ပြည်တွင်းလုပ်ခလစာနည်းပါးမှုကြောင့် ပြည်ပသို့ထွက်ခွာသူများပြားလျက်ရှိပြီး ယခုနှစ်တွင် ပိုမိုများပြား

 1314

ယွန်း (NP News) - သြဂုတ် ၂၂

ပြည်တွင်း၌ လုပ်ခလစာနည်းပါးမှုကြောင့် ပြည်ပသို့ထွက်ခွာသူများပြားနေပြီး ယခုနှစ်တွင်ပိုမိုများပြားနေကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးက NP News မှတဆင့် အသိပေးပြောကြားသည်။

ထို့ပြင် ပြည်တွင်း၌ လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများ ရှိနေခြင်းကလည်း ပြည်တွင်းအလုပ်သမားများ ပြည်ပသို့ သွားရောက်လုပ်ကိုင်ရန်အတွက် ရွေးချယ်မှုတစ်ခုဖြစ်လာနေကြောင်း သိရသည်။
ထိုသို့သွားရောက်ရာတွင် ပြည်ပ၌ မိသားစုရှိနေသူများနှင့် အဆက်အသွယ်ရှိနေသူအရေအတွက်မှာ အများဆုံး ဖြစ်ပြီး ယခုနှစ်တွင် ပြည်ပသို့ သွားရောက်လုပ်ကိုင်သော လုပ်သားအရေအတွက် ပိုမိုများပြားခြင်းဖြစ်ကြောင်း သိရသည်။

“နိုင်ငံခြားမှာ မိသားစုသော်လည်းကောင်း၊ အဆက်အသွယ်တစ်ခုခုသော်လည်းကောင်း ရှိထားတဲ့သူတွေက ထွက်တာများတယ်။ ပြည်တွင်းမှာက လုပ်ခလစာ နည်းပါးတယ်။ လုံခြုံရေးအတွက်အခက်အခဲရှိတဲ့အတွက် ပြည်ပကိုထွက်ခွာကြတာပေါ့။ အထည်ချုပ်စက်ရုံတွေ အပါအဝင် တခြားစက်ရုံတွေကလူတွေလည်း သွားကြပါ တယ်။ အခုနှစ်ထဲမှာဆိုရင် ပိုသွားကြတာများတယ်။ ယောင်္ကျားလေးရော၊ မိန်းကလေးရော အကုန်လုံးထွက်နေကြ တယ်။ မိန်းကလေးတွေ အရင်ထွက်ပြီးနောက်မှ ယောင်္ကျားလေးတွေကို ထပ်ခေါ်တာလည်းရှိတယ်။ သူ့အဆက် အသွယ်နဲ့သူပေါ့” ဟု အထက်ပါ အလုပ်သမားအရေးဆောင်ရွက်နေသူက ဆိုသည်။

လုပ်ခလစာနည်းပါးမှုကြောင့် နိုင်ငံတော်မှ‌ နေ့စားအလုပ်သမား နှင့် နေ့စားဝန်ထမ်းများ၏ အနိမ့်ဆုံးလုပ်ခလစာကို ထောက်ပံ့ကြေး ၁၀၀၀ ကျပ် ထပ်မံခံစားခွင့်ပြုထားသော်လည်း အဆိုပါပမာဏမှာ အလုပ်သမားများအတွက် ကြီးမားသည့်ပြောင်းလဲမှုမျိုးမရှိနိုင်ကြောင်း သိရသည်။

ပြည်တွင်းရှိ အလုပ်သမားများအနေဖြင့် ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှု၊ အဆောင်ခကြီးမြင့်မှုနှင့် မီတာခ၊ ရေခွန်၊ မီးခွန် အပါအဝင် အထွေထွေကုန်ကျ စရိတ်များကြောင့် လုပ်ခလစာ လုံလောက်မှုမရှိခြင်းကြောင့် ပြည်ပ ထွက်ခွာရန်သာ ဆန္ဒရှိနေခြင်းဖြစ်သည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် မေလမှစ၍ ပြည်ပနိုင်ငံများမှ မြန်မာအမျိုးသားအလုပ်‌ခေါ်စာများကို အသက်အကန့်အသတ်ဖြင့်သာ ခွင့်ပြုခဲ့ရာ အဆိုပါသတင်းထွက်ပေါ်ခဲ့ပြီးနောက်တွင် ပြည်ပသို့တရားမဝင် လမ်းကြောင်းများမှ သွားရောက်မှုများ များပြားခဲ့သည်။

ထို့ပြင် သက်ဆိုင်ရာမှ ဩဂုတ်လဆန်းမှစ၍ PV Passport အလည်အပတ်ခရီးဆိုင်ရာ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ထွက်ခွာကာ အလုပ်အကိုင် ရှာဖွေသူများကို ပိတ်ပင်လိုက်ရာ အလုပ်သမားအချို့တွင် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

Zawgyi Version;
ျပည္တြင္းလုပ္ခလစာနည္းပါးမႈေၾကာင့္ ျပည္ပသို႔ထြက္ခြာသူမ်ားျပားလ်က္ရွိၿပီး ယခုႏွစ္တြင္ ပိုမိုမ်ားျပား
ယြန္း (NP News) - ၾသဂုတ္ ၂၂

