မျောက်ကျောက်ရောဂါ၊ Mpox ဟာ Covid-19 လို မဟုတ်ကြောင်း WHO ပြောကြား

 620

ရောင်နီ (NP News) - သြဂုတ် ၂၁

မျောက်ကျောက်ရောဂါ mpox ကူးစက် ဖြစ်ပွားမှုဟာ Covid-19 လို မဖြစ်နိုင်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သြဂုတ် ၂ဝ ရက်မှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာစိုးရိမ်မှုဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) ကို ဖြစ်စေခဲ့တဲ့ Clade 1b အမျိုးအစား mpox ဗိုင်းရပ်စ်အတွက် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်တယ်လို့ WHO ရဲ့ ဥရောပဒါရိုက်တာ ဟန်စ်ကလော့ က ပြောကြားခဲ့ပါတယ်။

၂ဝ၂၂ ခုနှစ် ဇူလိုင်လကလည်း WHO ဟာ လိင်တူချစ်သူတွေနဲ့ လိင်တူအမျိုးသား အများစုကို ထိခိုက်စေတဲ့ ပြင်းထန် Clade 2b အမျိုးအစား mpox နိုင်ငံတကာဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး PHEIC ကို ကြေညာခဲ့ဖူးပေမယ့် ၂၀၂၃ ခုနှစ် မေလမှာတော့ အဲဒီကြေညာချက်ကို ရုတ်သိမ်းခဲ့ရပါတယ်။

"Mpox ဟာ Covid အသစ် မဟုတ်ပါဘူး" လို့ ဒေါက်တာကလော့ က အခိုင်အမာပြောကြားပါတယ်။ "ပြီးခဲ့တဲ့ ၂ နှစ် က၊ ထိခိုက်မှုအရှိဆုံးနေရာတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုကြောင့် ဥရောပမှာ mpox ကူးစက်မှုတွေ ရှိခဲ့ပေမယ့် ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့တယ်" လို့ သူကပြောပါတယ်။
"ခွဲခြားဆက်ဆံမှုမရှိတဲ့ ပြည်သူ့ကျန်းမာရေးဆောင်ရွက်မှုနဲ့ mpox ကာကွယ်ဆေးထိုးခြင်းဟာ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဖို့အအတွက် အထောက်အကူဖြစ်စေမှာဖြစ်တယ်" လို့ ဒေါက်တာကလော့ က ပြောပါတယ်။
ဒါအပြင် မျောက်ကျောက်ရောဂါနဲ့ပတ်သတ်ပြီး Mask (နှာခေါင်းစည်း) တွေ တပ်ဖို့လည်း WHO က အကြုံပြုထား ခြင်း မရှိသေးဘူးလို့ WHO ပြောရေးဆိုခွင့်ရှိသူ တာရိုက်ခ်ဂျဆာအီဗစ် က ပြောကြားပါတယ်။ Mpox ဟာ လိင်ဆက်ဆံမှု အပါအဝင် အနီးကပ် ကိုယ်ထိလက်ရောက် ထိတွေ့မှုမှတဆင့် ကူးစက်တတ်ပေမယ့် Covid-19 လို ယခင်ကမ္ဘာ့ကပ်ရောဂါများနဲ့မတူဘဲ လေမှတဆင့် အလွယ်တကူ ကူးစက်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ ကူးစက်ဖြစ်ပွားနေတဲ့ mpox ဗိုင်းရပ်စ်ရဲ့ပုံစံအသစ်ဟာ ပုံမှန်အနီးကပ် ထိတွေ့မှုကနေ တစ်ဆင့် အလွယ်တကူ ကူးစက်ပျံ့နှံ့သွားနိုင်တာကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေပါတယ်။ ဒါအပြင် ဆွီဒင်နိုင်ငံမှာ mpox မျိုးကွဲအသစ်ကို ကြာသပတေးနေ့(ဩဂုတ် ၁၅ ရက်) က တွေ့ရှိ အတည်ပြုခဲ့ပြီး ပါကစ္စတန်နိုင်ငံမှာလည်း ပင်လယ်ကွေ့နိုင်ငံမှပြန်လာတဲ့ လူနာတစ်ဦးမှာ mpox ဗိုင်းရပ်စ် ကူးစက်မှုကို သောကြာနေ့ (ဩဂုတ်လ ၁၆ ရက်) က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ေမ်ာက္ေက်ာက္ေရာဂါ၊ Mpox ဟာ Covid-19 လို မဟုတ္ေၾကာင္း WHO ေျပာၾကား
ေရာင္နီ (NP News) - ၾသဂုတ္ ၂၁

