အိန္ဒိယမှာ ဆေးဝါးစက်ရုံတစ်ခုပေါက်ကွဲခဲ့ပြီး အနည်းဆုံးလူ(၁၇)ဦး သေဆုံး

 387

Pika (NP News) - သြဂုတ် ၂၂

အိန္ဒိယဆေးဝါးစက်ရုံတစ်ခုမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၁၇)ဦးသေဆုံးခဲ့ပြီး အခြားလူ(၃၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဩဂုတ်လ(၂၂)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူ(၃၀)ဦးအနက် လူအများအပြားရဲ့အရေပြားတွေဟာ ဓါတုပစ္စည်းလောင်ကျွမ်းမှု မီးလောင် ဒဏ်ရာတွေကို ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ ပေါက်ကွဲမှုအားက အလွန်ပြင်းထန်ပြီး စက်ရုံအနီးတစ်ဝိုက်မှာ ရုပ်အလောင်းတွေအများအပြား ပြန့်ကြဲနေခဲ့တယ်လို့ Hindu သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။ Andhra Pradesh ပြည်နယ် Anakapalli ခရိုင်မှာရှိတဲ့ ဆေးဝါးစက်ရုံမှာ ဩဂုတ်လ(၂၁)ရက်နေ့ မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် စက်ရုံထဲမှာ ပိတ်မိနေတဲ့လူတွေ မရှိတော့ကြောင်းနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြီးဆုံးသွားပြီဖြစ်တယ်လို့ Anakapalli ခရိုင်ရဲမှူး M. Deepika က ပြောကြားခဲ့ပါတယ်။ ၎င်းက “ဒီပေါက်ကွဲမှုအတွင်း အနည်းဆုံးလူ(၁၇)ဦးသေဆုံးခဲ့ပြီး အခြားလူ(၃၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်နိုင်တယ်လို့ စုံစမ်းစစ်ဆေးရေးသမားတွေက ယုံကြည်နေကြ ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေဟာ ကြောက်ဖို့ ကောင်းတဲ့ ဓါတုပစ္စည်းလောင်ကျွမ်းမှုဒဏ်ရာတွေကို ရရှိခဲ့တယ်လို့ ဒေသတွင်းရဲအရာရှိ M. Buchaiah က ပြောကြားခဲ့ပါတယ်။ ၎င်း က “ဒီပေါက်ကွဲမှုက တကယ်ကိုကြောက်ဖို့ကောင်းပါတယ်။ ပေါက်ကွဲမှုဘာလို့ ဖြစ်ပွားရ တယ်ဆိုတဲ့အချက်ကိုတော့ ယခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
အိႏၵိယမွာ ေဆးဝါးစက္႐ုံတစ္ခုေပါက္ကြဲခဲ့ၿပီး အနည္းဆုံးလူ(၁၇)ဦး ေသဆုံး
Pika (NP News) - ၾသဂုတ္ ၂၂

အိႏၵိယေဆးဝါးစက္႐ုံတစ္ခုမွာ ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၁၇)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၃၄)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ဩဂုတ္လ(၂၂)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ထိခိုက္ဒဏ္ရာရရွိခဲ့သူ(၃၀)ဦးအနက္ လူအမ်ားအျပားရဲ႕အေရျပားေတြဟာ ဓါတုပစၥည္းေလာင္ကြၽမ္းမႈ မီးေလာင္ ဒဏ္ရာေတြကို ရရွိခဲ့တယ္လို႔လည္း သိရပါတယ္။ ေပါက္ကြဲမႈအားက အလြန္ျပင္းထန္ၿပီး စက္႐ုံအနီးတစ္ဝိုက္မွာ ႐ုပ္အေလာင္းေတြအမ်ားအျပား ျပန႔္ႀကဲေနခဲ့တယ္လို႔ Hindu သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။ Andhra Pradesh ျပည္နယ္ Anakapalli ခ႐ိုင္မွာရွိတဲ့ ေဆးဝါးစက္႐ုံမွာ ဩဂုတ္လ(၂၁)ရက္ေန႔ မြန္းလြဲပိုင္းက မီးေလာင္ကြၽမ္းမႈစတင္ျဖစ္ပြားခဲ့တာလို႔လည္း သိရပါတယ္။

မီးေလာင္ကြၽမ္းမႈျဖစ္ပြားၿပီးေနာက္ စက္႐ုံထဲမွာ ပိတ္မိေနတဲ့လူေတြ မရွိေတာ့ေၾကာင္းနဲ႔ ကယ္ဆယ္ေရး လုပ္ငန္းေတြ ၿပီးဆုံးသြားၿပီျဖစ္တယ္လို႔ Anakapalli ခ႐ိုင္ရဲမႉး M. Deepika က ေျပာၾကားခဲ့ပါတယ္။ ၎က “ဒီေပါက္ကြဲမႈအတြင္း အနည္းဆုံးလူ(၁၇)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၃၄)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ဓါတ္ေငြ႕ယိုစိမ့္မႈေၾကာင့္ ေပါက္ကြဲမႈျဖစ္ပြားခဲ့တာျဖစ္ႏိုင္တယ္လို႔ စုံစမ္းစစ္ေဆးေရးသမားေတြက ယုံၾကည္ေနၾက ေၾကာင္း ၎က ထပ္မံေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ေပါက္ကြဲမႈအတြင္း ထိခိုက္ဒဏ္ရာရရွိခဲ့သူေတြဟာ ေၾကာက္ဖို႔ ေကာင္းတဲ့ ဓါတုပစၥည္းေလာင္ကြၽမ္းမႈဒဏ္ရာေတြကို ရရွိခဲ့တယ္လို႔ ေဒသတြင္းရဲအရာရွိ M. Buchaiah က ေျပာၾကားခဲ့ပါတယ္။ ၎ က “ဒီေပါက္ကြဲမႈက တကယ္ကိုေၾကာက္ဖို႔ေကာင္းပါတယ္။ ေပါက္ကြဲမႈဘာလို႔ ျဖစ္ပြားရ တယ္ဆိုတဲ့အခ်က္ကိုေတာ့ ယခုအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးပါဘူး” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.