ရန်ကုန်စက်မှုဇုန်လုပ်သားများအနေဖြင့် ညပိုင်းအလုပ်ဆင်းချိန်တွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ရင်ဆိုင်ကြုံတွေ့နေကြရ
3571
ယွန်း (NP News) - ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များတွင် လုပ်ကိုင်နေကြသော လုပ်သား များအနေဖြင့် ညပိုင်းအလုပ်ဆင်းချိန်တွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူ တစ်ဦးက NP News မှတစ်ဆင့် အသိပေးပြောကြားသည်။
ပြည်တွင်းရှိ စက်မှုဇုန်များတွင် လုပ်ကိုင်လျက်ရှိသည့် စက်ရုံလုပ်သားများအနေဖြင့် လုပ်ခလစာ နည်းပါးခြင်း အပြင် ၎င်းတို့၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများနှင့်လည်း ကြုံတွေ့နေရကြောင်း သိရသည်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြည်တွင်း၌ လုံခြုံရေးဆိုင်ရာများကို စိုးရိမ်နေရပြီး စက်ရုံလုပ်သားများအနေဖြင့်လည်း ၎င်းတို့၏လုံခြုံရေးအတွက် ညပိုင်းအချိန်ပိုကို ည(၈)နာရီအထိသာ လုပ်ကိုင်ကြကြောင်းသိရသည်။ မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများတွင် အမျိုးသမီးလုပ်သားအများစု ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်ကာ ယခင်ကပင် လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေခဲ့ခြင်းဖြစ်ပြီး ယခုအခါ စိုးရိမ်စိတ်များ ပိုမိုတိုးပွားလာခဲ့ခြင်းဖြစ်သည်။
“OT တွေအချိန် မတော်ခေါ်လို့ ပြန်ရတဲ့အခါမျိုး လုံခြုံရေးဆိုင်ရာ ပြဿနာတွေရှိတယ်။ ညပိုင်း OT ဆင်းတဲ့ အခါကျတော့ ဖယ်ရီပေးတယ်ဆိုရင် ဖယ်ရီက မှတ်တိုင်တစ်ခုအထိပဲပေးတာ။ အလုပ်သမားကကျတော့ လမ်းကြားတွေထဲမှာနေ တာများတယ်။ အဲဒီတော့ ကယ်ရီနဲ့သွားရတယ်။ ကယ်ရီသမားတွေကလည်း ဓာတ်ဆီကို မှောင်ခိုဈေးတွေနဲ့ဝယ်ကြ တာ။ အခုက အပြင်ဈေးတွေနဲ့ (၆၅၀ဝ) လောက်အထိ ပေးဝယ် နေရတော့ အရင်က (၅၀ဝ) (၁၀ဝဝ) ပေးရတဲ့လမ်းကို တိုးယူလာကြတယ်။ ဓာတ်ဆီမရလို့ ကယ်ရီ မရှိ တာမျိုးတွေရှိတယ်။ အဲဒီလိုဆိုရင် အလုပ်သမားတွေ အတွက် လုံခြုံရေးပြဿနာရှိတယ်။ စက်ရုံတွေမှာက ညဘက်မှာ OT ကို ၆ နာရီထက် တိုးမဆင်းဘူးတို့၊ ၈ နာရီထက်ပို မဆင်း ဘူးတို့ကို အလုပ်သမားတွေ ဘက်က ပြောကြတာရှိတယ်” ဟု အထက်ပါ အလုပ်သမားအရေး ဆောင်ရွက်နေသူက ဆိုသည်။
ထို့ပြင် လုပ်ခလစာ နည်းပါးမှုကိုလည်း ရင်ဆိုင်နေရပြီး နိုင်ငံတော်အနေဖြင့် နေ့စား အလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခလစာကို ထောက်ပံ့ကြေး (၁၀ဝဝ) ကျပ် ထပ်မံခံစားခွင့်ပြုခဲ့ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက အသိပေး ထုတ်ပြန်ခဲ့သည်။ သို့သော် အဆိုပါလုပ်ခလစာသည် အလုပ်သမားများအတွက် ကြီးမားသည့် ပြောင်းလဲမှုမရှိ နိုင်ကြောင်းသိရပြီး နေ့စားလုပ်သားများအနေဖြင့် ကုန်ဈေးနှုန်း အဆ မတန်မြင့်တက်မှုအပါအဝင် အဆောင်ခနှင့် အခြား အချက်များကိုလည်း ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။
