ဂါဇာကမ်းမြောင်ဒေသကနေ တပ်ဖွဲ့ဝင်တွေရုတ်သိမ်းပေးဖို့ အစ္စရေးအစိုးရသဘောတူခဲ့တယ်လို့ အမေရိကန်အစိုးရပြော

 974

Pika (NP News) - သြဂုတ် ၂၂

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဟားမက်နဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိဖို့ ကြိုးပမ်းမှုတစ်စိတ် တစ်ပိုင်းအနေနဲ့ အစ္စရေးဟာ ၎င်းရဲ့တပ်ဖွဲ့တွေကို ဂါဇာကမ်းမြောင်ဒေသရဲ့အစိတ်အပိုင်းတွေကနေ ရုတ်သိမ်းပေးဖို့ သဘောတူညီခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က ပြောကြားခဲ့ပါတယ်။

အီဂျစ်နဲ့ ဂါဇာကမ်းမြောင်ဒေသကြားမှာရှိတဲ့ Philadelphi လမ်းကြောင်းမှာ ၎င်းရဲ့တပ်ဖွဲ့တွေ ဆက်လက်ထားရှိ ခွင့်ပေးဖို့ အမေရိကန်ကို အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဆွဲဆောင်ခဲ့တယ်ဆိုတဲ့ အစောပိုင်းသတင်းတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ အန်တိုနီဘလင်ကန်ကို သတင်းထောက်တွေက တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အန်တိုနီဘလင်ကန်ဟာ အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့ကြားဝင်စေ့စပ်ပေးနေတဲ့ အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အသေးစိတ်အချက်လက်တွေကို ထုတ်ဖော်ပြောဆိုတာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
၎င်းက “ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက အချိန်ကြာကြာသိမ်းပိုက်ထားတာမျိုးကို အမေရိကန်က လက်ခံမှာ မဟုတ်ပါဘူး။ ပြီးတော့ လက်ရှိဆွေးနွေးနေတဲ့သဘောတူညီချက်ဟာ ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေး တပ်ဖွဲ့တွေ ဆုတ်ခွာရမယ့် တည်နေရာတွေ နဲ့ အချိန်ဇယားတွေဖြစ်ပြီး အစ္စရေးဘက်ကလည်း အဲဒါကို သဘောတူထားပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် နောက်ဆုံးအဆိုချက်ပြုဟာ အစ္စရေး-ဟားမက်စစ်ပွဲ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိဖို့ အတွက် နောက်ဆုံးအခွင့်အလမ်းဖြစ်နိုင်ခြေရှိတယ်လို့လည်း အန်တိုနီဘလင်ကန် က ပြောကြားခဲ့ပါတယ်။ အစ္စရေး နဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိဖို့အတွက် လုပ်ဖို့ လိုအပ် တဲ့အရာအားလုံးကို အမေရိကန်က လုပ်ဆောင်သွားမယ်လို့ အန်တိုနီဘလင်ကန်က ထပ်မံပြောကြားခဲ့ပါတယ်။

ပြီးတော့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရရှိဖို့အတွက် လိုက်လျောညီထွေလုပ်ဆောင်ကြဖို့ အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့တို့ကို အန်တိုနီဘလင်ကန်က တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ဂါဇာကမ္းေျမာင္ေဒသကေန တပ္ဖြဲ႕ဝင္ေတြ႐ုတ္သိမ္းေပးဖို႔ အစၥေရးအစိုးရသေဘာတူခဲ့တယ္လို႔ အေမရိကန္ အစိုးရေျပာ
Pika (NP News) - ၾသဂုတ္ ၂၂

ပါလက္စတိုင္းလက္နက္ကိုင္အဖြဲ႕ဟားမက္နဲ႔ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရရွိဖို႔ ႀကိဳးပမ္းမႈတစ္စိတ္ တစ္ပိုင္းအေနနဲ႔ အစၥေရးဟာ ၎ရဲ႕တပ္ဖြဲ႕ေတြကို ဂါဇာကမ္းေျမာင္ေဒသရဲ႕အစိတ္အပိုင္းေတြကေန ႐ုတ္သိမ္းေပးဖို႔ သေဘာတူညီခဲ့တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအန္တိုနီဘလင္ကန္က ေျပာၾကားခဲ့ပါတယ္။

အီဂ်စ္နဲ႔ ဂါဇာကမ္းေျမာင္ေဒသၾကားမွာရွိတဲ့ Philadelphi လမ္းေၾကာင္းမွာ ၎ရဲ႕တပ္ဖြဲ႕ေတြ ဆက္လက္ထားရွိ ခြင့္ေပးဖို႔ အေမရိကန္ကို အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ဆြဲေဆာင္ခဲ့တယ္ဆိုတဲ့ အေစာပိုင္းသတင္းေတြနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ အန္တိုနီဘလင္ကန္ကို သတင္းေထာက္ေတြက ေတာင္းဆိုခဲ့ၾကတယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း အန္တိုနီဘလင္ကန္ဟာ အေမရိကန္၊ အီဂ်စ္နဲ႔ ကာတာတို႔ၾကားဝင္ေစ့စပ္ေပးေနတဲ့ အပစ္အခတ္ ရပ္စဲေရးေဆြးေႏြးပြဲနဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္လက္ေတြကို ထုတ္ေဖာ္ေျပာဆိုတာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
၎က “ဂါဇာကမ္းေျမာင္ေဒသကို အစၥေရးက အခ်ိန္ၾကာၾကာသိမ္းပိုက္ထားတာမ်ိဳးကို အေမရိကန္က လက္ခံမွာ မဟုတ္ပါဘူး။ ၿပီးေတာ့ လက္ရွိေဆြးေႏြးေနတဲ့သေဘာတူညီခ်က္ဟာ ဂါဇာကမ္းေျမာင္ေဒသကေန အစၥေရး တပ္ဖြဲ႕ေတြ ဆုတ္ခြာရမယ့္ တည္ေနရာေတြ နဲ႔ အခ်ိန္ဇယားေတြျဖစ္ၿပီး အစၥေရးဘက္ကလည္း အဲဒါကို သေဘာတူထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ေနာက္ဆုံးအဆိုခ်က္ျပဳဟာ အစၥေရး-ဟားမက္စစ္ပြဲ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရရွိဖို႔ အတြက္ ေနာက္ဆုံးအခြင့္အလမ္းျဖစ္ႏိုင္ေျခရွိတယ္လို႔လည္း အန္တိုနီဘလင္ကန္ က ေျပာၾကားခဲ့ပါတယ္။ အစၥေရး နဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရရွိဖို႔အတြက္ လုပ္ဖို႔ လိုအပ္ တဲ့အရာအားလုံးကို အေမရိကန္က လုပ္ေဆာင္သြားမယ္လို႔ အန္တိုနီဘလင္ကန္က ထပ္မံေျပာၾကားခဲ့ပါတယ္။

ၿပီးေတာ့ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ရရွိဖို႔အတြက္ လိုက္ေလ်ာညီေထြလုပ္ေဆာင္ၾကဖို႔ အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔ကို အန္တိုနီဘလင္ကန္က ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.