လက်ရှိအခြေအနေကတော့ နားတော့လည်ပါတယ်။ ကျွန်တော်တို့ကတော့ အဓိကက အလုပ်သမားတွေကို စောင့်ရှောက်ပေးရမယ့်၊ တာဝန်ယူရမယ့် အပိုင်းပါ။ ငွေကြေးကိစ္စကတော့ ကျွန်တော်တို့နဲ့တော့မဆိုင်ဘူး။ တချို့ဆိုရင် ငွေလွှဲစရာမိသားစုမရှိတဲ့သူတွေလည်း ရှိတယ်။ တချို့ကျတော့လည်း မိသားစုလိုက်နိုင်ငံခြားရောက်နေကြတာ။ အဲဒါမျိုးကျတော့လည်း ပြန်လွှဲဖို့မဖြစ်နိုင်ပြန် ဘူး။ တချို့ဆိုရင် စစ်ဘေးရှောင်နေရတာတွေရှိတော့ မိသားစုနဲ့အဆက်အသွယ်မရကြတာလည်းရှိကြ တယ်’’ ဟု အထက်ပါပြည်ပအလုပ် အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်ကဆိုသည်။

ဗဟိုဘဏ်ပေါက်ဈေးနှင့် ပြင်ပငွေကြေးပေါက်ဈေးကွာဟချက်ကြောင့် တရားဝင်ဘဏ်စနစ်ဖြင့် မိသားစုလွှဲ ပို့ငွေပို့ဆောင်သူ အရေအတွက်မှာ အနည်းငယ်သာ ရှိနေပြီး ဟွန်ဒီများဖြင့်သာ လွှဲပြောင်းလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်း၌ တည်ငြိမ်မှုရှိရန်လိုအပ်ပြီး တိုင်းပြည်တည်ငြိမ်မည်ဆိုပါက မိသားစုလွှဲပို့ငွေကိစ္စများ အဆင်ပြေသွားနိုင်ကြောင်း ၎င်းက ဆက်လက် သုံးသပ်ပြောဆိုထားသည်။

‘‘မိသားစုလွှဲပို့ငွေဆိုတာကို အားပေးတယ်။ ကျွန်တော်တို့ရဲ့ GDP နဲ့လည်း သက်ဆိုင်နေတယ်လေ။ တိုင်းပြည် အတွက်လည်း အကျိုးရှိတယ်‌။ တခြားနိုင်ငံတွေမှာလည်း တရားဝင်ပဲငွေလွှဲကြတာ။ အဓိကကလည်း တိုင်းပြည် တည်ငြိမ်ဖို့က အဓိကပါပဲ။ တိုင်းပြည်တည်ငြိမ်သွားရင် အဲဒါတွေ အဆင်ပြေသွား မှာပါ။ အရင်တုန်းက အဲဒီပြဿနာတွေ ရှိမှမရှိတာ။ ဂျပန်မှာဆိုရင် ပြီးခဲ့တဲ့ရက်တုန်းက (၁)ယန်းကို လေးကျပ်ပဲကွာတယ်။ အခုဆိုရင် (၁၄) ကျပ် တောင်ကွာ သွားပြီ။ သူတို့ဘက်ကကြည့်ပြန်တော့လည်း အပြစ်ပြောလို့မရဘူး’’ ဟု ၎င်းကဆိုသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ရရှိသည့်လစာ၏ (၂၅) ရာခိုင် နှုန်းကိုသတ်မှတ်ပေးထားသည့် တရားဝင်ဘဏ်စနစ်လမ်းကြောင်းမှ လွှဲပို့ရန် အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်အတွင်း အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ မိသားစုလွှဲပို့ငွေများမှာ လျော့နည်းလျက်ရှိပြီး မလေး ရှားနှင့် ထိုင်းနိုင်ငံတို့ကို ရောက်ရှိနေသည့် မြန်မာ လုပ်သားအနေဖြင့် ဟွန်ဒီဖြင့်သာလွှဲပြောင်းကြကာ လူ (၁၀ဝ) တွင် (၅) ဦးခန့် သာ ဘဏ်စနစ်ဖြင့် ပို့ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၉)ရက်နေ့အထိ နိုင်ငံတစ်ဝန်း ပြည်ပအလုပ်အကိုင် အေဂျင်စီ (၅၆၈)ခုရှိပြီး ယာယီပိတ်ထားသည့် အေဂျင်စီ(၇)ခုရှိသဖြင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေသည့် အေဂျင်စီ(၅၆၁)ခုရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