ေမ်ာက္ေက်ာက္ေရာဂါ mpox ကူးစက္ ျဖစ္ပြားမႈဟာ Covid-19 လို မျဖစ္ႏိုင္ဘူးလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ၾသဂုတ္ ၂ဝ ရက္မွာ ေျပာၾကားခဲ့ပါတယ္။
ႏိုင္ငံတကာစိုးရိမ္မႈဆိုင္ရာ ျပည္သူ႔က်န္းမာေရး အေရးေပၚအေျခအေန (PHEIC) ကို ျဖစ္ေစခဲ့တဲ့ Clade 1b အမ်ိဳးအစား mpox ဗိုင္းရပ္စ္အတြက္ ကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏိုင္တယ္လို႔ WHO ရဲ႕ ဥေရာပဒါ႐ိုက္တာ ဟန္စ္ကေလာ့ က ေျပာၾကားခဲ့ပါတယ္။

၂ဝ၂၂ ခုႏွစ္ ဇူလိုင္လကလည္း WHO ဟာ လိင္တူခ်စ္သူေတြနဲ႔ လိင္တူအမ်ိဳးသား အမ်ားစုကို ထိခိုက္ေစတဲ့ ျပင္းထန္ Clade 2b အမ်ိဳးအစား mpox ႏိုင္ငံတကာျဖစ္ပြားမႈနဲ႔ ပတ္သက္ၿပီး PHEIC ကို ေၾကညာခဲ့ဖူးေပမယ့္ ၂၀၂၃ ခုႏွစ္ ေမလမွာေတာ့ အဲဒီေၾကညာခ်က္ကို ႐ုတ္သိမ္းခဲ့ရပါတယ္။

"Mpox ဟာ Covid အသစ္ မဟုတ္ပါဘူး" လို႔ ေဒါက္တာကေလာ့ က အခိုင္အမာေျပာၾကားပါတယ္။ "ၿပီးခဲ့တဲ့ ၂ ႏွစ္ က၊ ထိခိုက္မႈအရွိဆုံးေနရာေတြနဲ႔ တိုက္႐ိုက္ထိေတြ႕ ဆက္ဆံမႈေၾကာင့္ ဥေရာပမွာ mpox ကူးစက္မႈေတြ ရွိခဲ့ေပမယ့္ ေကာင္းေကာင္း ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္" လို႔ သူကေျပာပါတယ္။
"ခြဲျခားဆက္ဆံမႈမရွိတဲ့ ျပည္သူ႔က်န္းမာေရးေဆာင္႐ြက္မႈနဲ႔ mpox ကာကြယ္ေဆးထိုးျခင္းဟာ ေရာဂါျဖစ္ပြားမႈကို ထိန္းခ်ဳပ္ဖို႔အအတြက္ အေထာက္အကူျဖစ္ေစမွာျဖစ္တယ္" လို႔ ေဒါက္တာကေလာ့ က ေျပာပါတယ္။
ဒါအျပင္ ေမ်ာက္ေက်ာက္ေရာဂါနဲ႔ပတ္သတ္ၿပီး Mask (ႏွာေခါင္းစည္း) ေတြ တပ္ဖို႔လည္း WHO က အႀကဳံျပဳထား ျခင္း မရွိေသးဘူးလို႔ WHO ေျပာေရးဆိုခြင့္ရွိသူ တာ႐ိုက္ခ္ဂ်ဆာအီဗစ္ က ေျပာၾကားပါတယ္။ Mpox ဟာ လိင္ဆက္ဆံမႈ အပါအဝင္ အနီးကပ္ ကိုယ္ထိလက္ေရာက္ ထိေတြ႕မႈမွတဆင့္ ကူးစက္တတ္ေပမယ့္ Covid-19 လို ယခင္ကမာၻ႔ကပ္ေရာဂါမ်ားနဲ႔မတူဘဲ ေလမွတဆင့္ အလြယ္တကူ ကူးစက္ႏိုင္ျခင္း မရွိဘူးလို႔ သိရပါတယ္။

ကြန္ဂိုဒီမိုကရက္တစ္ သမၼတႏိုင္ငံမွာ ကူးစက္ျဖစ္ပြားေနတဲ့ mpox ဗိုင္းရပ္စ္ရဲ႕ပုံစံအသစ္ဟာ ပုံမွန္အနီးကပ္ ထိေတြ႕မႈကေန တစ္ဆင့္ အလြယ္တကူ ကူးစက္ပ်ံ႕ႏွံ႔သြားႏိုင္တာေၾကာင့္ တစ္ကမာၻလုံးဆိုင္ရာ စိုးရိမ္ပူပန္မႈကို ျဖစ္ေပၚေစပါတယ္။ ဒါအျပင္ ဆြီဒင္ႏိုင္ငံမွာ mpox မ်ိဳးကြဲအသစ္ကို ၾကာသပေတးေန႔(ဩဂုတ္ ၁၅ ရက္) က ေတြ႕ရွိ အတည္ျပဳခဲ့ၿပီး ပါကစၥတန္ႏိုင္ငံမွာလည္း ပင္လယ္ေကြ႕ႏိုင္ငံမွျပန္လာတဲ့ လူနာတစ္ဦးမွာ mpox ဗိုင္းရပ္စ္ ကူးစက္မႈကို ေသာၾကာေန႔ (ဩဂုတ္လ ၁၆ ရက္) က ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.