ျပည္တြင္း၌ လုပ္ခလစာနည္းပါးမႈေၾကာင့္ ျပည္ပသို႔ထြက္ခြာသူမ်ားျပားေနၿပီး ယခုႏွစ္တြင္ပိုမိုမ်ားျပားေနေၾကာင္း အလုပ္သမားအေရးေဆာင္႐ြက္ေနသူတစ္ဦးက NP News မွတဆင့္ အသိေပးေျပာၾကားသည္။

ထို႔ျပင္ ျပည္တြင္း၌ လုံၿခဳံေရးဆိုင္ရာစိုးရိမ္မႈမ်ား ရွိေနျခင္းကလည္း ျပည္တြင္းအလုပ္သမားမ်ား ျပည္ပသို႔ သြားေရာက္လုပ္ကိုင္ရန္အတြက္ ေ႐ြးခ်ယ္မႈတစ္ခုျဖစ္လာေနေၾကာင္း သိရသည္။
ထိုသို႔သြားေရာက္ရာတြင္ ျပည္ပ၌ မိသားစုရွိေနသူမ်ားႏွင့္ အဆက္အသြယ္ရွိေနသူအေရအတြက္မွာ အမ်ားဆုံး ျဖစ္ၿပီး ယခုႏွစ္တြင္ ျပည္ပသို႔ သြားေရာက္လုပ္ကိုင္ေသာ လုပ္သားအေရအတြက္ ပိုမိုမ်ားျပားျခင္းျဖစ္ေၾကာင္း သိရသည္။

“ႏိုင္ငံျခားမွာ မိသားစုေသာ္လည္းေကာင္း၊ အဆက္အသြယ္တစ္ခုခုေသာ္လည္းေကာင္း ရွိထားတဲ့သူေတြက ထြက္တာမ်ားတယ္။ ျပည္တြင္းမွာက လုပ္ခလစာ နည္းပါးတယ္။ လုံၿခဳံေရးအတြက္အခက္အခဲရွိတဲ့အတြက္ ျပည္ပကိုထြက္ခြာၾကတာေပါ့။ အထည္ခ်ဳပ္စက္႐ုံေတြ အပါအဝင္ တျခားစက္႐ုံေတြကလူေတြလည္း သြားၾကပါ တယ္။ အခုႏွစ္ထဲမွာဆိုရင္ ပိုသြားၾကတာမ်ားတယ္။ ေယာက်ၤားေလးေရာ၊ မိန္းကေလးေရာ အကုန္လုံးထြက္ေနၾက တယ္။ မိန္းကေလးေတြ အရင္ထြက္ၿပီးေနာက္မွ ေယာက်ၤားေလးေတြကို ထပ္ေခၚတာလည္းရွိတယ္။ သူ႔အဆက္ အသြယ္နဲ႔သူေပါ့” ဟု အထက္ပါ အလုပ္သမားအေရးေဆာင္႐ြက္ေနသူက ဆိုသည္။

လုပ္ခလစာနည္းပါးမႈေၾကာင့္ ႏိုင္ငံေတာ္မွ‌ ေန႔စားအလုပ္သမား ႏွင့္ ေန႔စားဝန္ထမ္းမ်ား၏ အနိမ့္ဆုံးလုပ္ခလစာကို ေထာက္ပံ့ေၾကး ၁၀၀၀ က်ပ္ ထပ္မံခံစားခြင့္ျပဳထားေသာ္လည္း အဆိုပါပမာဏမွာ အလုပ္သမားမ်ားအတြက္ ႀကီးမားသည့္ေျပာင္းလဲမႈမ်ိဳးမရွိႏိုင္ေၾကာင္း သိရသည္။

ျပည္တြင္းရွိ အလုပ္သမားမ်ားအေနျဖင့္ ကုန္ေဈးႏႈန္းအဆမတန္ႀကီးျမင့္မႈ၊ အေဆာင္ခႀကီးျမင့္မႈႏွင့္ မီတာခ၊ ေရခြန္၊ မီးခြန္ အပါအဝင္ အေထြေထြကုန္က် စရိတ္မ်ားေၾကာင့္ လုပ္ခလစာ လုံေလာက္မႈမရွိျခင္းေၾကာင့္ ျပည္ပ ထြက္ခြာရန္သာ ဆႏၵရွိေနျခင္းျဖစ္သည္။
အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ ၿပီးခဲ့သည့္ ေမလမွစ၍ ျပည္ပႏိုင္ငံမ်ားမွ ျမန္မာအမ်ိဳးသားအလုပ္‌ေခၚစာမ်ားကို အသက္အကန႔္အသတ္ျဖင့္သာ ခြင့္ျပဳခဲ့ရာ အဆိုပါသတင္းထြက္ေပၚခဲ့ၿပီးေနာက္တြင္ ျပည္ပသို႔တရားမဝင္ လမ္းေၾကာင္းမ်ားမွ သြားေရာက္မႈမ်ား မ်ားျပားခဲ့သည္။

ထို႔ျပင္ သက္ဆိုင္ရာမွ ဩဂုတ္လဆန္းမွစ၍ PV Passport အလည္အပတ္ခရီးဆိုင္ရာ ႏိုင္ငံကူးလက္မွတ္ျဖင့္ ျပည္ပသို႔ထြက္ခြာကာ အလုပ္အကိုင္ ရွာေဖြသူမ်ားကို ပိတ္ပင္လိုက္ရာ အလုပ္သမားအခ်ိဳ႕တြင္ အခက္အခဲမ်ားႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.