zawgyi version
ျပည္ပေရာက္ျမန္မာႏိုင္ငံသားမ်ား၏ မိသားစုလႊဲပို႔ေငြကိစၥမ်ား အလုံးစုံအဆင္ေျပေရး တိုင္းျပည္တည္ၿငိမ္မႈရွိရန္လိုအပ္ၿပီး လတ္တေလာ ေအဂ်င္စီမ်ားၾကား အခက္ေတြ႕ေန
ယြန္း (NP News) - ဩဂုတ္ ၂၁

ျပည္ပေရာက္ျမန္မာႏိုင္ငံသားမ်ား၏ မိသားစုလႊဲပို႔ေငြကိစၥမ်ား အလုံးစုံအဆင္ေျပေရး တိုင္းျပည္တည္ၿငိမ္မႈရွိရန္လိုအပ္ၿပီး လတ္တေလာ ေအဂ်င္စီမ်ားၾကား အခက္ေတြ႕ေနေၾကာင္း ျပည္ပအလုပ္အကိုင္ ဝန္ေဆာင္ မႈလုပ္ငန္းရွင္ႀကီးတစ္ဦးက NP News မွတစ္ဆင့္ သုံးသပ္ထား သည္။

အလုပ္သမားဝန္ႀကီးဌာနက ယခုလ(ဩဂုတ္)မွစ၍ ႏိုင္ငံအလိုက္ မိသားစုလႊဲပို႔ေငြစာရင္း တင္ျပႏိုင္ျခင္းမရွိ သည့္ ေအဂ်င္စီမ်ားကို အလုပ္သမားေစ လႊတ္ေရးလုပ္ငန္းစဥ္မ်ား ယာယီဆိုင္းငံ့သြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ရက္ပိုင္းကအသိေပးထုတ္ျပန္ထားခဲ့သည္။ အဆိုပါ ထုတ္ျပန္ခ်က္ထုတ္ၿပီးသည့္ေနာက္တြင္ ေအဂ်င္စီမ်ားအေနျဖင့္ အက်ပ္အတည္းမ်ားႏွင့္ ပို၍ ရင္ဆိုင္ေနရေၾကာင္း သိရသည္။

‘‘ထုတ္ျပန္ခ်က္ထုတ္ၿပီးတဲ့ေနာက္မွာ အခက္အခဲေတြပိုမ်ားသြားတာေပါ့။ လက္ရွိအေျခအေနကေတာ့ နားေတာ့လည္ပါတယ္။ ကြၽန္ေတာ္တို႔ကေတာ့ အဓိကက အလုပ္သမားေတြကို ေစာင့္ေရွာက္ေပးရမယ့္၊ တာဝန္ယူရမယ့္ အပိုင္းပါ။ ေငြေၾကးကိစၥကေတာ့ ကြၽန္ေတာ္တို႔နဲ႔ေတာ့မဆိုင္ဘူး။ တခ်ိဳ႕ဆိုရင္ ေငြလႊဲစရာမိသားစုမရွိတဲ့သူေတြလည္း ရွိတယ္။ တခ်ိဳ႕က်ေတာ့လည္း မိသားစုလိုက္ႏိုင္ငံျခားေရာက္ေနၾကတာ။ အဲဒါမ်ိဳးက်ေတာ့လည္း ျပန္လႊဲဖို႔မျဖစ္ႏိုင္ျပန္ ဘူး။ တခ်ိဳ႕ဆိုရင္ စစ္ေဘးေရွာင္ေနရတာေတြရွိေတာ့ မိသားစုနဲ႔အဆက္အသြယ္မရၾကတာလည္းရွိၾက တယ္’’ ဟု အထက္ပါျပည္ပအလုပ္ အကိုင္ဝန္ေဆာင္မႈ လုပ္ငန္းရွင္ကဆိုသည္။

