ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝသို့ AA က ရခိုင်တိုင်းရင်းသားများကိုအခြေချနေထိုင်ရန် ခေါ်သွင်းနေ

 1469

သုတကျော် (NP News) - ဩဂုတ် ၂၁

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝသို့ AA က ရခိုင်တိုင်းရင်းသားများကို အခြေချနေထိုင်ရန် ခေါ်သွင်းနေကြောင်း ဒေသခံ အချို့ထံ NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

AA က စတင်ဖော်ဆောင်ခဲ့သည့် တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ် ဒေသခံချင်းတိုင်းရင်း သားများ စစ်ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင် မှုများ ရှိနေရာတွင် AAက အထက်ပါအတိုင်း ခေါ်သွင်းနေခြင်းဖြစ်သည်ဟု ပလက်ဝမြို့မှ စစ်ဘေး ရှောင်လာသူ တစ်ဦးက ဆိုသည်။

"ပြောင်းရွှေ့လာတာက ဟုတ်တယ်ဗျ။ အခြေချဖို့ အတွက် ရွာတည်ပေးတဲ့ သဘောမျိုးတွေလည်း တွေ့ရတယ်"ဟု ၎င်းကဆိုသည်။ ထိုသို့ ပလက်ဝမြို့နယ်သို့ ရခိုင်တိုင်းရင်းသားများအား AA က ထည့်သွင်းလာခြင်းအပေါ် ဒေသခံများကလည်း လက်မခံနိုင်ကြောင်း ၎င်းက ဆိုသည်။ "ဒီအတိုင်းနေတာက အဆင်ပြေနေသေးတယ်ဗျ။ အဲ့ဒါက ဘယ်လိုမှ အဆင်မပြေနိုင်ဘူး"ဟု ၎င်းက ဆိုသည်။

ပလက်ဝမြို့ကို AA အဖွဲ့က ထိန်းချုပ်ထားသည့်အပေါ် ချင်းတိုင်းရင်း သားများအကြားတွင်လည်း သဘောမတူသူများပြားပြီး တစ်ချိန်တွင် အဆိုပါ အချက်သည် AA နှင့် ချင်းတိုင်းရင်းသားများအကြား ထိပ်တိုက်တွေ့ဖွယ်ရှိကြောင်း သိရသည်။ လက်ရှိ အနေအထားအရ ပလက်ဝမြို့တွင် နေထိုင်သူများမှာ စစ်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်မှုများရှိနေပြီး မြို့၏ စီးပွားရေးမှာလည်း ကျဆင်းနေသည့်အပြင် လူမှုရေးအခက်အခဲများကိုလည်း တွေ့ကြုံနေကြရသည်။ လွန်ခဲ့သည့်ရက်ပိုင်းကလည်း ချင်းပြည်နယ်မှ AA ထွက်ခွာသွားရန်နှင့် AA ကို အလိုမရှိကြောင်း မီဇိုရမ်သို့ စစ်ဘေးရှောင်ရသော ချင်းတိုင်းရင်းသာများက ဆန္ဒပြခဲ့ကြသည်။

zawgyi version
ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝသို႔ AA က ရခိုင္တိုင္းရင္းသားမ်ားကိုအေျခခ်ေနထိုင္ရန္ ေခၚသြင္းေန
သုတေက်ာ္ (NP News) - ဩဂုတ္ ၂၁

ခ်င္းျပည္နယ္ ေတာင္ပိုင္း ပလက္ဝသို႔ AA က ရခိုင္တိုင္းရင္းသားမ်ားကို အေျခခ်ေနထိုင္ရန္ ေခၚသြင္းေနေၾကာင္း ေဒသခံ အခ်ိဳ႕ထံ NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

AA က စတင္ေဖာ္ေဆာင္ခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ ပလက္ဝၿမိဳ႕နယ္ ေဒသခံခ်င္းတိုင္းရင္း သားမ်ား စစ္ေဘးလြတ္ရာေနရာမ်ားသို႔ တိမ္းေရွာင္ မႈမ်ား ရွိေနရာတြင္ AAက အထက္ပါအတိုင္း ေခၚသြင္းေနျခင္းျဖစ္သည္ဟု ပလက္ဝၿမိဳ႕မွ စစ္ေဘး ေရွာင္လာသူ တစ္ဦးက ဆိုသည္။

"ေျပာင္းေ႐ႊ႕လာတာက ဟုတ္တယ္ဗ်။ အေျခခ်ဖို႔ အတြက္ ႐ြာတည္ေပးတဲ့ သေဘာမ်ိဳးေတြလည္း ေတြ႕ရတယ္"ဟု ၎ကဆိုသည္။ ထိုသို႔ ပလက္ဝၿမိဳ႕နယ္သို႔ ရခိုင္တိုင္းရင္းသားမ်ားအား AA က ထည့္သြင္းလာျခင္းအေပၚ ေဒသခံမ်ားကလည္း လက္မခံႏိုင္ေၾကာင္း ၎က ဆိုသည္။ "ဒီအတိုင္းေနတာက အဆင္ေျပေနေသးတယ္ဗ်။ အဲ့ဒါက ဘယ္လိုမွ အဆင္မေျပႏိုင္ဘူး"ဟု ၎က ဆိုသည္။

ပလက္ဝၿမိဳ႕ကို AA အဖြဲ႕က ထိန္းခ်ဳပ္ထားသည့္အေပၚ ခ်င္းတိုင္းရင္း သားမ်ားအၾကားတြင္လည္း သေဘာမတူသူမ်ားျပားၿပီး တစ္ခ်ိန္တြင္ အဆိုပါ အခ်က္သည္ AA ႏွင့္ ခ်င္းတိုင္းရင္းသားမ်ားအၾကား ထိပ္တိုက္ေတြ႕ဖြယ္ရွိေၾကာင္း သိရသည္။ လက္ရွိ အေနအထားအရ ပလက္ဝၿမိဳ႕တြင္ ေနထိုင္သူမ်ားမွာ စစ္ပြဲ ထပ္မံျဖစ္ပြားမည္ကို စိုးရိမ္မႈမ်ားရွိေနၿပီး ၿမိဳ႕၏ စီးပြားေရးမွာလည္း က်ဆင္းေနသည့္အျပင္ လူမႈေရးအခက္အခဲမ်ားကိုလည္း ေတြ႕ႀကဳံေနၾကရသည္။ လြန္ခဲ့သည့္ရက္ပိုင္းကလည္း ခ်င္းျပည္နယ္မွ AA ထြက္ခြာသြားရန္ႏွင့္ AA ကို အလိုမရွိေၾကာင္း မီဇိုရမ္သို႔ စစ္ေဘးေရွာင္ရေသာ ခ်င္းတိုင္းရင္းသာမ်ားက ဆႏၵျပခဲ့ၾကသည္။

Related news

© 2021. All rights reserved.