လျှပ်စစ်သုံးယာဉ် စွန့်ပစ်ဘတ္ထရီများနှင့် အခြားစွန့်ပစ်ကိုယ်ထည်များကို မတင်သွင်းရန် နစက သတိပေးတားမြစ်
3928
မြူနစ် (NP News) - သြဂုတ် ၂၂
လျှပ်စစ်သုံးယာဉ် စွန့်ပစ်ဘတ္ထရီများနှင့် အခြားစွန့်ပစ်ပစ္စည်းများကို တင်သွင်းခြင်း မပြုလုပ်ရန် နစက၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သတိပေးတားမြစ်လိုက်သည်။
စွန့်ပစ်ဘတ္ထရီများနှင့် အခြားစွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်ကျင်းညစ်ညမ်းမှုမရှိစေရန်၊ သက်ရှိသတ္တဝါတို့၏ ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများ မရှိစေရန် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ ယခုကဲ့သို့ ညွှန်ကြားချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
လျှပ်စစ်သုံးယာဉ် စွန့်ပစ်ဘတ္ထရီများဆိုသည်မှာ အသုံးပြုသူက ဖြစ်စေ၊ ဘတ္ထရီရောင်းဝယ်ဖောက်ကားသူကဖြစ်စေ၊ ထုတ်လုပ်ရောင်းချသူကဖြစ်စေ၊ ဘတ္ထရီတစ်ခုလုံး (သို့မဟုတ်) ယင်းဘတ္ထရီအစိတ်အပိုင်းများအား သက်တမ်းလွန် ခြင်း၊ နည်းပညာချို့ယွင်းခြင်း၊ အရည်အသွေးမပြည့်မီခြင်း၊ ပြန်လည်ပြုပြင်သုံးစွဲ၍ မရနိုင်ခြင်းတို့ကြောင့် စွန့်ပစ် မည့်ဘတ္ထရီများကို ဆိုလိုသည်ဟု ဝန်ကြီးဌာနက အဓိပ္ပါယ်ဖွင့်ထားသည်။
အလားတူ လျှပ်စစ်သုံးယာဉ်ဆိုင်ရာ အခြားစွန့်ပစ်ပစ္စည်းများဆိုသည်မှာ သတ္တု (သို့မဟုတ်) ပလတ်စတစ်ဖြင့် ပြုလုပ်ထားသောယာဉ်ကိုယ်ထည်၏ အစိတ်အပိုင်းများ၊ တာယာများ၊ အအေးခံဆေးရည်နှင့် ဘရိတ်ဆီများ၊ လေအိတ်များ၊ ပြန်လည်ပြုပြင်ထုတ်လုပ်သုံးစွဲနိုင်သည့် စွန့်ပစ်အီလက်ထရောနစ်အစိတ်အပိုင်းများ၊ လျှပ်စစ်သုံး ယာဉ်တွင် တပ်ဆင်အသုံးပြုထားသော မှန်ချပ်အမျိုးမျိုး၊ ဒက်ရှ်ဘုတ် အပါအဝင် ယာဉ်အတွင်းပိုင်း၌ တပ်ဆင်ထား သော ပလတ်စတစ်အစိတ်အပိုင်းများ၊ ထိုင်ခုံများကို ဆိုလိုသည်ဟုလည်း ဖွင့်ဆိုထားသည်။
ထို့ကြောင့် မည်သူမျှ လျှပ်စစ်သုံးယာဉ် စွန့်ပစ်ဘတ္ထရီများနှင့် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ အခြားစွန့်ပစ်ပစ္စည်းများကို တင်သွင်းခြင်း မပြုလုပ်ရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီးဌာနက သတိပေးတားမြစ် ထားသည်။
လျှပ်စစ်သုံးယာဉ်စွန့်ပစ်ဘက်ထရီများနှင့် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ အခြားစွန့်ပစ်ပစ္စည်းများကို စွန့်ပစ်ခြင်းပြုသော လုပ်ငန်းလုပ်ကိုင်သူသည် ပတ်ဝန်ကျင်းထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဟုလည်း ညွှန်ကြားထားသည်။
ယခုကဲ့သို့ ထုတ်ပြန်တားမြစ်ထားသည့် ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၂ အရ အရေးယူခြင်းခံရမည်ဟုလည်း သတိပေးထားသည်။
အဆိုပါပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၂ ကို ဖောက်ဖျက်ကျူးလွန်ပါက ကျူးလွန်သူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
လက်ရှိနစကအစိုးရလက်ထက်တွင် လျှပ်စစ်သုံးယာဉ်များကို တွင်တွင်ကျယ်ကျယ် တင်သွင်းခွင့်ပြုနေလျက်ရှိပြီး ပြည်တွင်း ကုမ္ပဏီပေါင်း ဆယ်နှင့်ချီကာ လျှပ်စစ်သုံးယာဉ်များကို တင်သွင်းနေလျက်ရှိသည်။
