ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်း ကာမာလာဟားရစ်ရဲ့လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်ရေးရာမူဝါဒတွေကို ဒေါ်နယ်ထရမ့် ဝေဖန်ပြစ်တင်

 642

Pika (NP News) - သြဂုတ် ၂၂

ရီပတ်ဘလစ်ကန်ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့်ဟာ ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်း ကာမာလာ ဟားရစ်ရဲ့လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်ရေးရာမူဝါဒတွေကို ဩဂုတ်လ(၂၁)ရက်မှာ ပြစ်တင်ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။

ဒေါ်နယ်ထရမ့်က “ကာမာလာဟားရစ်က ဆန်ဖရန်စ္စကိုမြို့နဲ့ ကယ်လီဖိုးနီးယားပြည်နယ်တို့ကို ဖျက်ဆီးခဲ့သလိုပဲ ကျွန်တော်တို့ရဲ့နိုင်ငံကို ဖျက်ဆီးပစ်ပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ မြောက်ကာရိုလိုင်းနား ပြည်နယ် Asheboro မြို့မှာရှိတဲ့ ကမ်းပိန်းတစ်ခုအတွင်းမှာ ကျည်ကာမှန်တွေရဲ့နောက်ကနေ ၎င်းရဲ့ထောက်ခံသူ တွေကို ယခုလိုမိန့်ခွန်းပြောကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့လက ပင်ဆယ်ဗေးနီးယားပြည်နယ်မှာကျင်းပခဲ့တဲ့ ကမ်းပိန်းတစ်ခုအတွင်းမှာ သေနတ် နဲ့ပစ်ခတ်ခံရပြီးနောက်ပိုင်း Asheboro မြို့မှာ ကျင်းပတဲ့ကမ်းပိန်းဟာ ၎င်းရဲ့ပထမဆုံးအကြိမ် လူမြင်ကွင်းမှာ ပြန်လည်ထွက်ပေါ်လာတဲ့ ကမ်းပိန်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့ပြင် လာမည့်နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲကို ကာလမာဟားရစ်က အနိုင်ရရှိခဲ့မယ်ဆိုရင် တတိယကမ္ဘာစစ်ဖြစ်ပွားလာလိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့် က “ကာမာလာဟားရစ်က ၎င်းထိလိုက်သမျှအရာတိုင်းက ဖျက်ဆီးပစ်ပါလိမ့်မယ်။ ၎င်းဟာ ဆန်ဖရန်စ္စကိုမြို့မှာ ခရိုင်ရှေ့နေဖြစ်ခဲ့ဖူးပါတယ်။ ပြီးတော့ ၎င်းဟာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ရှေ့နေချုပ် ဖြစ်လာခဲ့ပါတယ်။ သူရှိနေခဲ့တဲ့နေရာတိုင်းက ငရဲလိုပါပဲ။ ဒီတစ်ကြိမ်မှာတော့ ကာမာလာဟားရစ်ဟာ အမေရိကန် အပေါ် အလားတူပုံစံမျိုးဖြစ်အောင် ထပ်လုပ်ပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်နယ်ထရမ့်က ၎င်းသာ သမ္မတဖြစ်လာခဲ့မယ်ဆိုရင် အမေရိကန်နိုင်ငံသားတိုင်းနဲ့ ကမ္ဘာကြီးတစ်ခုလုံး က ဘေးကင်းလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့် က “နယ်စပ်တွေကို ဖွင့်ပေးလိုက်ရုံနဲ့ ဆန္ဒမဲ တွေရရှိမယ်လို့ ထင်နေတာက ဘာကြောင့်ဆိုတာ ကျွန်တော် မသိပါဘူး။ ကာမာလာဟားရစ်က နယ်စပ်တွေကို ဖွင့်ပစ်ချင်နေတယ်ဆိုတာ အားလုံးသိကြမှာပါ။ ကာမာလာဟားရစ်သာ သမ္မတဖြစ်လာခဲ့မယ်ဆိုရင် လေးနှစ် အတွင်းမှာပဲ နိုင်ငံအတွင်းကို အကြမ်းဖက်သမားတွေ အပါအဝင် လူမျိုးစုံဝင်ရောက်လာပါလိမ့်မယ်” လို့ ပြောခဲ့ပါ တယ်။

Zawgyi Version;
ဒီမိုကရက္တစ္ကိုယ္စားလွယ္ေလာင္း ကာမာလာဟားရစ္ရဲ႕လူဝင္မႈႀကီးၾကပ္ေရးနဲ႔ နယ္စပ္ေရးရာမူဝါဒေတြကို ေဒၚနယ္ထရမ့္ ေဝဖန္ျပစ္တင္
Pika (NP News) - ၾသဂုတ္ ၂၂