“ (၁၀ဝဝ) တိုးပေးလိုက်တာကတော့ အပြောင်းအလဲအရမ်းကြီးမဖြစ်နိုင်ဘူး။ အနိမ့်ဆုံး လုပ်ခ လစာဆိုရင်တော့ ဒီအပေါ်မှာအခြေခံပြီး OT တွေ ပြောင်းသွားမလားပေါ့။ အခုဆိုရင် လုပ်ခလစာတွေ တိုးတောင်း ကြတာရှိတယ်။ တချို့ဆိုရင် (၇၀ဝဝ)၊ (၈၀ဝဝ) ရတာတွေရှိတယ်။ လုပ်ခလစာ နည်းပါးတဲ့ ပြဿနာကိုလည်း ရင်ဆိုင်နေရတယ်။ အလုပ်သမား တွေအနေနဲ့လည်း ဒီလိုကိစ္စမျိုးတွေကိုပဲ ပြောတာများတယ်။ ကုန်ဈေးနှုန်းကတော့ သူတို့အခု နောက်ပိုင်း ပိုပြီးတော့ ရင်ဆိုင်လာကြရတယ်။ ဈေးတွေကချက်ချင်းကြီးပြောင်းလဲနေတာဆိုတော့ သူတို့ သတ် မှတ်ထားတဲ့ ငွေပမာဏနဲ့ လိုက်မမီတော့ဘူး။ ပြီးရင် သူတို့နေရတဲ့ အဆောင်တွေ ဈေးတက်သွားမှာတွေ၊ မိသားစုကို ငွေပြန်ပို့ရမယ့်ကိစ္စတွေကို ကြုံနေရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် လုပ်ခလစာအပါအဝင် နိုင်ငံရေးအခြေအနေများကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသည့် အလုပ်သမား ဦးရေလည်းများပြားလျက်ရှိပြီး တရားမဝင်လမ်းကြောင်းများမှသွားရောက်မှုများ များပြားနေကြောင်း သိရသည်။
zawgyi version
ရန္ကုန္စက္မႈဇုန္လုပ္သားမ်ားအေနျဖင့္ ညပိုင္းအလုပ္ဆင္းခ်ိန္တြင္ လုံၿခဳံေရးဆိုင္ရာ စိုးရိမ္မႈမ်ားကို ရင္ဆိုင္ႀကဳံေတြ႕ေနၾကရ
ယြန္း (NP News) - ဩဂုတ္ ၂၁
ရန္ကုန္တိုင္းေဒသႀကီးရွိ စက္မႈဇုန္မ်ားတြင္ လုပ္ကိုင္ေနၾကေသာ လုပ္သား မ်ားအေနျဖင့္ ညပိုင္းအလုပ္ဆင္းခ်ိန္တြင္ လုံၿခဳံေရးဆိုင္ရာ စိုးရိမ္မႈမ်ားကို ရင္ဆိုင္ႀကဳံေတြ႕ေနၾကရေၾကာင္း အလုပ္သမားအေရးေဆာင္႐ြက္ေနသူ တစ္ဦးက NP News မွတစ္ဆင့္ အသိေပးေျပာၾကားသည္။
ျပည္တြင္းရွိ စက္မႈဇုန္မ်ားတြင္ လုပ္ကိုင္လ်က္ရွိသည့္ စက္႐ုံလုပ္သားမ်ားအေနျဖင့္ လုပ္ခလစာ နည္းပါးျခင္း အျပင္ ၎တို႔၏ လုံၿခဳံေရးဆိုင္ရာ စိုးရိမ္မႈမ်ားႏွင့္လည္း ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။ ႏိုင္ငံေရးမတည္ၿငိမ္မႈေၾကာင့္ ျပည္တြင္း၌ လုံၿခဳံေရးဆိုင္ရာမ်ားကို စိုးရိမ္ေနရၿပီး စက္႐ုံလုပ္သားမ်ားအေနျဖင့္လည္း ၎တို႔၏လုံၿခဳံေရးအတြက္ ညပိုင္းအခ်ိန္ပိုကို ည(၈)နာရီအထိသာ လုပ္ကိုင္ၾကေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံရွိ အထည္ခ်ဳပ္စက္႐ုံမ်ားတြင္ အမ်ိဳးသမီးလုပ္သားအမ်ားစု ဝင္ေရာက္လုပ္ကိုင္ေနၾကျခင္းျဖစ္ကာ ယခင္ကပင္ လုံၿခဳံေရးႏွင့္ပတ္သက္၍ စိုးရိမ္မႈမ်ားရွိေနခဲ့ျခင္းျဖစ္ၿပီး ယခုအခါ စိုးရိမ္စိတ္မ်ား ပိုမိုတိုးပြားလာခဲ့ျခင္းျဖစ္သည္။