Zawgyi Version;
လွ်ပ္စစ္သုံးယာဥ္ စြန႔္ပစ္ဘတၳရီမ်ားႏွင့္ အျခားစြန႔္ပစ္ကိုယ္ထည္မ်ားကို မတင္သြင္းရန္ နစက သတိေပးတားျမစ္
ျမဴနစ္ (NP News) - ၾသဂုတ္ ၂၂
လွ်ပ္စစ္သုံးယာဥ္ စြန႔္ပစ္ဘတၳရီမ်ားႏွင့္ အျခားစြန႔္ပစ္ပစၥည္းမ်ားကို တင္သြင္းျခင္း မျပဳလုပ္ရန္ နစက၏ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက သတိေပးတားျမစ္လိုက္သည္။
စြန႔္ပစ္ဘတၳရီမ်ားႏွင့္ အျခားစြန႔္ပစ္ပစၥည္းမ်ားေၾကာင့္ ပတ္ဝန္က်င္းညစ္ညမ္းမႈမရွိေစရန္၊ သက္ရွိသတၱဝါတို႔၏ က်န္းမာေရးအေပၚ ဆိုးက်ိဳးသက္ေရာက္မႈမ်ား မရွိေစရန္ အပ္ႏွင္းထားသည့္ လုပ္ပိုင္ခြင့္ကို က်င့္သုံးကာ ယခုကဲ့သို႔ ၫႊန္ၾကားခ်က္ ထုတ္ျပန္ျခင္းျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။
လွ်ပ္စစ္သုံးယာဥ္ စြန႔္ပစ္ဘတၳရီမ်ားဆိုသည္မွာ အသုံးျပဳသူက ျဖစ္ေစ၊ ဘတၳရီေရာင္းဝယ္ေဖာက္ကားသူကျဖစ္ေစ၊ ထုတ္လုပ္ေရာင္းခ်သူကျဖစ္ေစ၊ ဘတၳရီတစ္ခုလုံး (သို႔မဟုတ္) ယင္းဘတၳရီအစိတ္အပိုင္းမ်ားအား သက္တမ္းလြန္ ျခင္း၊ နည္းပညာခ်ိဳ႕ယြင္းျခင္း၊ အရည္အေသြးမျပည့္မီျခင္း၊ ျပန္လည္ျပဳျပင္သုံးစြဲ၍ မရႏိုင္ျခင္းတို႔ေၾကာင့္ စြန႔္ပစ္ မည့္ဘတၳရီမ်ားကို ဆိုလိုသည္ဟု ဝန္ႀကီးဌာနက အဓိပၸါယ္ဖြင့္ထားသည္။
အလားတူ လွ်ပ္စစ္သုံးယာဥ္ဆိုင္ရာ အျခားစြန႔္ပစ္ပစၥည္းမ်ားဆိုသည္မွာ သတၱဳ (သို႔မဟုတ္) ပလတ္စတစ္ျဖင့္ ျပဳလုပ္ထားေသာယာဥ္ကိုယ္ထည္၏ အစိတ္အပိုင္းမ်ား၊ တာယာမ်ား၊ အေအးခံေဆးရည္ႏွင့္ ဘရိတ္ဆီမ်ား၊ ေလအိတ္မ်ား၊ ျပန္လည္ျပဳျပင္ထုတ္လုပ္သုံးစြဲႏိုင္သည့္ စြန႔္ပစ္အီလက္ထေရာနစ္အစိတ္အပိုင္းမ်ား၊ လွ်ပ္စစ္သုံး ယာဥ္တြင္ တပ္ဆင္အသုံးျပဳထားေသာ မွန္ခ်ပ္အမ်ိဳးမ်ိဳး၊ ဒက္ရွ္ဘုတ္ အပါအဝင္ ယာဥ္အတြင္းပိုင္း၌ တပ္ဆင္ထား ေသာ ပလတ္စတစ္အစိတ္အပိုင္းမ်ား၊ ထိုင္ခုံမ်ားကို ဆိုလိုသည္ဟုလည္း ဖြင့္ဆိုထားသည္။
ထို႔ေၾကာင့္ မည္သူမွ် လွ်ပ္စစ္သုံးယာဥ္ စြန႔္ပစ္ဘတၳရီမ်ားႏွင့္ လွ်ပ္စစ္သုံးယာဥ္ဆိုင္ရာ အျခားစြန႔္ပစ္ပစၥည္းမ်ားကို တင္သြင္းျခင္း မျပဳလုပ္ရန္ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္းထိန္းသိမ္းေရးဝန္ႀကီးဌာနက သတိေပးတားျမစ္ ထားသည္။
လွ်ပ္စစ္သုံးယာဥ္စြန႔္ပစ္ဘက္ထရီမ်ားႏွင့္ လွ်ပ္စစ္သုံးယာဥ္ဆိုင္ရာ အျခားစြန႔္ပစ္ပစၥည္းမ်ားကို စြန႔္ပစ္ျခင္းျပဳေသာ လုပ္ငန္းလုပ္ကိုင္သူသည္ ပတ္ဝန္က်င္းထိခိုက္မႈဆန္းစစ္ျခင္းဆိုင္ရာလုပ္ထုံးလုပ္နည္းပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ လိုက္နာေဆာင္႐ြက္ရမည္ဟုလည္း ၫႊန္ၾကားထားသည္။
ယခုကဲ့သို႔ ထုတ္ျပန္တားျမစ္ထားသည့္ ၫႊန္ၾကားခ်က္ကို လိုက္နာျခင္းမရွိပါက ပတ္ဝန္းက်င္ထိန္းသိမ္းေရးဥပေဒ ပုဒ္မ ၃၂ အရ အေရးယူျခင္းခံရမည္ဟုလည္း သတိေပးထားသည္။
အဆိုပါပတ္ဝန္းက်င္ထိန္းသိမ္းေရးဥပေဒ ပုဒ္မ ၃၂ ကို ေဖာက္ဖ်က္က်ဴးလြန္ပါက က်ဴးလြန္သူကို တစ္ႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္ဟု ျပ႒ာန္းထားသည္။
လက္ရွိနစကအစိုးရလက္ထက္တြင္ လွ်ပ္စစ္သုံးယာဥ္မ်ားကို တြင္တြင္က်ယ္က်ယ္ တင္သြင္းခြင့္ျပဳေနလ်က္ရွိၿပီး ျပည္တြင္း ကုမၸဏီေပါင္း ဆယ္ႏွင့္ခ်ီကာ လွ်ပ္စစ္သုံးယာဥ္မ်ားကို တင္သြင္းေနလ်က္ရွိသည္။