ယူကရိန်းကို သွားရောက်မလည်ပတ်ခင် ငြိမ်းချမ်းရေးကို ထပ်မံတောင်းဆိုခဲ့တဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီ

 665

Pika (NP News) - ဩဂုတ် ၂၁

အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ ယူကရိန်းနိုင်ငံကို သွားရောက်မလည်ပတ်ခင် ဩဂုတ်လ(၂၁)ရက်နေ့မှာ ရုရှား-ယူကရိန်းစစ်ပွဲငြိမ်းချမ်းရေးအတွက် ထပ်မံတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

မိုဒီဟာ ပြီးခဲ့တဲ့လက ရုရှားနိုင်ငံကို အလည်အပတ်သွားရောက်စဉ်အချိန်အတွင်း ရုရှားသမ္မတပူတင်နဲ့ပွေ့ဖက်ခဲ့တဲ့အတွက် ယူကရိန်းဘက်က ပြစ်တင်ဝေဖန်မှုတွေလုပ်ဆောင်ပြီးနောက် သီတင်းပတ်များစွာအကြာမှာ ယူကရိန်းကိုသွားရောက်လည်ပတ်မယ့် ၎င်းရဲ့ခရီးစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။ မိုဒီဟာ လာမယ့်ဩဂုတ်လ(၂၃)ရက်နေ့မှာ ယူကရိန်းကိုသွားရောက်မလည်ပတ်ခင် ပိုလန်နိုင်ငံကို အရင်ဆုံးသွားရောက်လည်ပတ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

မိုဒီက 'မိတ်ဖက်သူငယ်ချင်းတစ်ဦးအနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို အမြန်ဆုံးပြန်လည်ယူဆောင်လာနိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ အိန္ဒိယအစိုးရဟာ ဒေသတွင်းပြိုင်ဖက်တရုတ်ကို ဆန့်ကျင်တဲ့အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေးကို တိုးမြှင့်နေစဉ်အချိန်မှာပဲ ရုရှားနဲ့ ပိုမိုနီးကပ်တဲ့ဆက်ဆံရေးကို တည်ဆောက်ခဲ့လာတာလည်းဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာစတင်ဖြစ်ပွားခဲ့တဲ့ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချဖို့ အိန္ဒိယအစိုးရက ငြင်းဆန်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ရုရှားနဲ့ယူကရိန်းတို့ဟာ နှစ်နိုင်ငံကြား သဘောထားကွဲလွဲမှုတွေကို ဆွေးနွေးပွဲတွေကနေတဆင့် အဖြေရှာသင့်တယ်လို့ အိန္ဒိယအစိုးရက တိုက်တွန်းခဲ့ပါတယ်။ အဲဒီခရီးစဉ်ဟာ မိုဒီကယူကရိန်းကို ပထမဆုံးအကြိမ်လာရောက်လည်ပတ်တဲ့ ခရီးစဉ်ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရေးနဲ့ပတ်သက်တဲ့အမြင်တွေအပြင် အိန္ဒိယ-ယူကရိန်းဆက်ဆံရေးကို ပိုမိုနက်ရှိုင်းလာစေဖို့အတွက် ယူကရိန်းသမ္မတဇီလန်စကီးနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း မိုဒီက ပြောကြားခဲ့ပါတယ်။ မိုဒီဟာ ပြီးခဲ့တဲ့ဇူလိုင်လမှာ ရုရှားနိုင်ငံ မော်စကိုမြို့ကို သွားရောက်လည်ပတ်ခဲ့ပြီး သမ္မတပူတင်နဲ့ပွေ့ဖက်နေတဲ့ ဓါတ်ပုံတွေ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာပြီးနောက် ယူကရိန်းဘက်က ပြစ်တင်ရှုတ်ချမှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

zawgyi version
ယူကရိန္းကို သြားေရာက္မလည္ပတ္ခင္ ၿငိမ္းခ်မ္းေရးကို ထပ္မံေတာင္းဆိုခဲ့တဲ့ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီ
Pika (NP News) - ဩဂုတ္ ၂၁

အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီဟာ ယူကရိန္းႏိုင္ငံကို သြားေရာက္မလည္ပတ္ခင္ ဩဂုတ္လ(၂၁)ရက္ေန႔မွာ ႐ုရွား-ယူကရိန္းစစ္ပြဲၿငိမ္းခ်မ္းေရးအတြက္ ထပ္မံေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။

မိုဒီဟာ ၿပီးခဲ့တဲ့လက ႐ုရွားႏိုင္ငံကို အလည္အပတ္သြားေရာက္စဥ္အခ်ိန္အတြင္း ႐ုရွားသမၼတပူတင္နဲ႔ေပြ႕ဖက္ခဲ့တဲ့အတြက္ ယူကရိန္းဘက္က ျပစ္တင္ေဝဖန္မႈေတြလုပ္ေဆာင္ၿပီးေနာက္ သီတင္းပတ္မ်ားစြာအၾကာမွာ ယူကရိန္းကိုသြားေရာက္လည္ပတ္မယ့္ ၎ရဲ႕ခရီးစဥ္ထြက္ေပၚလာတာျဖစ္ပါတယ္။ မိုဒီဟာ လာမယ့္ဩဂုတ္လ(၂၃)ရက္ေန႔မွာ ယူကရိန္းကိုသြားေရာက္မလည္ပတ္ခင္ ပိုလန္ႏိုင္ငံကို အရင္ဆုံးသြားေရာက္လည္ပတ္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။

မိုဒီက 'မိတ္ဖက္သူငယ္ခ်င္းတစ္ဦးအေနနဲ႔ ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးကို အျမန္ဆုံးျပန္လည္ယူေဆာင္လာႏိုင္ဖို႔ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ပါတယ္။ အိႏၵိယအစိုးရဟာ ေဒသတြင္းၿပိဳင္ဖက္တ႐ုတ္ကို ဆန႔္က်င္တဲ့အေနာက္အုပ္စုႏိုင္ငံေတြနဲ႔ ဆက္ဆံေရးကို တိုးျမႇင့္ေနစဥ္အခ်ိန္မွာပဲ ႐ုရွားနဲ႔ ပိုမိုနီးကပ္တဲ့ဆက္ဆံေရးကို တည္ေဆာက္ခဲ့လာတာလည္းျဖစ္ပါတယ္။ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွာစတင္ျဖစ္ပြားခဲ့တဲ့ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈေတြကို ျပစ္တင္ရႈတ္ခ်ဖို႔ အိႏၵိယအစိုးရက ျငင္းဆန္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ႏွစ္ႏိုင္ငံၾကား သေဘာထားကြဲလြဲမႈေတြကို ေဆြးေႏြးပြဲေတြကေနတဆင့္ အေျဖရွာသင့္တယ္လို႔ အိႏၵိယအစိုးရက တိုက္တြန္းခဲ့ပါတယ္။ အဲဒီခရီးစဥ္ဟာ မိုဒီကယူကရိန္းကို ပထမဆုံးအႀကိမ္လာေရာက္လည္ပတ္တဲ့ ခရီးစဥ္ျဖစ္တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ ယူကရိန္းပဋိပကၡကို ၿငိမ္းခ်မ္းစြာေျဖရွင္းေရးနဲ႔ပတ္သက္တဲ့အျမင္ေတြအျပင္ အိႏၵိယ-ယူကရိန္းဆက္ဆံေရးကို ပိုမိုနက္ရႈိင္းလာေစဖို႔အတြက္ ယူကရိန္းသမၼတဇီလန္စကီးနဲ႔ ေဆြးေႏြးမႈေတြ လုပ္ေဆာင္သြားမယ္လို႔လည္း မိုဒီက ေျပာၾကားခဲ့ပါတယ္။ မိုဒီဟာ ၿပီးခဲ့တဲ့ဇူလိုင္လမွာ ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ကို သြားေရာက္လည္ပတ္ခဲ့ၿပီး သမၼတပူတင္နဲ႔ေပြ႕ဖက္ေနတဲ့ ဓါတ္ပုံေတြ ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔လာၿပီးေနာက္ ယူကရိန္းဘက္က ျပစ္တင္ရႈတ္ခ်မႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.