“OT ေတြအခ်ိန္ မေတာ္ေခၚလို႔ ျပန္ရတဲ့အခါမ်ိဳး လုံၿခဳံေရးဆိုင္ရာ ျပႆနာေတြရွိတယ္။ ညပိုင္း OT ဆင္းတဲ့ အခါက်ေတာ့ ဖယ္ရီေပးတယ္ဆိုရင္ ဖယ္ရီက မွတ္တိုင္တစ္ခုအထိပဲေပးတာ။ အလုပ္သမားကက်ေတာ့ လမ္းၾကားေတြထဲမွာေန တာမ်ားတယ္။ အဲဒီေတာ့ ကယ္ရီနဲ႔သြားရတယ္။ ကယ္ရီသမားေတြကလည္း ဓာတ္ဆီကို ေမွာင္ခိုေဈးေတြနဲ႔ဝယ္ၾက တာ။ အခုက အျပင္ေဈးေတြနဲ႔ (၆၅၀ဝ) ေလာက္အထိ ေပးဝယ္ ေနရေတာ့ အရင္က (၅၀ဝ) (၁၀ဝဝ) ေပးရတဲ့လမ္းကို တိုးယူလာၾကတယ္။ ဓာတ္ဆီမရလို႔ ကယ္ရီ မရွိ တာမ်ိဳးေတြရွိတယ္။ အဲဒီလိုဆိုရင္ အလုပ္သမားေတြ အတြက္ လုံၿခဳံေရးျပႆနာရွိတယ္။ စက္႐ုံေတြမွာက ညဘက္မွာ OT ကို ၆ နာရီထက္ တိုးမဆင္းဘူးတို႔၊ ၈ နာရီထက္ပို မဆင္း ဘူးတို႔ကို အလုပ္သမားေတြ ဘက္က ေျပာၾကတာရွိတယ္” ဟု အထက္ပါ အလုပ္သမားအေရး ေဆာင္႐ြက္ေနသူက ဆိုသည္။
ထို႔ျပင္ လုပ္ခလစာ နည္းပါးမႈကိုလည္း ရင္ဆိုင္ေနရၿပီး ႏိုင္ငံေတာ္အေနျဖင့္ ေန႔စား အလုပ္သမားမ်ား၏ အနိမ့္ဆုံးလုပ္ခလစာကို ေထာက္ပံ့ေၾကး (၁၀ဝဝ) က်ပ္ ထပ္မံခံစားခြင့္ျပဳခဲ့ေၾကာင္း ၿပီးခဲ့သည့္ ရက္ပိုင္းက အသိေပး ထုတ္ျပန္ခဲ့သည္။ သို႔ေသာ္ အဆိုပါလုပ္ခလစာသည္ အလုပ္သမားမ်ားအတြက္ ႀကီးမားသည့္ ေျပာင္းလဲမႈမရွိ ႏိုင္ေၾကာင္းသိရၿပီး ေန႔စားလုပ္သားမ်ားအေနျဖင့္ ကုန္ေဈးႏႈန္း အဆ မတန္ျမင့္တက္မႈအပါအဝင္ အေဆာင္ခႏွင့္ အျခား အခ်က္မ်ားကိုလည္း ရင္ဆိုင္ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။
“ (၁၀ဝဝ) တိုးေပးလိုက္တာကေတာ့ အေျပာင္းအလဲအရမ္းႀကီးမျဖစ္ႏိုင္ဘူး။ အနိမ့္ဆုံး လုပ္ခ လစာဆိုရင္ေတာ့ ဒီအေပၚမွာအေျခခံၿပီး OT ေတြ ေျပာင္းသြားမလားေပါ့။ အခုဆိုရင္ လုပ္ခလစာေတြ တိုးေတာင္း ၾကတာရွိတယ္။ တခ်ိဳ႕ဆိုရင္ (၇၀ဝဝ)၊ (၈၀ဝဝ) ရတာေတြရွိတယ္။ လုပ္ခလစာ နည္းပါးတဲ့ ျပႆနာကိုလည္း ရင္ဆိုင္ေနရတယ္။ အလုပ္သမား ေတြအေနနဲ႔လည္း ဒီလိုကိစၥမ်ိဳးေတြကိုပဲ ေျပာတာမ်ားတယ္။ ကုန္ေဈးႏႈန္းကေတာ့ သူတို႔အခု ေနာက္ပိုင္း ပိုၿပီးေတာ့ ရင္ဆိုင္လာၾကရတယ္။ ေဈးေတြကခ်က္ခ်င္းႀကီးေျပာင္းလဲေနတာဆိုေတာ့ သူတို႔ သတ္ မွတ္ထားတဲ့ ေငြပမာဏနဲ႔ လိုက္မမီေတာ့ဘူး။ ၿပီးရင္ သူတို႔ေနရတဲ့ အေဆာင္ေတြ ေဈးတက္သြားမွာေတြ၊ မိသားစုကို ေငြျပန္ပို႔ရမယ့္ကိစၥေတြကို ႀကဳံေနရတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ျပင္ လုပ္ခလစာအပါအဝင္ ႏိုင္ငံေရးအေျခအေနမ်ားေၾကာင့္ ျပည္ပႏိုင္ငံမ်ားသို႔ ထြက္ခြာသည့္ အလုပ္သမား ဦးေရလည္းမ်ားျပားလ်က္ရွိၿပီး တရားမဝင္လမ္းေၾကာင္းမ်ားမွသြားေရာက္မႈမ်ား မ်ားျပားေနေၾကာင္း သိရသည္။