ဗဟိုဘဏ္ေပါက္ေဈးႏွင့္ ျပင္ပေငြေၾကးေပါက္ေဈးကြာဟခ်က္ေၾကာင့္ တရားဝင္ဘဏ္စနစ္ျဖင့္ မိသားစုလႊဲ ပို႔ေငြပို႔ေဆာင္သူ အေရအတြက္မွာ အနည္းငယ္သာ ရွိေနၿပီး ဟြန္ဒီမ်ားျဖင့္သာ လႊဲေျပာင္းလ်က္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ ျပည္တြင္း၌ တည္ၿငိမ္မႈရွိရန္လိုအပ္ၿပီး တိုင္းျပည္တည္ၿငိမ္မည္ဆိုပါက မိသားစုလႊဲပို႔ေငြကိစၥမ်ား အဆင္ေျပသြားႏိုင္ေၾကာင္း ၎က ဆက္လက္ သုံးသပ္ေျပာဆိုထားသည္။

‘‘မိသားစုလႊဲပို႔ေငြဆိုတာကို အားေပးတယ္။ ကြၽန္ေတာ္တို႔ရဲ႕ GDP နဲ႔လည္း သက္ဆိုင္ေနတယ္ေလ။ တိုင္းျပည္ အတြက္လည္း အက်ိဳးရွိတယ္‌။ တျခားႏိုင္ငံေတြမွာလည္း တရားဝင္ပဲေငြလႊဲၾကတာ။ အဓိကကလည္း တိုင္းျပည္ တည္ၿငိမ္ဖို႔က အဓိကပါပဲ။ တိုင္းျပည္တည္ၿငိမ္သြားရင္ အဲဒါေတြ အဆင္ေျပသြား မွာပါ။ အရင္တုန္းက အဲဒီျပႆနာေတြ ရွိမွမရွိတာ။ ဂ်ပန္မွာဆိုရင္ ၿပီးခဲ့တဲ့ရက္တုန္းက (၁)ယန္းကို ေလးက်ပ္ပဲကြာတယ္။ အခုဆိုရင္ (၁၄) က်ပ္ ေတာင္ကြာ သြားၿပီ။ သူတို႔ဘက္ကၾကည့္ျပန္ေတာ့လည္း အျပစ္ေျပာလို႔မရဘူး’’ ဟု ၎ကဆိုသည္။

ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ရရွိသည့္လစာ၏ (၂၅) ရာခိုင္ ႏႈန္းကိုသတ္မွတ္ေပးထားသည့္ တရားဝင္ဘဏ္စနစ္လမ္းေၾကာင္းမွ လႊဲပို႔ရန္ အလုပ္သမားဝန္ႀကီးဌာနက ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္အတြင္း အသိေပး ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ လက္ရွိတြင္ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ား၏ မိသားစုလႊဲပို႔ေငြမ်ားမွာ ေလ်ာ့နည္းလ်က္ရွိၿပီး မေလး ရွားႏွင့္ ထိုင္းႏိုင္ငံတို႔ကို ေရာက္ရွိေနသည့္ ျမန္မာ လုပ္သားအေနျဖင့္ ဟြန္ဒီျဖင့္သာလႊဲေျပာင္းၾကကာ လူ (၁၀ဝ) တြင္ (၅) ဦးခန႔္ သာ ဘဏ္စနစ္ျဖင့္ ပို႔ေဆာင္ေနေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဇြန္လ(၉)ရက္ေန႔အထိ ႏိုင္ငံတစ္ဝန္း ျပည္ပအလုပ္အကိုင္ ေအဂ်င္စီ (၅၆၈)ခုရွိၿပီး ယာယီပိတ္ထားသည့္ ေအဂ်င္စီ(၇)ခုရွိသျဖင့္ လက္ရွိလုပ္ငန္းေဆာင္႐ြက္ေနသည့္ ေအဂ်င္စီ(၅၆၁)ခုရွိေၾကာင္း အလုပ္သမားဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.