စစ်ဘေးရှောင်များက ရန်ကုန်မြို့ကို ဦးတည်ကာ ပြောင်းရွှေ့မှုတိုးပွားလာနေပြီး အချို့က အမြဲတမ်းအခြေချနေထိုင်ရန်ဆုံးဖြတ်လာကြ

 10759

သုတကျော် (NP News) - ဩဂုတ် ၂၁

စစ်ဘေးသင့်ဒေသများမှ ရန်ကုန်မြို့ကို ဦးတည်ကာ ပြောင်းရွှေ့သူ ပမာဏတိုးလာနေပြီး အချို့က ယာယီမဟုတ်ဘဲ အမြဲတမ်းအခြေချနေထိုင်ရန် ကြိုးပမ်းလာကြကြောင်း NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

လတ်တလော တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကြောင့် စစ်ဘေးရှောင် ပြည်သူများအနေဖြင့် နီးစပ်ရာ မြို့များသို့သာမက မန္တလေးမြို့၊ တောင်ကြီးမြို့ စသည်ဖြင့် မြို့ကြီးများသို့ ယာယီပြောင်းရွှေ့နေထိုင် မှုများပြားနေပြီး ရန်ကုန်မြို့ကိုမူ အမြဲတမ်း အခြေချနေထိုင်ရန်အတွက် ရွေးချယ်လာကြခြင်းဖြစ်ကြောင်း သိရသည်။

"အခုဆိုရင် ရန်ကုန်မှာ စီးပွားရေးလုပ်ဖို့အထိ တွေးလာကြတာပေါ့။ စီးပွားရေးဆိုတာလည်း ကြီးကြီး ကျယ်ကျယ်တော့ မဟုတ်ကြဘူး။ မြင်မိသလောက်ဆို ရင် ဒေသအစားအစာဆိုင်တွေ ဖွင့်ရောင်းတာများပါ တယ်။ တစ်ပိုင်တစ်နိုင်ပေါ့။ ဒီလို နည်းနဲ့ပြောင်းရွှေ့ လာကြတာ။ သေချာတယ် သူတို့ကတော့ ဇာတိကို မပြန်ကြတော့ဘူး"ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ ရန်ကုန်သို့ ပြောင်းရွှေ့လာသူ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ဆိုသည်။

ထိုသို့ ပြောင်းရွှေ့လာသည့်အတွက် ရန်ကုန်မြို့ တွင် အိမ်ခန်းအငှားဈေးကွက်လည်း ပိုမိုမြင့်တက်လာပြီး အပိုင်ဝယ်သူများထက် အငှားသမားများက ပိုမိုတွက်ခြေကိုက်နေကြသည်။ "အိမ်ငှားတာကလည်း တော်တော်လေး ကောင်းလာတယ်။ ဝါတွင်းကာလဆိုပေမယ့်လည်း ငှားတဲ့သူက ရှိနေတာပဲ။ အခု အခန်းငှားဖို့ တင်လိုက်ရင် ခဏနေရင် လာမေးနေကြပြီ။ အထူးသဖြင့် ဈေးသက်သာတဲ့ မြို့နယ်တွေမှာ ပိုပြီးတော့ နေကြတာများတယ်"ဟု သာကေတမြို့နယ်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။

သောင်းကျန်းသူ လက်နက်ကိုင်များ၏ ထိန်းချုပ် နယ်မြေတွင်ကျရောက်သွားသည့် ဒေသများမှ စစ်ဘေးရှောင်ပြည်သူအချို့ကလည်း ၎င်းတို့၏ မွေးရပ်မြေကို လုံးဝစွန့်လွှတ်ကာ ရေကြည်ရာ၊ မြက်နုရာ ပြောင်းရွှေ့အခြေချသူများလည်း ရှိနေသည်။

"တချို့ကလည်း လုံးဝကို မပြန်တော့ဘူးပေါ့။ ကျွန်မတို့ဆိုရင်လည်း မိသားစုလိုက် ပြောင်းလာတာ။ မပြန်တော့ဘူး။ အဓိကတော့ ရန်ကုန်ကို စဉ်းစားတာ ပေါ့။ ရန်ကုန်ဘက်မှာ တည်ငြိမ်တယ်ပေါ့လေ။ စီးပွား ရေးကတော့ ဘာမှမစဉ်းစားမိသေးဘူး။ ဒီအတိုင်း အဆင်ပြေတာ လုပ်မယ်လို့ တွေးတာပေါ့နော်။ အခု တည်းက အလုပ်တွေတော့ ကြိုရှာနေတယ်။ သမီး တွေ အလုပ်လုပ်ဖို့ပေါ့။ အိမ်ကတော့ ငှားနေရမယ်။ အခုမှ အစက ပြန်စမှာ"ဟု ရှမ်းပြည်နယ် မြောက်ပိုင်းမှ ရန်ကုန်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေသူ အသက် (၅၀) အရွယ် အမျိုးသမီးကြီး တစ်ဦးက ဆိုသည်။

zawgyi version
စစ္ေဘးေရွာင္မ်ားက ရန္ကုန္ၿမိဳ႕ကို ဦးတည္ကာ ေျပာင္းေ႐ႊ႕မႈတိုးပြားလာေနၿပီး အခ်ိဳ႕က အၿမဲတမ္းအေျခခ်ေနထိုင္ရန္ဆုံးျဖတ္လာၾက
သုတေက်ာ္ (NP News) - ဩဂုတ္ ၂၁