ရီပတ္ဘလစ္ကန္ကိုယ္စားလွယ္ေလာင္း ေဒၚနယ္ထရမ့္ဟာ ဒီမိုကရက္တစ္ကိုယ္စားလွယ္ေလာင္း ကာမာလာ ဟားရစ္ရဲ႕လူဝင္မႈႀကီးၾကပ္ေရးနဲ႔ နယ္စပ္ေရးရာမူဝါဒေတြကို ဩဂုတ္လ(၂၁)ရက္မွာ ျပစ္တင္ေဝဖန္ခဲ့တယ္လို႔ သိရပါတယ္။

ေဒၚနယ္ထရမ့္က “ကာမာလာဟားရစ္က ဆန္ဖရန္စၥကိုၿမိဳ႕နဲ႔ ကယ္လီဖိုးနီးယားျပည္နယ္တို႔ကို ဖ်က္ဆီးခဲ့သလိုပဲ ကြၽန္ေတာ္တို႔ရဲ႕ႏိုင္ငံကို ဖ်က္ဆီးပစ္ပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ ေျမာက္ကာ႐ိုလိုင္းနား ျပည္နယ္ Asheboro ၿမိဳ႕မွာရွိတဲ့ ကမ္းပိန္းတစ္ခုအတြင္းမွာ က်ည္ကာမွန္ေတြရဲ႕ေနာက္ကေန ၎ရဲ႕ေထာက္ခံသူ ေတြကို ယခုလိုမိန႔္ခြန္းေျပာၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ေဒၚနယ္ထရမ့္ဟာ ၿပီးခဲ့တဲ့လက ပင္ဆယ္ေဗးနီးယားျပည္နယ္မွာက်င္းပခဲ့တဲ့ ကမ္းပိန္းတစ္ခုအတြင္းမွာ ေသနတ္ နဲ႔ပစ္ခတ္ခံရၿပီးေနာက္ပိုင္း Asheboro ၿမိဳ႕မွာ က်င္းပတဲ့ကမ္းပိန္းဟာ ၎ရဲ႕ပထမဆုံးအႀကိမ္ လူျမင္ကြင္းမွာ ျပန္လည္ထြက္ေပၚလာတဲ့ ကမ္းပိန္းတစ္ခုလည္းျဖစ္ပါတယ္။ ဒါ့ျပင္ လာမည့္ႏိုဝင္ဘာလမွာ က်င္းပမယ့္ သမၼတ ေ႐ြးေကာက္ပြဲကို ကာလမာဟားရစ္က အႏိုင္ရရွိခဲ့မယ္ဆိုရင္ တတိယကမာၻစစ္ျဖစ္ပြားလာလိမ့္မယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။

ေဒၚနယ္ထရမ့္ က “ကာမာလာဟားရစ္က ၎ထိလိုက္သမွ်အရာတိုင္းက ဖ်က္ဆီးပစ္ပါလိမ့္မယ္။ ၎ဟာ ဆန္ဖရန္စၥကိုၿမိဳ႕မွာ ခ႐ိုင္ေရွ႕ေနျဖစ္ခဲ့ဖူးပါတယ္။ ၿပီးေတာ့ ၎ဟာ ကယ္လီဖိုးနီးယားျပည္နယ္ရဲ႕ ေရွ႕ေနခ်ဳပ္ ျဖစ္လာခဲ့ပါတယ္။ သူရွိေနခဲ့တဲ့ေနရာတိုင္းက ငရဲလိုပါပဲ။ ဒီတစ္ႀကိမ္မွာေတာ့ ကာမာလာဟားရစ္ဟာ အေမရိကန္ အေပၚ အလားတူပုံစံမ်ိဳးျဖစ္ေအာင္ ထပ္လုပ္ပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ေဒၚနယ္ထရမ့္က ၎သာ သမၼတျဖစ္လာခဲ့မယ္ဆိုရင္ အေမရိကန္ႏိုင္ငံသားတိုင္းနဲ႔ ကမာၻႀကီးတစ္ခုလုံး က ေဘးကင္းလိမ့္မယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ က “နယ္စပ္ေတြကို ဖြင့္ေပးလိုက္႐ုံနဲ႔ ဆႏၵမဲ ေတြရရွိမယ္လို႔ ထင္ေနတာက ဘာေၾကာင့္ဆိုတာ ကြၽန္ေတာ္ မသိပါဘူး။ ကာမာလာဟားရစ္က နယ္စပ္ေတြကို ဖြင့္ပစ္ခ်င္ေနတယ္ဆိုတာ အားလုံးသိၾကမွာပါ။ ကာမာလာဟားရစ္သာ သမၼတျဖစ္လာခဲ့မယ္ဆိုရင္ ေလးႏွစ္ အတြင္းမွာပဲ ႏိုင္ငံအတြင္းကို အၾကမ္းဖက္သမားေတြ အပါအဝင္ လူမ်ိဳးစုံဝင္ေရာက္လာပါလိမ့္မယ္” လို႔ ေျပာခဲ့ပါ တယ္။

Related news

© 2021. All rights reserved.