မတ်တပ်ရပ်တဲ့အနေအထားနဲ့ အကွာအဝေး(၆၅၆)ပေကို စက်ဘီးစီးပြပြီးနောက် ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ဖွယ်ရှိနေတဲ့ အမေရိကန်အမျိုးသား

 521

Pika (NP News) - သြဂုတ် ၂၂

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ အသက်(၁၉)နှစ်အရွယ်အမျိုးသားတစ်ဦးသည် စက်ဘီးပေါ်တွင် မတ်တပ်ရပ်သည့်အနေအထား (Bike surfing) ပုံစံဖြင့် အကွာအဝေး(၆၅၆)ပေကို စက်ဘီးစီးပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ဖွယ်ရှိနေကြောင်း သိရသည်။

အဆိုပါဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင်ထားသူမှာ အကွာအဝေး(၂၆၂)ပေထိသာ စီးပြနိုင်ခဲ့ကြောင်းသိရှိခဲ့ပြီး နောက် ယခုလိုကြိုးပမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း Santa Cruz Maniacs စက်ဘီးအဖွဲ့ဝင်တစ်ဦးဖြစ်သော Santa Cruz မြို့တွင် နေထိုင်သည့် ဘရွတ်ဂျွန်ဆင်ဆိုသည့် အမျိုးသားက ပြောကြားခဲ့သည်။

ဘရွတ်ဂျွန်ဆင်က “အဲဒီဂင်းနစ်စံချိန်နဲ့ပတ်သက်ပြီး ဂင်းနစ်မှတ်တမ်းအဖွဲ့ကို ကျွန်တော်ဆက်သွယ်ခဲ့ပါတယ်။ အဲဒီဂင်းနစ်စံချိန်ကို ချိုးဖျက်ထားသူဟာ အကွာအဝေး(၂၆၂)ပေအထိပဲ စီးပြနိုင်ခဲ့တယ်လို့ ဂင်းနစ်မှတ်တမ်းအဖွဲ့ကို ကျွန်တော့်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ အဲဒါကြောင့်မလို့ ဒီဂင်းနစ်စံချိန်ကို ချိုးဖျက်ဖို့အတွက် ကြိုးပမ်းဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တာပါ” ဟု ပြောခဲ့သည်။

Bike surfing စတန့်ဆိုသည်မှာ စီးနင်းသူသည် ခြေထောက်တစ်ဖက်ကို စက်ဘီးဂိုက်ပေါ်တွင်တင်ကာ အခြားတစ်ဖက်ကို ထိုင်ခုံပေါ်တွင်ထားပြီး မတ်တပ်ရပ်နေသည့်အနေအထားဖြင့် စီးပြရခြင်းမျိုးဖြစ်သည်။ ဘရွတ်ဂျွန်ဆင်၏ ရည်မှန်းချက်မှာ အကွာအဝေး(၃၂၈)ပေအထိ စီးပြရန်ဖြစ်သော်လည်း လက်တွေ့တွင် ၎င်းသည် အကွာအဝေး(၆၅၆)ပေအထိ စီးပြနိုင်ခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် တရားဝင်အသိအမှတ်ပြုမှုများ ရရှိရန် အတွက် ၎င်း၏ ကြိုးပမ်းမှုအထောက်အထားများကို ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့ကို တင်ပြထားကြောင်း ဘရွတ်ဂျွန်ဆင်ကပြောကြားခဲ့သည်။

Zawgyi Version;
မတ္တပ္ရပ္တဲ့အေနအထားနဲ႔ အကြာအေဝး(၆၅၆)ေပကို စက္ဘီးစီးျပၿပီးေနာက္ ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ဖြယ္ရွိေနတဲ့ အေမရိကန္အမ်ိဳးသား
Pika (NP News) - ၾသဂုတ္ ၂၂

အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္မွ အသက္(၁၉)ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးသည္ စက္ဘီးေပၚတြင္ မတ္တပ္ရပ္သည့္အေနအထား (Bike surfing) ပုံစံျဖင့္ အကြာအေဝး(၆၅၆)ေပကို စက္ဘီးစီးျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ဖြယ္ရွိေနေၾကာင္း သိရသည္။

အဆိုပါဂင္းနစ္စံခ်ိန္ကို ယခင္ကိုင္ေဆာင္ထားသူမွာ အကြာအေဝး(၂၆၂)ေပထိသာ စီးျပႏိုင္ခဲ့ေၾကာင္းသိရွိခဲ့ၿပီး ေနာက္ ယခုလိုႀကိဳးပမ္းရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း Santa Cruz Maniacs စက္ဘီးအဖြဲ႕ဝင္တစ္ဦးျဖစ္ေသာ Santa Cruz ၿမိဳ႕တြင္ ေနထိုင္သည့္ ဘ႐ြတ္ဂြၽန္ဆင္ဆိုသည့္ အမ်ိဳးသားက ေျပာၾကားခဲ့သည္။

ဘ႐ြတ္ဂြၽန္ဆင္က “အဲဒီဂင္းနစ္စံခ်ိန္နဲ႔ပတ္သက္ၿပီး ဂင္းနစ္မွတ္တမ္းအဖြဲ႕ကို ကြၽန္ေတာ္ဆက္သြယ္ခဲ့ပါတယ္။ အဲဒီဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ထားသူဟာ အကြာအေဝး(၂၆၂)ေပအထိပဲ စီးျပႏိုင္ခဲ့တယ္လို႔ ဂင္းနစ္မွတ္တမ္းအဖြဲ႕ကို ကြၽန္ေတာ့္ကို ျပန္လည္ေျဖၾကားခဲ့ပါတယ္။ အဲဒါေၾကာင့္မလို႔ ဒီဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ဖို႔အတြက္ ႀကိဳးပမ္းဖို႔ ကြၽန္ေတာ္ဆုံးျဖတ္ခဲ့တာပါ” ဟု ေျပာခဲ့သည္။

Bike surfing စတန႔္ဆိုသည္မွာ စီးနင္းသူသည္ ေျခေထာက္တစ္ဖက္ကို စက္ဘီးဂိုက္ေပၚတြင္တင္ကာ အျခားတစ္ဖက္ကို ထိုင္ခုံေပၚတြင္ထားၿပီး မတ္တပ္ရပ္ေနသည့္အေနအထားျဖင့္ စီးျပရျခင္းမ်ိဳးျဖစ္သည္။ ဘ႐ြတ္ဂြၽန္ဆင္၏ ရည္မွန္းခ်က္မွာ အကြာအေဝး(၃၂၈)ေပအထိ စီးျပရန္ျဖစ္ေသာ္လည္း လက္ေတြ႕တြင္ ၎သည္ အကြာအေဝး(၆၅၆)ေပအထိ စီးျပႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ တရားဝင္အသိအမွတ္ျပဳမႈမ်ား ရရွိရန္ အတြက္ ၎၏ ႀကိဳးပမ္းမႈအေထာက္အထားမ်ားကို ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕ကို တင္ျပထားေၾကာင္း ဘ႐ြတ္ဂြၽန္ဆင္ကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.