စစ္ေဘးသင့္ေဒသမ်ားမွ ရန္ကုန္ၿမိဳ႕ကို ဦးတည္ကာ ေျပာင္းေ႐ႊ႕သူ ပမာဏတိုးလာေနၿပီး အခ်ိဳ႕က ယာယီမဟုတ္ဘဲ အၿမဲတမ္းအေျခခ်ေနထိုင္ရန္ ႀကိဳးပမ္းလာၾကေၾကာင္း NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

လတ္တေလာ တိုက္ပြဲျဖစ္ပြားမႈ အေျခအေနမ်ားေၾကာင့္ စစ္ေဘးေရွာင္ ျပည္သူမ်ားအေနျဖင့္ နီးစပ္ရာ ၿမိဳ႕မ်ားသို႔သာမက မႏၲေလးၿမိဳ႕၊ ေတာင္ႀကီးၿမိဳ႕ စသည္ျဖင့္ ၿမိဳ႕ႀကီးမ်ားသို႔ ယာယီေျပာင္းေ႐ႊ႕ေနထိုင္ မႈမ်ားျပားေနၿပီး ရန္ကုန္ၿမိဳ႕ကိုမူ အၿမဲတမ္း အေျခခ်ေနထိုင္ရန္အတြက္ ေ႐ြးခ်ယ္လာၾကျခင္းျဖစ္ေၾကာင္း သိရသည္။

"အခုဆိုရင္ ရန္ကုန္မွာ စီးပြားေရးလုပ္ဖို႔အထိ ေတြးလာၾကတာေပါ့။ စီးပြားေရးဆိုတာလည္း ႀကီးႀကီး က်ယ္က်ယ္ေတာ့ မဟုတ္ၾကဘူး။ ျမင္မိသေလာက္ဆို ရင္ ေဒသအစားအစာဆိုင္ေတြ ဖြင့္ေရာင္းတာမ်ားပါ တယ္။ တစ္ပိုင္တစ္ႏိုင္ေပါ့။ ဒီလို နည္းနဲ႔ေျပာင္းေ႐ႊ႕ လာၾကတာ။ ေသခ်ာတယ္ သူတို႔ကေတာ့ ဇာတိကို မျပန္ၾကေတာ့ဘူး"ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ ရန္ကုန္သို႔ ေျပာင္းေ႐ႊ႕လာသူ စစ္ေဘးေရွာင္ အမ်ိဳးသားတစ္ဦးက ဆိုသည္။

ထိုသို႔ ေျပာင္းေ႐ႊ႕လာသည့္အတြက္ ရန္ကုန္ၿမိဳ႕ တြင္ အိမ္ခန္းအငွားေဈးကြက္လည္း ပိုမိုျမင့္တက္လာၿပီး အပိုင္ဝယ္သူမ်ားထက္ အငွားသမားမ်ားက ပိုမိုတြက္ေျခကိုက္ေနၾကသည္။ "အိမ္ငွားတာကလည္း ေတာ္ေတာ္ေလး ေကာင္းလာတယ္။ ဝါတြင္းကာလဆိုေပမယ့္လည္း ငွားတဲ့သူက ရွိေနတာပဲ။ အခု အခန္းငွားဖို႔ တင္လိုက္ရင္ ခဏေနရင္ လာေမးေနၾကၿပီ။ အထူးသျဖင့္ ေဈးသက္သာတဲ့ ၿမိဳ႕နယ္ေတြမွာ ပိုၿပီးေတာ့ ေနၾကတာမ်ားတယ္"ဟု သာေကတၿမိဳ႕နယ္ရွိ အိမ္၊ ၿခံ၊ ေျမ အက်ိဳးေဆာင္တစ္ဦးက ဆိုသည္။

ေသာင္းက်န္းသူ လက္နက္ကိုင္မ်ား၏ ထိန္းခ်ဳပ္ နယ္ေျမတြင္က်ေရာက္သြားသည့္ ေဒသမ်ားမွ စစ္ေဘးေရွာင္ျပည္သူအခ်ိဳ႕ကလည္း ၎တို႔၏ ေမြးရပ္ေျမကို လုံးဝစြန႔္လႊတ္ကာ ေရၾကည္ရာ၊ ျမက္ႏုရာ ေျပာင္းေ႐ႊ႕အေျခခ်သူမ်ားလည္း ရွိေနသည္။

"တခ်ိဳ႕ကလည္း လုံးဝကို မျပန္ေတာ့ဘူးေပါ့။ ကြၽန္မတို႔ဆိုရင္လည္း မိသားစုလိုက္ ေျပာင္းလာတာ။ မျပန္ေတာ့ဘူး။ အဓိကေတာ့ ရန္ကုန္ကို စဥ္းစားတာ ေပါ့။ ရန္ကုန္ဘက္မွာ တည္ၿငိမ္တယ္ေပါ့ေလ။ စီးပြား ေရးကေတာ့ ဘာမွမစဥ္းစားမိေသးဘူး။ ဒီအတိုင္း အဆင္ေျပတာ လုပ္မယ္လို႔ ေတြးတာေပါ့ေနာ္။ အခု တည္းက အလုပ္ေတြေတာ့ ႀကိဳရွာေနတယ္။ သမီး ေတြ အလုပ္လုပ္ဖို႔ေပါ့။ အိမ္ကေတာ့ ငွားေနရမယ္။ အခုမွ အစက ျပန္စမွာ"ဟု ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွ ရန္ကုန္သို႔ ေျပာင္းေ႐ႊ႕ရန္ ျပင္ဆင္ေနသူ အသက္ (၅၀) အ႐ြယ္ အမ်ိဳးသမီးႀကီး တစ္ဦးက ဆိုသည္။

Related news

© 2021. All rights reserved.